× Close

Potatoes USA Disclaimer

Please Note: You have clicked on a link to a website maintained by a third party and are about to leave the Potatoes USA website. The external link should not be considered an endorsement by Potatoes USA of the third party website or the company or organization that owns it, and Potatoes USA is not responsible for the accuracy or nature of the content of the linked website.

Click ‘OK’ to continue, or ‘Cancel’ to return to usapotatotransfer.domain

OK Cancel

အစားအသောက်‌ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး

ပြိုင်ဖက်ကင်းသော အရည်အသွေး

U.S. အာလူးများသည် အရည်အသွေး၊ တသမတ်တည်းဖြစ်မှုနှင့် ရွေးချယ်စရာများပြားမှု စသည်တို့တွင် ပြိုင်ဖက်ကင်းသော အာလူးများဖြစ်ကြသည်။ အာလူးမျိုးဥမှသည် ရိတ်သိမ်းချိန်ထိ U.S. အာလူးလုပ်ငန်းသည် အကောင်းဆုံးထုတ်လုပ်မှုအလေ့အကျင့်များဖြစ်စေရန် အတွေ့အကြုံနှင့် သုတေသနများအပေါ်မှီခိုသည်။ သဘာ၀ပတ်၀န်းကျင်ဆုံးရှုံးမှကိုလျော့နည်းစေရန်အတွက် လယ်သမားများသည် ထောက်ခံချက်ရပြီးသော U.S. အာလူးမျိုးဥများကိုသာအသုံးပြုကြသည်။ စိုက်ပျိုးသူများနှင့် မြေနှင့်သီးနှံလေ့လာသောအတတ်ပညာရှင်များက မြေဆီလွှာနှင့် သီးပင်များ လိုအပ်မှုကို ဂရုတစိုက်စောင့်ကြည့်လျက်ရှိသည်။ ထိခိုက်လွယ်သောအာလူးများကိုစောင့်ကြည့်ပြီး ၄င်းတို့လိုအပ်သော အစိုဓာတ်၊ အာဟာရနှင့် လေတို့ အလုံအလောက်ရရှိစေရန် နည်းပညာကိရိယာတစ်ခုဖြစ်သော GPS (Global Positioning Systems) ကိုအသုံးပြုလျက်ရှိသည်။ ရိတ်သိမ်းပြီးသော အာလူးများသည် USDA မှ စစ်ဆေးပြီး ၄င်းတို့၏အရည်အသွေးသတ်မှတ်ချက်အလိုက် မည်ကဲ့သို့အသုံးပြုနိုင်မည်ကို အဆင့်သတ်မှတ်သည်။

USDA

အာလူးများရိတ်သိမ်းချိန်မှ စားသုံးချိန်ထိ အာလူးများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးကို အစိုးရမှ စောင့်ကြည့်နေသည်။ အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေး၀န်ကြီးဌာနသည် Animal and Plant Health Inspection Service (APHIS), Agricultural Marketing Service (AMS) နှင့် State Departments of Agriculture (SDA) တို့မှတဆင့် ၄င်းတို့၏ စံချိန်စံနှုန်းများကို လိုက်နာမှုရှိစေရန် တွန်းအားပေးလျက်ရှိသည်။

U.S. မျိုးဥစံနှုန်းများ

USDA အေဂျင်စီများသည် U.S. အာလူးမျိုးဥများတင်းကျပ်သောဖက်ဒရယ်စံနှုန်းမှီစေရန် ပူးပေါင်းကာ အလေးပေးလုပ်ဆောင်လျက်ရှိသည်။ ပို့ကုန်တင်ပို့သော မျိုးဥများအတွက် လည်း U.S. ပို့ကုန်စံနှုန်းမှီစေရန် အလေးပေးလုပ်ဆောင်ကြသည်။ အပင်နှင့်သက်ဆိုင်သောအရာများတင်ပို့ရာတွင် တင်ပို့မည့်နိုင်ငံ၏အခြား အပင်နှင့်အပင်နှင့်သက်ဆိုင်သောအရာများတင်သွင်းရာတွင်ရှိရမည့်စံနှုန်းများကိုက်ညီမှု ရှိစေရန်ကိုပါ USDA မှထောက်ခံချက်ပေးသည်။

လတ်ဆတ်သောအာလူးများအတွက်စံနှုန်း

ရိတ်သိမ်းပြီးသောအခါ U.S. အာလူးများသည် သေချာစွာ စစ်ဆေးခြင်းခံရသည်။ အာလူးလုံးဆိုဒ်၊ ပုံစံနှင့် အနာပါ/မပါ စစ်ဆေးရန်အတွက် USDA သည် အရည်အသွေးစံနှုန်းများလိုက်နာရန်လည်း တွန်းအားပေးသည်။ ထိုကဲ့သို့ အရွယ်အစား၊ ပုံစံအလိုက်ခွဲခြားခြင်းအားဖြင့် U.S. အာလူး၀ယ်သူများသည် ၄င်းတို့ ၀ယ်ယူရန်စာချုပ်ချုပ်ထားသည့် အာလူးအမျိုးအစားနှင့် အရည်အသွေးအတိုင်း ရရှိရန် သေချာစေသည်။

U.S. အာလူးထုတ်ကုန်များအတွက် စံနှုန်းများ

ထုတ်လုပ်ရန်ရွေးချယ်ခံရသောအာလူးများသည်လည်း USDA ၏စောင့်ကြည့်မှုဖြင့် ခွဲခြားကာ အရည်အသွေး သတ်မှတ်ခြင်းခံရသည်။ အစားအသောက်ဘေးကင်းစေရန်အတွက် ထုတ်လုပ်သူများသည် USDA မှ စစ်ဆေးသူများ၏ အနီးကပ်စောင့်ကြည့် ထိန်းချုပ်ခံရပြီး ထုတ်လုပ်သူများသည် Hazard Analysis & Critical Control Points (HACCP) ဟုခေါ်သော အမေရိကန်အစားအသောက်နှင့် ဆေး၀ါးဌာန၏ လိုအပ်ချက်ကို မဖြစ်မနေပြည့်မီရန် လိုအပ်သည်။ အချို့ အေးခဲအာလူးများနှင့် စည်သွပ်အာလူးများအတွက် အာလူးထုတ်လုပ်သူများသည် အစိုးရ၏ထုတ်ကုန်သတ်မှတ်ချက်များ ကိုပါ ပြည့်မီရန်လိုအပ်သည်။ အမေရိကန်သည် အေးခဲအာလူးများ၏ အရည်အသွေးနှင့် အရွယ်အစားအတွက် အစိုးရ၏သတ်မှတ်ချက်များကို မဖြစ်မနေလုပ်ဆောင်ရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

my_MMMyanmar