× Close

Potatoes USA Disclaimer

Please Note: You have clicked on a link to a website maintained by a third party and are about to leave the Potatoes USA website. The external link should not be considered an endorsement by Potatoes USA of the third party website or the company or organization that owns it, and Potatoes USA is not responsible for the accuracy or nature of the content of the linked website.

Click ‘OK’ to continue, or ‘Cancel’ to return to usapotatotransfer.domain

OK Cancel

အရည်အသွေး၊ တသမတ်တည်းရရှိနိုင်မှု နှင့် ၀န်ဆောင်မှု

အခွင့်အလမ်းများတိုးလာမှု

အမေရိကန်ပြည်ထောင်စုမှနှုတ်ခွန်းဆက်စကား

အများနှင့်မတူသောနေရာမှ အများနှင့်မတူသောအာလူး

အာလူးတွေကဘာကြောင့်တမူထူးခြားနေတာလဲ။ ၄င်းတို့၏ကောင်းမွန်သောအရည်အသွေး၊ အစမှအဆုံးထိ တစ်သမတ်တည်းရရှိနိုင်မှုနှင့် လုပ်ငန်းဦးဆောင်နိုင်မှုများကြောင့်ပဲဖြစ်ပါသည်။

မျိုးဥစိုက်ပျိုး၊ ရိတ်သိမ်းချိန်မှ ထုတ်လုပ်မှုထိ အကောင်းဆုံးအရည်အသွေးစံနှုန်းများမှီစေရန် လုပ်ဆောင်ထားသောကြောင့် U.S. အာလူးသည် သင့်အတွက် အကောင်းဆုံးထုတ်ကုန်ဖြစ်ကြောင်း အာမခံပါနိုင်ပါသည်။ U.S. အာလူးများတွင် တမူထူးခြားသောအရည်အသွေးရှိနေရခြင်းမှာ USDA ၏တင်းကျပ်သော မျိုးဥအရည်အသွေးစံနှုန်းစနစ်၏ ခွင့်ပြုချက်ရရှိပြီး ဖြစ်သော အကောင်းဆုံးမျိုးဥများမှ စိုက်ပျိုးရရှိသောကြောင့်ဖြစ်ပါသည်။ သကြားဓာတ်နည်းကာ အသားပြည့်သောအာလူးများ ဖြစ်စေရန် တင်းကျပ်သောစံနှုန်းများကိုဖြတ်ကျော်ရခြင်းမှာ ထုတ်လုပ်မှု အဆင့်ဆင့်တွင် အကောင်းမွန်ဆုံး ပုံ ၊ အာလူးသားနှင့် အရသာရရှိစေရန်အတွက်ဖြစ်ပါသည်။ USDA FDA တို့၏ စံနှုန်းသတ်မှတ်ချက်များသာမက အမေရိကန်အစိုးရမှ အစားအသောက်‌ဘေးကင်းမှုနှင့် အရည်အသွေးထိန်းချုပ်မှု တင်းကျပ်သောကြောင့် U.S. အာလူး အလုံးစီတိုင်းသည် အရည်အသွေးပြည့်၀နေရခြင်းဖြစ်ပါသည်။

အရည်အသွေး

ရေဓာတ်ထုတ်ထားသောအာလူးများအပါအ၀င် ကျွန်ုပ်တို့၏ ထုတ်ကုန်များအားလုံးသည် ၁၀၀% U.S. အာလူးများမှ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ လတ်ဆတ်သောအခြေအနေမှ အစပြုခြင်းသည် သင့်မီးဖိုချောင်အတွက် ပိုမိုအကျိုးအမြတ်ရှိစေရုံသာမက ‌ရောင်းအားလည်း ပိုမြင့်လာစေနိုင်ပါသည်။ အာလူးများသည် အရည်အသွေးကောင်းမွန်သည့်အပြင် စားသုံးသူများနှစ်သက်သော အမြင်ပုံစံ၊ အာလူးသားနှင့် အရသာတို့ရှိခြင်းကြောင့် ၀ယ်လိုအားပိုမိုတက်လာစေပါသည်။ အာလူးများသည် အလျားရှည်သော အာလူးချောင်းကြော်များကို ထုတ်လုပ်နိုင်သောကြောင့် ရောင်းချရန် ပွဲအရေအတွက် ပိုမိုထွက်စေသည့်အပြင် အမြတ်လည်းပိုရစေပါသည်။

တသမတ်တည်းဖြစ်မှု အထူးပြုလုပ်ထားသော စိုက်ပျိုးရေးနည်းလမ်းများနှင့် စိုက်ပျိုးရန်အခြေအနေများကြောင့် အာမခံချက်ရှိသည့် ထုတ်ကုန်များရရှိမည်မှာ မလွဲမသွေဖြစ်သည်။ ပူနွေးရှည်လျားသောနေ့အချိန်နှင့် အေးမြသောည ရာသီဥတုကြောင့် စိုက်ပျိုးထုတ်လုပ်မှုအမြင့်ဆုံးလုပ်ဆောင်နိုင်သည်သာမက အေးမြသောရာသီဥတုကြောင့် အပင်ဖျက်ပိုးများ၊ ပိုးမွှားများရန်မှကာကွယ်ပြီးဖြစ်နေသည်။ နောက်ဆုံးပေါ်နည်းပညာဖြင့် ရာသီဥတုနှင့် စိုက်ခင်းအခြေအနေများကို စောင့်ကြည့်နိုင်သောကြောင့် ရေပေးသွင်းမှုနှင့် မြေသြဇာဖြန်းခြင်းတို့ကို လိုအပ်သလိုညှိယူနိုင်သည်။ အမေရိကန်နိုင်ငံ၏ မြေအနေအထားကြောင့် အာလူးစိုက်ပျိုးရာသီ တစ်ခုမကရှိပြီး နောက်ဆုံးပေါ်နည်းပညာြဖင့် သိုလှောင်ရုံများ ရှိသောကြောင့် အာလူးအား တစ်နှစ်ပတ်လုံးရရှိနိုင်ခြင်းဖြစ်သည်။

အာလူးများအသုံးပြုခြင်းကြောင့် မည့်သည့်အခြေအနေတွင်မဆို တသမတ်တည်းရရှိနိုင်သော အာမခံချက်ရှိမည်။ နောက်ဆုံးပေါ်နည်းပညာသာမက တင်းကျပ်စေ့စပ်လွန်းသော စည်းမျဥ်းများက စိုက်ခင်းမှသည် နောက်ဆုံးထုတ်ကုန် ထုတ်လုပ်သည်အထိရှိနေသည်။ အေးခဲအာလူးချောင်းများနှင့် အာလူးမှုန့်တီထွင်သူများဖြစ်သည့်အလျောက် အမေရိကန်သည် တသမတ်တည်းဖြစ်သော အာလူးထုတ်ကုန် ထုတ်သည့်နေရာမှာတွင်လည်း အစဦးတီထွင်သူများဖြစ်ကြသည်။ အမေရိကန်သည် အာလူးနှင့် အာလူးထုတ်ကုန်များနှင့် ပတ်သက်၍ USDA အဆင့်သတ်မှတ်ချက်နှင့် တိကျသောစည်းကမ်းချက်များရှိ သော တစ်ခုတည်းသောနိုင်ငံလည်းဖြစ်သည်။

သင်မှာယူလိုက်သောအခေါက်တိုင်း တူညီသောအရသာရှိသည့် အာလူးထုတ်ကုန်များရရှိမည်ဟုအမြဲ မျှော်လင့်နိုင်သည်။ အာလူးများကို စစ်ဆေးပြီးခွဲပြီးသောအခါ အရည်အသွေးတသမတ်တည်းဖြစ်စေရန် USDA ၏ စည်းမျဥ်းအတိုင်း အာလူးအလုံးအရွယ်အစားနှင့်အဆင့်အလိုက် ပြန်လည်ခွဲခြားသည်။ အာလူးများ၏ သန့်ရှင်းပြီး စားချင်စဖွယ်အရသာရှိသော ထုတ်ကုန်များသည် မည်သည့်ဟင်းလျာအမျိုးအစား၊ မီနူးအမျိုးအစား (သို့) မည်သည့်အချိန်တွင်စားသည်ဖြစ်စေ သင့်တော်သော ထုတ်ကုန်များဖြစ်သည်။ အေးခဲအာလူးများသည် စားဖိုဆောင်များအတွက် အလုပ်ရှုပ်သက်သာစေပြီး အလုပ်သမားခသက်သာစေခြင်းနှင့် ကြာရှည်အရည်အသွေးထိန်းထားနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိစေသည်။

၀န်ဆောင်မှုများ

အစားအသောက်ချက်ပြုတ်မှုသင်တန်းများ၊ ထုတ်ကုန်သင်တန်းများမှ အမေရိကန်စာဖိုမှူးများ၏ အကောင်းဆုံး အလေ့အထများကိုသင်ယူနိုင်သည်။ ထို့ပြင် Reverse Trade Missions များမှတဆင့် သင့်ကဲ့သို့ အာလူး၀ယ်ယူသူများသည် အမေရိကန်ရှိ စိုက်ခင်းများနှင့် စက်ရုံများကို မျက်မြင်လာရောက် လေ့လာနိုင် သည်။

လက်တွေ့သင်ပြခြင်းသင်တန်းများ၏ ချက်ပြုတ်ပြသမှု၊ ထူးခြားသောစိတ်ကူးများ၊ အသုံးအဆောင်များနှင့် ချက်ပြုတ်နည်းများမှတဆင့် သင့်စားသုံးသူအား ထူးခြားဆန်းသစ်သော ဟင်းပွဲများကိုအမြဲ၀န်ဆောင်မှုပေး နိုင်မည်ဖြစ်သည်။

သင့်လုပ်ငန်းတိုးပွားရန်အတွက် လေးနက်သောရှာဖွေမှုများနှင့် အခြားရင်းမြစ်များကို ရယူလိုပါက သင့်နိုင်ငံအတွင်းရှိ Potatoes USA ကိုယ်စားလှယ်အားဆက်သွယ်နိုင်ပါသည်။

my_MMMyanmar