× Close

Potatoes USA Disclaimer

Please Note: You have clicked on a link to a website maintained by a third party and are about to leave the Potatoes USA website. The external link should not be considered an endorsement by Potatoes USA of the third party website or the company or organization that owns it, and Potatoes USA is not responsible for the accuracy or nature of the content of the linked website.

Click ‘OK’ to continue, or ‘Cancel’ to return to usapotatotransfer.domain

OK Cancel

လတ်ဆတ်သောအာလူးများ (ဟင်းချက်အာလူး)

အာလူးထုတ်ကုန် - လတ်ဆတ်သောအာလူးများ (ဟင်းချက်အာလူးလုံး)

လတ်ဆတ်သောအာလူးများ

နိုင်ငံများအကြားတွင် အမေရိကန်ပြည်ထောင်စုသည် အာလူးအဓိကထုတ်လုပ်သောနိုင်ငံများမှ တစ်ခုဖြစ်နေရခြင်းအကြောင်းအရင်းရှိသည်။ တကယ်တမ်းပြောရမည်ဆိုလျှင် အကြောင်းအရင်းပေါင်းများစွာရှိသည် - အာလူးစိုက်ရန်သင့်တော်သော မြေဆီလွှာ၊ ရာသီဥတု၊ လုံလောက်သော‌ရေရရှိနိုင်မှု၊ လုပ်ငန်းအခြေပြုခေတ်ရှေ့ပြေးသော သုတေသနနှင့် နည်းပညာများ အပြင် စိုက်ပျိုးရေးအစဥ်အလာများကို ထိန်းသိမ်းထားခြင်းက အာလူးစိုက်ပျိုးသူများကို လူသိများစေခဲ့သည့် အကြောင်းအရင်းများပင်ဖြစ်သည်။

အမေရိကန်မြေပေါ်တွင် မျိုးဆက်အလိုက်ဦးဆောင်စိုက်ပျိုးလာကြသော အာလူးများသည် သာမာန်အာလူးများမဟုတ်ကြပေ။ ထူးခြားသောအရည်အသွေး၊ တသမတ်တည်းဖြစ်ခြင်းနှင့် ဦးဆောင်နိုင်မှုများသည် U.S. အာလူးများအား အခြားအာလူးများနှင့်ကွဲထွက်နေစေသော အကြောင်းအရင်းများပင်ဖြစ်သည်။

အရည်အသွေး

တိကျစွာနှင့် ဂုဏ်ယူစွာစိုက်ပျိုးထားသော U.S. လတ်ဆတ်သောအာလူးများသည် U.S. ၏တင်းကျပ်သော မျိုးဥစံညွှန်းစနစ်ကိုဖြတ်ကျော်လာသော စံချိန်မှီအာလူးများမှစတင်သည်။ ထို့နောက်မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာသောအသိပညာများ၊ ပြည့်၀သောမြေဆီလွှာ၊ ပူသောနေ့၊ အေးသောညတို့က စိုက်ထားသောအာလူးများကို ကောင်းစွာသီးစေရန် အထောက်အကူဖြစ်စေသည်။

အာလူးစိုက်ပျိုးခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် မိသားစုလုပ်ငန်းဖြစ်သောကြောင့် လက်တွေ့စိုက်ပျိုးခြင်း အတွေ့အကြုံများက ထိပ်တန်းထုတ်ကုန်ကိုရရှိစေခြင်းဖြစ်သည်။ ၁၉၀၀ ခုနှစ်ပိုင်း လုပ်ရိုးလုပ်စဥ်များကိုပြန်လည် မြင်ယောင်ကြည့်ပါက အမေရိကန်အာလူးစိုက်ပျိုးသူများသည် ၄င်းတို့၏ သီးနှံစိုက်ပျိုးခြင်းအလေ့များကို လွန်စွာဂုဏ်ယူခဲ့ကြသည်ကိုတွေ့ရသည်။

တသမတ်တည်းဖြစ်မှု

စိုက်ပျိုးမှုတွက် လိုအပ်သောမြေဆီလွှာ၊ ရေအခြေအနေနှင့် ရာသီဥတုအပြောင်းအလဲများကို စောင့်ကြည့်ရန်နှင့် လိုအပ်ချက်များကိုဖြည့်ဆည်းရန် အချက်အလက်များ၊ တိကျသောဆုံးဖြတ်ချက်များ အပြင် စိုက်ပျိုးသူများ၏ အတွေ့အကြုံနှင့် နည်းပညာများပေါင်းစပ်လိုက်သောအခါ အလတ်ဆတ်ဆုံးသော အာလူးသီများရရှိသည်။ ခူးပြီးသော အာလူးများသည် United States Department of Agriculture (USDA) ၏စည်းကမ်းချက်များအရ အဆင့်ခွဲခြင်းခံရသည်။ အာလူးများသည် အရည်အသွေးနှင့် တသမတ်တည်းဖြစ်အောင် အဆင့်ခွဲခြား စစ်‌ဆေးခံရသောကြောင့် သင်မှာလိုက်တိုင်း အမြဲတူညီသော အရည်အသွေးရှိသည့် အာလူးများရရှိမည်ဖြစ်သည်။

ရွေးချယ်ရန်အမျိုးအစားများ

U.S အာလူးစိုက်ပျိုးသူများသည် ၁၀၀ကျော်သော အမျိုးအစားရှိသည့် အာလူးများကို စိုက်ပျိုးကြသည်။ ထိုအာလူးအမျိုးအစားများကို ယေဘုယျအားဖြင့် (၇)မျိုးခွဲထားသည် - အာလူး၊ အာလူးနီ၊ အာလူးဖြူ၊ အာလူး၀ါ၊ ခရမ်း-အပြာအာလူး၊ လက်ချောင်းသဏ္ဌာန်အာလူး နှင့် အာလူးပုတို့ဖြစ်သည်။ အရွယ်အစား၊ အာလူးသား၊ အရောင်နှင့် အရသာ အဆင့်ခွဲသတ်မှတ်ထားခြင်းကြောင့် ‌ရွေးချယ်ရန်အမျိုးအစားများစွာရှိပြီး ပြောင်းလွယ်သော ထုတ်ပိုးမှုပြုလုပ်၍ရသည်။ လူသုံးများသော U.S. အာလူးများကိုရွေးချယ်၀ယ်ယူပါက U.S. အာလူးများသည် သင့်အတွက် အကျိုးမြတ်များစွာရရှိနိုင်စေရန် ကြိုးစားပေးမည့် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည်။ အောက်ပါအချက်များသည် သင်ရွေးချယ်၀ယ်ယူနိုင်သော အာလူးအမျိုးအစားများဖြစ်ပြီး ၄င်းတို့၏ထုတ်ကုန်အကျဥ်းချုပ်ဖြစ်သည်။

အာလူး (မျက်လုံးပါသောအာလူးညို)

ထုတ်ကုန်အညွှန်း

အရွယ်အစားအားဖြင့် အလယ်အလတ်မှ အကြီးဆုံးအရွယ်ထိရှိသော Russets အာလူးသည် အနည်းငယ်ပြားကာဘဲဥပုံစံရှိသည်။ အညိုရောင် (သို့) အညိုဖျော့ရောင်၊ ပိုက်ကွန်ကဲ့သို့အခွံနှင့် အတွင်းအာလူးသားသည် အဖြူရောင်မှ အဝါဖျော့ရောင်ထိရှိသည်။ အာလူးအတွင်းသားသည် ထူသည်၊ ခြောက်သည်၊ အရသာခပ်ပေါ့ပေါ့ရှိပြီးမွရွသည်။ အာလူးအခွံသည် ချက်ပြုတ်လိုက်သောအခါ အရသာနှင့်ပြည့်စုံသည်။ မြေသင်းနံ့ပျော့ပျော့ပါသောအရသာဟုမှန်းဆထားနိုင်ပြီး သကြားပါဝင်မှု အလယ်အလတ်အဆင့်ရှိသောအာလူးဖြစ်သည်။

အသုံးပြုသင့်သောနေရာများ

Russetအာလူးများသည်ချက်လိုက်သောအခါအပြင်ဖက်တွင်ကြွပ်ရွပြီးအတွင်းသားမွမွလေးဖြစ်နေစေသောမီးဖုတ်ခြင်းနှင့် ကြော်လှော်ခြင်းတို့အတွက်ရွေးချယ်နိုင်သည်။ အတွင်းသားခပ်ပွပွနှင့်ပေါ့သောအရသာကြောင့် အာလူးထောင်းပြုလုပ်ရန် အထူးသင့်တော်သည်။ မီးဖုတ်ခြင်းကြောင့်ရရှိလာသောအရသာနှင့် ခပ်ပွပွအတွင်းသားသည် မည်သည့် topping နှင့်မဆိုလိုက်ဖက်ပြီး ရိုးရိုးsour creamနှင့် ကြက်သွန်မြိတ်ဖြူးခြင်းမှအစ မြေထဲပင်လယ်နှင့်လက်တင်ဒေသဟင်းခတ်အမွှေးအကြိုင်များအထိအတူတွဲဖက်စားရန် သင့်တော်သည်။ ၄င်းအာလူးကို အရှည်လိုက် (သို့) အတုံးလိုက်လှီးကာ oven တွင် မီးကင်၍လည်းချက်ပြုတ် နိုင်သည်။

အာလူးနီ

ထုတ်ကုန်အညွှန်း

အာလူးနီများသည် အသေးမျိုး(သို့) ပုံမှန်အရွယ်အစားရှိပြီး လုံးဝိုင်းသော (သို့) အနည်းငယ် ရှည်မျောမျော သဏ္ဍာန်ရှိသည်။ ချောမွတ်ပါးလျသော အနီရောင်အခွံရှိ၍ အာလူးသားအဖြူဖြစ်သည်။ စေးကပ်စိုစွတ်ပြီး ချောမွတ်ကာ နူးညံ့သောအာလူးသားရှိပြီး အာလူးနီများသည် မသိမသာချို၍ သကြားပါဝင်မှု အလယ်အလတ်အဆင့်ရှိသည်။

အသုံးပြုသင့်သောနေရာများ

၄င်းတို့၏ စေးကပ်သော အာလူးသားကြောင့် အာလူးနီများသည် ကင်သည်ဖြစ်စေ၊ စတူးတွင်ထည့်ချက်သည်ဖြစ်စေ ချက်ပြုတ်ချိန်တစ်လျှောက်လုံးတွင် သိပ်သည်းကျစ်လစ်မှုရှိသည်။ ပါးလွှာသော်လည်း တောက်ပသော အနီရောင်အာလူးခွံကြောင့် တွဲဖက်ဟင်းပွဲတွင်သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်သုပ်များပြုလုပ်ရာတွင်သော်လည်းကောင်း အရောင်နှင့် အာလူးအရသာသည် ပိုမိုဆွဲဆောင်နိုင်သည်။ အာလူးနီများကို နူးညံ့၍စေးကပ်သော အာလူးသုပ်ပြုလုပ်ရာတွင်လည်းကောင်း၊ ပီဇာ၊ ဟင်းရည်နှင့် စတူးများချက်ပြုတ်ရာတွင်လည်းကောင်း အသုံးပြုလေ့ရှိသည်။ အာလူးထောင်း (သို့) အာလူးကင်အနေနှင့်စားသုံးလျှင်လည်း အရသာရှိသည်။

အာလူးဖြူ

ထုတ်ကုန်အညွှန်း

အာလူးဖြူများသည် အသေးမျိုး(သို့) ပုံမှန်အရွယ်အစားရှိပြီး လုံးဝိုင်းသော (သို့) ရှည်လျားသောသဏ္ဍာန်ရှိ၍ အဖြူရောင် (သို့) နေလောင်ခံအညိုရောင်အခွံရှိသည်။ အာလူးသားအဖြူဖြစ်သည်။ ကစီဓာတ်ပါဝင်မှုအသင့်အတင့်ရှိပြီး အနည်းငယ် နူးညံ့၍ သိပ်သည်းသော အာလူးသားနှင့် ပါးလွှာပြီးနူးညံ့သော အခွံရှိသည်။ အာလူးဖြူများသည် မသိမသာချိုပြီး အရသာပေါ့ကာ သကြားပါဝင်မှုနည်းသည်။

အသုံးပြုသင့်သောနေရာများ

အာလူးဖြူများသည် ချက်ပြုတ်ပြီးနောက်တွင်လည်း ၄င်းတို့၏ပုံသဏ္ဍာန်ကို ကောင်းမွန်စွာ ဆက်လက်ထိန်းထားနိုင်သည်။ ၄င်းတို့၏ သေးငယ်ပါးလွှာသော အာလူးခွံသည် ကတ္တီပါကဲ့သို့ နူးညံ့သော အာလူးထောင်းနှင့်လိုက်ဖက်သောကြောင့် အခွံမခွာဘဲ ချက်ပြုတ်နိုင်သည်။ အာလူးဖြူအား ကင်စားခြင်းဖြင့် ၄င်း၏အရသာကို ပိုမိုပေါ်လွင်စေသည်။ အာလူးဖြူများအား ကြော်စား၍လည်းကောင်းသည်။ တမူထူးခြားသောအာလူးသုပ်ဖန်တီးရန်အတွက် ကျက်ပြီးသားအာလူးဖြူကို အခြားအသုပ်များတွင် အသုံးပြုသော ပါဝင်ပစ္စည်းများနှင့် dressing များ ဖြစ်သော Caesar dressing နှင့် ခြစ်ထားသော Parmesan ချိစ် (သို့) Ranch dressing၊ လှီးထားသော ကြက်ဥပြုတ်နှင့် ခြေထားသောဝက်ပေါင်ခြောက်များကိုထည့်၍ပြုလုပ်နိုင်ပါသည်။

အာလူး၀ါ

ထုတ်ကုန်အညွှန်း

အာလူးဝါများသည် ဂေါ်လီလုံးအရွယ်အစားမှ ကြီးသောအရွယ်အစားထိရှိပြီးအလုံး (သို့) လေးထောင့်စပ် သဏ္ဍာန်ရှိသည်။ အခွံသည် အညိုဖျော့မှ ရွှေရောင်ထိရှိပြီးအနည်းငယ်စေးကပ်ကာအစိုဓာတ်ပြည့်ဝသော အတွင်းသားသည် အဝါရောင်မှရွှေရောင်ထိရှိသည်။ အာလူးဝါများသည် အနည်းငယ်ချိုကာထောပတ်အရသာ ပြည့်ဝပြီး သကြားပါဝင်မှုအလယ်အလတ်အဆင့်ရှိသည်။

အသုံးပြုသင့်သောနေရာများ

အာလူးဝါများသည် ၄င်းတို့၏ထူးခြားသောထောပတ်အရသာနှင့် နူးညံ့သောအာလူးသားကြောင့် စားသုံးသူများနှင့် စားဖိုမှူးများကြားတွင် သိသိသာသာရေပန်းစားလာခဲ့သည်။ မီးသွေးဖြင့်မီးကင်ခြင်းသည် ကြွပ်ရွသောအခွံနှင့် ၄င်းတို့၏ထူးခြားသောထောပတ်အရသာနှင့် နူးညံ့သောအာလူးသားကို ပိုမိုကောင်းမွန်စေကာ အနည်းငယ်ချိုသော မီးသင်းသကြားအုပ်ထားသည့်အရသာကိုဖြစ်စေသည်။ နူးညံ့သောအာလူးသားနှင့် ရွှေရောင်အာလူးဝါကို သုံးခြင်းကြောင့် ပိုမိုအရသာပေါ့ပြီး အာဟာရရှိသောဟင်းလျာများချက်ပြုတ်ရာတွင် ထောပတ်ကို အနည်းငယ်သာ (သို့) လုံးဝသုံးစရာမလိုတော့ပေ။ သဘာဝအားဖြင့်ချော့မွေ့သောအာလူးသားသည် အာလူးဖုတ်၊ အာလူးကင် (သို့) အာလူးထောင်းများကို အရသာပေါ့ပေါ့ဖန်တီးရာတွင်အထူးကောင်းမွန်သည်။ ချက်ပြုတ်ကြော်လှော်ခြင်းမပြုမီ အာလူးဝါများကို မီးအေးအေးတွင်နှပ်ပါ။ ထို့နောက် အရည်များကိုသွန်ကာ အအေးခံပြီး အပြားများဖြစ်အောင် အာလူးကို ခပ်ဖွဖွထောင်းပါ။ ပြီးနောက် ဆီ (သို့) သန့်စင်ထားသော ထောပတ်ခဲတွင် အညိုရောင်သမ်းသည်အထိ ကြော်ပြီး ဒိန်ချဉ်နှင့် ဟင်းခတ်အမွှေးအကြိုင် (သို့) အခြားကြက်သွန်မြိတ်၊ နံနံပင် စသည်တို့ကို ဖြူးပြီး စားမြိန်စရာ (သို့) တွဲဖက်ဟင်းပွဲအဖြစ် တည်ခင်းနိုင်သည်။

ခရမ်းရောင်/ အပြာရောင် အာလူး

ထုတ်ကုန်အညွှန်း

ခရမ်းရောင်-အပြာရောင်အာလူးများသည် သေးငယ်သောအရွယ်အစားမှ အလယ်အလတ်ထိရှိပြီး ရှည်မျောမျောသဏ္ဍာန်မှ လက်ချောင်းသဏ္ဍာန်ထိရှိသည်။ ခရမ်းရင့်ရောင်၊ အပြာရောင် (သို့) အနည်းငယ်နီသောအရောင်ရှိသည့်အာလူးခွံရှိပြီး အပြာရောင်၊ လာဗင်ဒါခရမ်းရောင်၊ ပန်းရောင် (သို့)အဖြူရောင်အာလူးသားရှိသည်။ ခရမ်းရောင်-အပြာရောင်အာလူးတွင် စိုစွတ်ပြီး ကျစ်လစ်သော အာလူးသားရှိပြီး မြေနံ့သင်းကာ စိမ့်သောအရသာရှိသည်။ခရမ်းရောင်-အပြာရောင်အာလူးများတွင် သကြားပါဝင်မှုနည်းသည်။

အသုံးပြုသင့်သောနေရာများ

ခရမ်းရောင်/အပြာရောင်အာလူးများသည် အများအားဖြင့် စိုစွတ်ကာ ကျစ်လစ်သောအာလူးသား ရှိပြီး ချက်ပြုတ်ရာတွင် ပုံစံမပျက်ဘဲ အသုပ်သုပ်သည့်အခါများတွင် ၄င်း၏တောက်ပသောအရောင်နှင့် ကောင်းမွန်သောအရသာကို ပိုမိုပေါ်လွင်စေသည်။ Microwave ဖြင့် ချက်ပြုတ်ခြင်းသည် အာလူး၏ခရမ်းရောင်အား အကောင်းဆုံးထိန်းထားနိုင်သော်လည်း ပေါင်းခြင်းနှင့် မီးဖုတ်ခြင်းတို့သည် ခရမ်းရောင်-အပြာရောင်အာလူးများချက်ပြုတ်ရန်အတွက် အထူးသင့်တော်သော နည်းလမ်းများ ဖြစ်သည်။ ၄င်းတို့၏ မပြင်းသော်လည်း ထူးခြားစွာစိမ့်သောအရသာကြောင့် အစိမ်းရောင်အရွက်သုပ်များနှင့် လိုက်ဖက်သည်။ ခရမ်းရောင်-အပြာရောင်အာလူးများကို အာလူးနီနှင့် အာလူးဖြူများနှင့်ရောကာ အသုပ်များ (သို့) အကင်ပေါင်းစုံပြုလုပ်ခြင်းဖြင့် အာလူးအရောင်သုံးရောင်လုံးကို ပေါ်လွင်ထင်ရှားစေသည်။

လက်ချောင်းသဏ္ဌာန်အာလူး

ထုတ်ကုန်အညွှန်း

လက်ချောင်းသဏ္ဌာန်အာလူးများသည် လက်ချောင်းသဏ္ဍာန်အာလူးများသည် ( ၂ - ၄ ) လက်မခန့်ရှည်လျားပြီး ၄င်းတို့နာမည်နှင့်လိုက်အောင် လက်ချောင်းသဏ္ဍာန် ( သို့ ) ရှည်မျောမျောသဏ္ဍာန်ရှိသည်။ အခွံအရောင်မှာ အနီ ၊လိမ္မော်၊ ခရမ်း နှင့် အဖြူရောင်ရှိပြီး အာလူးသားမှာ အနီ၊ လိမ္မော်၊ ခရမ်း၊ အဝါ ( သို့ ) အဖြူရောင်ရှိသည်။ တစ်ခါတစ်ရံတွင် အရောင်အရေးကြောင်းများ အစင်းစင်းဖြစ်လေ့ရှိသည်။ စေးကပ်ပြီးကျစ်လစ်သော အာလူးသားရှိသည်။အရသာမှာ ထောပတ်ကဲ့သို့ဆိမ့်ပြီး မြေနံ့သင်းသည်။ သကြားပါဝင်မှု အလယ်အလတ်အဆင့်တွင်ရှိသည်။

အသုံးပြုသင့်သောနေရာများ

လက်ချောင်းသဏ္ဍာန်အာလူးများ၏ အရောင်နှင့်ပုံသဏ္ဍာန်သည် မည်သည့်ဟင်းပွဲမျိုးတွင်မဆို အမြင်လှရန်အတွက် အသုံးပြုရန်သင့်တော်သည်။ ဒယ်ပြားတွင် ကြော်ခြင်းနှင့် မီးကင်ခြင်းသည် ၄င်းတို့၏ ချိုစိမ့်စိမ့်အရသာကို အထူးပေါ်လွင်စေသည်။ တမူထူးခြားသော အာလူးသုပ်ပြုလုပ်ရန်အတွက် လက်ချောင်းသဏ္ဍာန်အာလူးများကို ပြောင်းလဲအသုံးပြုနိုင်သည်။ ၄င်းအာလူးကိုအလျားလိုက် အလယ်မှလှီးဖြတ်၍ ထို့နောက် oven ဖြင့်ကင်ကာ အဆာပြေ (သို့ ) အရံဟင်းအဖြစ် ခရမ်းချဉ်သီးဆော့စ်၊ romesco၊ မယိုးနိစ်တို့ဖြင့် တွဲဖက်ကာ အာလူးချောင်းကြော်နေရာတွင် အစားထိုး စားသုံးနိုင်ပါသည်။

အာလူးပု

ထုတ်ကုန်အညွှန်း

အာလူးပုများသည် သေးငယ်ပြီး USDA မှသတ်မှတ်ထားသော အဆင့်များအရ “C-size” နှင့် သေးငယ်သောအရွယ်အစားရှိပြီး တစ်ခါတစ်ရံတွင် ပုလဲလုံး (သို့) ဂေါ်လီလုံးဟု ရည်ညွှန်းကြသည်။ ၄င်းတို့သည် အရွယ်အစားကြီးမားသော အာလူးအမျိုးအစားများနှင့် အခွံ/အတွင်းသား အရောင်၊ အရွယ်အစား၊ အာလူးသားနှင့် သကြားပါဝင်မှုနှုန်းတူညီသည်။ အာလူးအတွင်းသား အရသာသည် ကြီးမားသောအာလူးများနှင့်ဆင်တူသော်လည်း အာလူးပုများ၏ အရသာသည် ပို၍ပြင်းသည်။

အသုံးပြုသင့်သောနေရာများ

အရောင် အမျိုးမျိုးရှိသောအာလူးများကို ရော၍ကြော်ချက်ကာ အရောင်အသွေးစုံလင်သောဟင်းပွဲ ဖန်တီးနိုင်သည်။ ပြင်းသောအရသာနှင့်အကျက်မြန်ခြင်းတို့ကြောင့် အာလူးပုများသည် အသုပ်များအတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ သံလွင်ဆီ၊ rosemary အရွက်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် အရောင်စုံ၊ အရသာရှိသော ရိုးရှင်းသည့် အာလူးမီးကင် ပြုလုပ်နိုင်သည်။ ၄င်းတို့အားလှီးရန် ( သို့ ) အခွံခွာရန်မလိုဘဲ အသုံးပြုနိုင်သောကြောင့် ပြင်ဆင်ချိန်ကို လျော့နည်းစေသည်။

my_MMMyanmar