× Close

Potatoes USA Disclaimer

Please Note: You have clicked on a link to a website maintained by a third party and are about to leave the Potatoes USA website. The external link should not be considered an endorsement by Potatoes USA of the third party website or the company or organization that owns it, and Potatoes USA is not responsible for the accuracy or nature of the content of the linked website.

Click ‘OK’ to continue, or ‘Cancel’ to return to usapotatotransfer.domain

OK Cancel

အာလူးမျိုးဥ

U.S. အာလူးမျိုးဥ

အမေရိကန်ပြည်ထောင်စု၏ ကွဲပြားသောပထဝီအနေအထား၊ တမူထူးခြားသော နည်းပညာပိုင်း ကျွမ်းကျင်မှုနှင့် အရည်အသွေးပြည့်မီရန် ယတိပြတ်သန္နိဌာန်ချထားမှုတို့ ပေါင်းစပ်ပြီးနောက် အသိအမှတ်ပြု အာလူးမျိုးဥများနှင့် အစဉ်အမြဲ ရွေးချယ်စရာများပြားနေသော အကောင်းဆုံး အမျိုးအစားများကို ရနိုင်ပေသည်။ ထို့အပြင် Potatoes USA သည် အမေရိကန်စားသုံးသူများကို သူတို့၏ U.S. အာလူးမျိုးဥများမှ ရနိုင်သည်မှန်သမျှကို ရစေရန် နည်းပညာဆိုင်ရာ အကူအညီများကိုလည်း ထောက်ပံ့ပေးသည်။

အရည်အသွေး

အောင်မြင်သော အာလူးထုတ်လုပ်ရေးလုပ်ငန်းသည် အရည်အသွေးမြင့် အာလူးမျိုးဥများဖြင့် စတင်ရသည်သာဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ မျိုးဥ အသိအမှတ်ပြု အစီအစဉ်သည် တင်းကျပ်သော အရည်အသွေး စံချိန်စံညွှန်းများကို သတ်မှတ်ထားသည်။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ စိစစ်သူများသည် အကောင်းမွန်ဆုံး ရောဂါပိုးမွှားစီမံမှုနှင့် ထုတ်လုပ်ရေးနည်းစနစ်များကို လိုက်နာမှုရှိစေရန် စိုက်ပျိုးရေးအလေ့အထများကို သေချာစောင့်ကြည့်ပြီး ချိန်ညှိလျက်ရှိသည်။

U.S. မျိုးဥအရည်အသွေး၏ အဓိကအချက်တစ်ခုမှာ ရောဂါကြီးထွားခြင်းကို တားဆီးရန်အတွက် မျိုးဥအသုတ်တစ်သုတ်ကို ထုတ်လုပ်ရေး လည်ပတ်မှုစက်ဝန်းတွင် ငါးနှစ်ထက်ပိုပြီး မထားရှိသော “အကန့်အသတ်ရှိ မျိုးဆက်စနစ်” ကြောင့်ဖြစ်သည်။ အသိအမှတ်ပြု အမေရိကန် အာလူးမျိုးဥများကို မျိုးဥထုတ်လုပ်ရေးအတွက် အသင့်တော်ဆုံး ရာသီဥတုရှိသော ပြည်နယ် ၁၅ ပြည်နယ်တွင် စိုက်ပျိုးလျက်ရှိသည်။ အေးခဲရှည်ကြာသော ဆောင်းရာသီများသည် အာလူးမျိုးဥ အရည်အသွေးကို လျော့ကျစေသော ပိုးမွှားများနှင့် ရောဂါများကို သေစေသည်။ စိုက်ပျိုးရေးရာသီအတွင်း ရှည်လျားနေသာသော နေ့ပိုင်းများနှင့် အေးသောညများသည် အပင်ကြီးနှုန်းမြန်စေပြီး အထွက်နှုန်းတိုးစေသည်။

မျိုးဥစိုက်သော ဒေသများကို အခြား စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုများနှင့် သီးခြားစီရှိစေခြင်းဖြင့် ပိုမိုသန်စွမ်းကျန်းမာသော မျိုးဥကို ပေးစွမ်းနိုင်သည်။ တင်ပို့သော မျိုးစေ့များသည် USDA ၏ အမေရိကန်အာလူးမျိုးဥ တင်ပို့ခြင်းဆိုင်ရာ စံချိန်စံနှုန်းများကို လိုက်နာရပြီး အမေရိကန်နံပါတ်(၁) အာလူးမျိုးဥ အဆင့်အတန်းကို ပြည့်မီစေရန် အာမခံပါသည်။

အမြတ်အစွန်းရနိုင်စွမ်း

အမေရိကန်စိုက်ပျိုးသူများသည် အာလူးမျိုးဥ အမျိုးအမည် ရာပေါင်းများစွာ ထုတ်လုပ်ကြသည်။ အမေရိကန်ပြည်ထောင်စုသည် အာလူးမျိုးဥကို လတ်ဆတ်သောအာလူးမှ အာလူးပြား၊ အေးခဲအာလူးချောင်းများစသော အဆုံးသတ်ထုတ်ကုန်တိုင်းအပြင် မည်သည့် စိုက်ပျိုးမှု အခြေအနေတိုင်းနှင့်မဆို ကိုက်ညီမှုရှိစေရန် ပျိုးထောင်လျက်ရှိသည်။ ထို့အပြင် USDA သည် များစွာသော အများပြည်သူဆိုင်ရာ မျိုးစပ်ခြင်းအစီအစဉ်များကို ဖော်ဆောင်နေပြီး ၎င်းတို့မှတစ်ဆင့် ရောဂါပိုးမွှားဒဏ် ခံနိုင်သော အမျိုးအစားများကို တောက်လျှောက် ထုတ်လုပ်လျက်ရှိသည်။ Potatoes USA သည် စီးပွားဖြစ် မျိုးဥ တင်ပို့ခြင်းများတွင် တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း စျေးကွက်အမျိုးမျိုးအတွက် အမျိုးအစား စမ်းသပ်မှုများကိုလုပ်ဆောင်ပြီး သင့်ဒေသအတွက် အမျိုးအစားတစ်မျိုးမျိုး၏ စွမ်းဆောင်ရည်နဲ့ ပတ်သက် သည့် အချက်အလက်ကို ပေးစွမ်းနိုင်ပါသည်။

my_MMMyanmar