× Close

Potatoes USA Disclaimer

Please Note: You have clicked on a link to a website maintained by a third party and are about to leave the Potatoes USA website. The external link should not be considered an endorsement by Potatoes USA of the third party website or the company or organization that owns it, and Potatoes USA is not responsible for the accuracy or nature of the content of the linked website.

Click ‘OK’ to continue, or ‘Cancel’ to return to usapotatotransfer.domain

OK Cancel

အမျိုးအစားစုံလင်မှု

U.S. အာလူးပုံစံအမျိုးမျိုး

U.S. အာလူးသည် ပုံစံမျိုးစုံရရှိနိုင်ခြင်းကြောင့် ဘက်စုံအသုံးပြုနိုင်သည့် ဟင်းသီးဟင်းရွက်တစ်ခုအဖြစ်နာမည်ရ နေပြီး အမျိုးမျိုးသောလိုအပ်ချက်များအတွက် ကောင်းမွန်သောအဖြေတစ်ခုဖြစ်နေခြင်းဖြစ်သည်။

လတ်ဆတ်သောအာလူးများ (ဟင်းချက်အာလူး)

အမေရိကန်ရှိ ရာသီဥတုသည် အာလူးအမျိုးအစားများစွာကို အမေရိကန်ပြည်နယ် စိုက်ပျိုးရရှိစေရန်အကူအညီပေးသည်။ လူကြိုက်များသော Russet အာလူးမှသည် ထူးခြားသော ခရမ်းရောင်အာလူးများထိ အာလူးများသည် အမျိုးစုံလင်လှသည်။ သုသေတနအစီအစဥ်များကြောင့် ယခုထက်ပိုမိုစုံလင်သော အာလူးအမျိုးအစားများကို စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်သည်။

အာလူးမှုန့် (ရေဓာတ်ထုတ်ထားသောအာလူးများ)

အာလူးမှုန့်များသည် အာလူးလုံးများအတိုင်း စစ်မှန်သောအရသာ၊ စွယ်စုံသုံးနိုင်မှုနှင့် အာဟာရများ တူညီစွာပါရှိသည်။ စွပ်ပြုတ်နှင့် အသုတ်များမှသည် အဓိကဟင်းလျာများနှင့် အချိုပွဲများအထိ အစားအစာအားလုံးအတွက် ပြီးပြည့်စုံမှုအရှိဆုံး ပါဝင်ပစ္စည်းကိုရှာနေပါက U.S. အာလူးမှုန့်သည် အသင့်တော်ဆုံးပင်ဖြစ်သည်။ အာလူးမှုန့်များသည် စွယ်စုံသုံးနိုင်ခြင်း၊ လုပ်ငန်းစရိတ်သက်သာစေခြင်း၊ အသုံးများသော ဟင်းချက်အမယ်ဖြစ်ခြင်းတို့အပြင် သဘာ၀အတိုင်း gluten မပါ၀င်သော အားသာချက်များရှိသည်။ ယခုအာလူးလောက် အကျိုးထူးသောအာလူးမရှိတော့ပေ။

အေးခဲအာလူးများ

အေးခဲအာလူးများသည် တူညီစွာဖန်တီးထားခြင်းမဟုတ်ပေ။ စိုက်ပျိုးသူများသည် အာလူးများ အရည်အသွေးမြင့်လေ အမြတ်ပိုရလေဖြစ်ကြောင်းသိရှိကြသည်။ ထို့ကြောင့်၄င်းတို့သည် အာလူးထုတ်ကုန်ပြုလုပ်ခြင်းအဆင့်ဆင့်တွင် အာလူးသားပြည့်စေရန်နှင့်သကြားနည်းစေရန်၊ ချက်ပြုတ်ပြင်ဆင်ချိန်သက်သာရန်၊ လုပ်ငန်းအရင်းနည်းစေရန်တို့အပြင် U.S. အေးခဲအာလူးချောင်းများ၏ ထိပ်တန်းအဆင်း၊ အရသာနှင့် အာလူးသားကောင်းမွန်စေရန်တို့ကို အထူးအလေးထားထုတ်လုပ်သည်။ တစ်နှစ်ပတ်လုံးစိုက်ပျိုးရရှိနိုင်ခြင်းကြောင့် U.S. အေးခဲအာလူးများကိုလည်း စဥ်ဆက်မပြတ်ရရှိနိုင်မည့် အာမခံချက်လည်းရှိသည်။

အာလူးပြား

အာလူးပြားထုတ်လုပ်ခြင်းလုပ်ငန်းတွင် အမေရိကန်ပြည်ထောင်စုက ဦး‌ဆောင်နေနိုင်ခြင်းမှာ အရည်အသွေးမြင့်သော အာလူးများကြောင့်ပင်ဖြစ်သည်။ နိုင်ငံတစ်၀ှမ်းရှိ ကုပဏီများသည် ၄င်းတို့၏ လုပ်ငန်းအတွက် အရည်အသွေးမြင့် အာလူးပြားများကို အသုံးပြုနိုင်သည်။ အာလူးစိုက်ပျိုးရာဒေသများ မတူညီခြင်းကြေင့် အာလူးပြားများကို တစ်နှစ်ပတ်လုံးရရှိနိုင်ပြီး ၀ယ်သူများအတွက်လည်း အာလူးပြား အမျိုးအစားများ ‌ရွေးချယ်စရာအမျိုးမျိုးရှိခြင်းကြောင့် နှစ်သက်ရာကို ရွေးချယ်၀ယ်ယူနိုင်သည်။

အာလူးမျိုးဥ

အောင်မြင်သော အာလူးထုတ်လုပ်ရေးလုပ်ငန်းသည် အမေရိကန်ပြည်ထောင်စု၏ မျိုးဥ အသိအမှတ်ပြု အစီအစဉ်သည် တင်းကျပ်သော အရည်အသွေး စံချိန်စံညွှန်းများကိုဖြတ်ကျော်ထားသော အရည်အသွေးမြင့် အာလူးမျိုးဥများဖြင့် စတင်ရသည်သာဖြစ်သည်။ U.S. မျိုးဥအရည်အသွေး၏ အဓိကအချက်တစ်ခုမှာ ရောဂါကြီးထွားခြင်းကို တားဆီးရန်အတွက် မျိုးဥအသုတ်တစ်သုတ်ကို ထုတ်လုပ်ရေး လည်ပတ်မှု စက်ဝန်းတွင် ငါးနှစ်ထက်ပိုပြီး မထားရှိသော “အကန့်အသတ်ရှိ မျိုးဆက်စနစ်” ကြောင့်ဖြစ်သည်။

ရွေးချယ်ရန်များသော U.S. လတ်ဆတ်သောအာလူးများ (ဟင်းချက်အာလူးလုံး)

U.S. လတ်ဆတ်သောအာလူးများ (ဟင်းချက်အာလူးလုံး) များသည် ရွေးချယ်စရာများပြားလှသောကြောင့် မတူညီသော စားသုံးသူ၊ ရောင်းချသူနှင့် အစားအသောက်၀န်ဆောင်မှုပေးသူများမှ ကြိုက်ရာရွေးချယ်နိုင် သည်။

အာလူး (မျက်လုံးပါသောအာလူးညို)

အရွယ်အစားအားဖြင့် အလယ်အလတ်မှ အကြီးဆုံးအရွယ်ထိရှိသော Russets အာလူးသည် အနည်းငယ်ပြားကာဘဲဥပုံစံရှိသည်။ အညိုရောင် (သို့) အညိုဖျော့ရောင်၊ ပိုက်ကွန်ကဲ့သို့အခွံနှင့် အတွင်းအာလူးသားသည် အဖြူရောင်မှ အဝါဖျော့ရောင်ထိရှိသည်။ အာလူးအတွင်းသားသည် ထူသည်၊ ခြောက်သည်၊ အရသာခပ်ပေါ့ပေါ့ရှိပြီးမွရွသည်။ အာလူးအခွံသည် ချက်ပြုတ်လိုက်သောအခါ အရသာနှင့်ပြည့်စုံသည်။ မြေသင်းနံ့ပျော့ပျော့ပါသောအရသာဟုမှန်းဆထားနိုင်ပြီး သကြားပါဝင်မှု အလယ်အလတ်အဆင့်ရှိသောအာလူးဖြစ်သည်။

အာလူးနီ

အာလူးနီများသည် အသေးမျိုး(သို့) ပုံမှန်အရွယ်အစားရှိပြီး လုံးဝိုင်းသော (သို့) အနည်းငယ် ရှည်မျောမျော သဏ္ဍာန်ရှိသည်။ ချောမွတ်ပါးလျသော အနီရောင်အခွံရှိ၍ အာလူးသားအဖြူဖြစ်သည်။ စေးကပ်စိုစွတ်ပြီး ချောမွတ်ကာ နူးညံ့သောအာလူးသားရှိပြီး အာလူးနီများသည် မသိမသာချို၍ သကြားပါဝင်မှု အလယ်အလတ်အဆင့်ရှိသည်။

အာလူး၀ါ

အာလူးဝါများသည် ဂေါ်လီလုံးအရွယ်အစားမှ ကြီးသောအရွယ်အစားထိရှိပြီးအလုံး (သို့) လေးထောင့်စပ် သဏ္ဍာန်ရှိသည်။ အခွံသည် အညိုဖျော့မှ ရွှေရောင်ထိရှိပြီးအနည်းငယ်စေးကပ်ကာအစိုဓာတ်ပြည့်ဝသော အတွင်းသားသည် အဝါရောင်မှရွှေရောင်ထိရှိသည်။ အာလူးဝါများသည် အနည်းငယ်ချိုကာ ထောပတ်အရသာ ပြည့်ဝပြီး သကြားပါဝင်မှုအလယ်အလတ်အဆင့်ရှိသည်။

အာလူးဖြူ

အာလူးဖြူများသည် အသေးမျိုး(သို့) ပုံမှန်အရွယ်အစားရှိပြီး လုံးဝိုင်းသော (သို့) ရှည်လျားသောသဏ္ဍာန်ရှိ၍ အဖြူရောင် (သို့) နေလောင်ခံအညိုရောင်အခွံရှိသည်။ အာလူးသားအဖြူဖြစ်သည်။ ကစီဓာတ်ပါဝင်မှုအသင့်အတင့်ရှိပြီး အနည်းငယ် နူးညံ့၍ သိပ်သည်းသော အာလူးသားနှင့် ပါးလွှာပြီးနူးညံ့သော အခွံရှိသည်။ အာလူးဖြူများသည် မသိမသာချိုပြီး အရသာပေါ့ကာ သကြားပါဝင်မှုနည်းသည်။

ခရမ်းရောင်/ အပြာရောင် အာလူး

ခရမ်းရောင်-အပြာရောင်အာလူးများသည် သေးငယ်သောအရွယ်အစားမှ အလယ်အလတ်ထိရှိပြီး ရှည်မျောမျောသဏ္ဍာန်မှ လက်ချောင်းသဏ္ဍာန်ထိရှိသည်။ ခရမ်းရင့်ရောင်၊ အပြာရောင် (သို့) အနည်းငယ်နီသောအရောင်ရှိသည့်အာလူးခွံရှိပြီး အပြာရောင်၊ လာဗင်ဒါခရမ်းရောင်၊ ပန်းရောင် (သို့)အဖြူရောင်အာလူးသားရှိသည်။ ခရမ်းရောင်-အပြာရောင်အာလူးတွင် စိုစွတ်ပြီး ကျစ်လစ်သော အာလူးသားရှိပြီး မြေနံ့သင်းကာ စိမ့်သောအရသာရှိသည်။ခရမ်းရောင်-အပြာရောင်အာလူးများတွင် သကြားပါဝင်မှုနည်းသည်။

အာလူးပု

အာလူးပုများသည် သေးငယ်ပြီး USDA မှသတ်မှတ်ထားသော အဆင့်များအရ “C-size” နှင့် သေးငယ်သောအရွယ်အစားရှိပြီး တစ်ခါတစ်ရံတွင် ပုလဲလုံး (သို့) ဂေါ်လီလုံးဟု ရည်ညွှန်းကြသည်။ ၄င်းတို့သည် အရွယ်အစားကြီးမားသော အာလူးအမျိုးအစားများနှင့် အခွံ/အတွင်းသား အရောင်၊ အရွယ်အစား၊ အာလူးသားနှင့် သကြားပါဝင်မှုနှုန်းတူညီသည်။ အာလူးအတွင်းသား အရသာသည် ကြီးမားသောအာလူးများနှင့်ဆင်တူသော်လည်း အာလူးပုများ၏ အရသာသည် ပို၍ပြင်းသည်။

လက်ချောင်းသဏ္ဌာန်အာလူး

လက်ချောင်းသဏ္ဌာန်အာလူးများသည် လက်ချောင်းသဏ္ဍာန်အာလူးများသည် ( ၂ - ၄ ) လက်မခန့်ရှည်လျားပြီး ၄င်းတို့နာမည်နှင့်လိုက်အောင် လက်ချောင်းသဏ္ဍာန် ( သို့ ) ရှည်မျောမျောသဏ္ဍာန်ရှိသည်။ အခွံအရောင်မှာ အနီ ၊လိမ္မော်၊ ခရမ်း နှင့် အဖြူရောင်ရှိပြီး အာလူးသားမှာ အနီ၊ လိမ္မော်၊ ခရမ်း၊ အဝါ ( သို့ ) အဖြူရောင်ရှိသည်။ တစ်ခါတစ်ရံတွင် အရောင်အရေးကြောင်းများ အစင်းစင်းဖြစ်လေ့ရှိသည်။ စေးကပ်ပြီးကျစ်လစ်သော အာလူးသားရှိသည်။အရသာမှာ ထောပတ်ကဲ့သို့ဆိမ့်ပြီး မြေနံ့သင်းသည်။ သကြားပါဝင်မှု အလယ်အလတ်အဆင့်တွင်ရှိသည်။

ပိုမိုသိရှိရန်
my_MMMyanmar