× Close

Potatoes USA Disclaimer

Please Note: You have clicked on a link to a website maintained by a third party and are about to leave the Potatoes USA website. The external link should not be considered an endorsement by Potatoes USA of the third party website or the company or organization that owns it, and Potatoes USA is not responsible for the accuracy or nature of the content of the linked website.

Click ‘OK’ to continue, or ‘Cancel’ to return to usapotatotransfer.domain

OK Cancel

အမေး၊ အဖြေများ

About Potatoes USA

POTATOES USA ဆိုသည်မှာ အဘယ်နည်း

Potatoes USA သည် အမေရိကန်ပြည်ထောင်စုရှိ စီးပွားဖြစ်အာလူးစိုက်ပျိုးသူပေါင်း ၃ဝဝဝကျော်အတွက် ဖွဲ့စည်းထားသော စျေးကွက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာတွင် အသိပညာပေးအစီအစဉ်များပြုလုုပ်ရန်အတွက် ၄င်းအာလူးစိုုက်ပျိုးသူများမှ စုပေါင်းဘဏ္ဍာငွေ ထည့်ဝင်ကြပါသည်။

POTATOES USA သည်အာလူးများကိုတိုက်ရိုက်ရောင်းချပါသလား

Potatoes USAသည်အဖွဲ့စည်းတစ်ခုအနေဖြင့် အာလူးနှင့်သက်ဆိုင်သောထုတ်ကုန်များထုတ်လုပ်ခြင်း (သို့) ရောင်းချခြင်းများမပြုလုပ်ပါ။ နိုင်ငံတကာရှိ ဝယ်ယူသူများအတွက် အကျိုးရှိစေမည့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် စျေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်းအစီအစဉ်များ လုပ်ဆောင်ခြင်းဖြင့် ရောင်းအားတက်စေရန် ပံ့ပိုးကူညီသည်။

အာလူးကို အဆင့်ဆင့်စီမံပြုပြင်ထုတ်လုပ်သူများသည် POTATOES USA အဖွဲ့အစည်း၏ အဖွဲ့ဝင်များဖြစ်ပါသလား?

မဖြစ်ပါ။ Potatoes USA တွင် အမေရိကန်ပြည်ထောင်စုမှ အာလူးစိုက်ပျိုးသူများသာ ပါဝင်ပါသည်။ သို့သော်လည်း စျေးကွက်ရှာဖွေခြင်းနှင့်အရောင်းမြှင့်တင်ခြင်းအစီအစဉ်များအတွက် အာလူးအား အဆင့်ဆင့်စီမံပြုပြင်ထုတ်လုပ်သူများနှင့် လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။

U.S. အာလူးကိုအဘယ်ကြောင့်ဝယ်သင့်သနည်း

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင်အာလူးထုတ်လုပ်ခြင်းနှင့် အဆင့်ဆင့် စီမံပြုပြင်ထုတ်လုပ်ခြင်းတို့၌ ဦးဆောင်သူအဖြစ်သတ်မှတ်ထားခြင်းခံရသည်။ အမေရိကန်အာလူးများသည် အဆင့်မြင့်အရည်အသွေး၊ တစ်နှစ်ပတ်လုံးရရှိနိုင်မှုနှင့် တသမတ်တည်းရှိခြင်းနှင့် ရွေးချယ်ရန်အမျိုးအစားများခြင်း အစရှိသည့်အရာတို့ကိုပေးစွမ်းသည်။ ၎င်းအချက်များသည် စားသုံးသူများ၏ စိတ်ကျေနပ်မှုနှင့် အမြတ်ရရှိနိုင်မှုအတွက် အဓိကကျသော အချက်များဖြစ်သည်။ ထို့ပြင် Potatoes USA သည် အရောင်းမြှင့်တင်ပေးရန်အတွက် အသိပညာပေးသင်တန်းများနှင့် စျေးကွက်ရှာဖွေရေးဆိုင်ရာအထောက်အပံ့များပေးပါသည်။

U.S. အာလူးကို ဘယ်မှာ ဝယ်ယူရရှိနိုင်မလဲ

U.S အာလူးထုတ်ကုုန်များကို သင့်စျေးကွက်ထဲရှိ တင်သွင်းသူများနှင့် ဖြန့်ချိသူများထံမှ ဝယ်ယူ ရရှိနိုင်ပါသည်။သင့်နိုင်ငံရှိ Potatoes USA ကိုယ်စားလှယ်ရုံးသို့ ဆက်သွယ်ကာတင်သွင်းသူများ နှင့် ဖြန့်ချိသူများ၏ စာရင်းကိုတောင်းခံနိုင်ပါသည်။ ထို့ပြင် မိမိဝယ်ယူလိုသော ထုတ်ကုန်စုံစမ်းတောင်းခံလွှာ ကို အမေရိကန်နိုင်ငံ၊ Colorado မြို့နယ်ရှိ Denver ရုံးသို့ တိုက်ရိုက် ပေးပို့ဆက်သွယ်တောင်းဆိုနိုင်ပါသည်။

အမေရိကန်ပြည်ထောင်စုမှ အာလူးနှင့် အာလူးထုတ်ကုန်များကိုတင်သွင်းသောအခါ မည်သည့်အချက်များကို ထည့်သွင်းစဉ်းစားရမည်နည်း

အမေရိကန်ပြည်ထောင်စုမှ အဆင့်ဆင့်စီမံပြုလုပ်ထားသော အာလူးထုတ်ကုန်များအား ကမ္ဘာ့နိုင်ငံများအားလုံးသို့တင်သွင်းနိုင်သည်။ အရေအတွက်အကန့်အသတ်ဖြင့်သာတင်သွင်းနိုင်သည့် ဖြစ်ရပ်မျိုးရှိသော်လည်း အလွန်ပင်ရှားပါသည်။ ကုန်ပစ္စည်းအားလုံးအတွက် ပေးဆောင်ရမည့် အခွန်အခများမှာလည်း အမျိုးမျိုးကွဲပြားလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုမှ လတ်ဆတ်သောအာလူးနဲ့ အာလူးမျိုးဥများကို အပင်မျိုးသန့်စင်ရေးစည်းမျဉ်းဥပဒေများကြောင့် အချို့နိုင်ငံများ၌ တားမြစ်ကောင်းတားမြစ်ထားနိုင်သည်။ နိုင်ငံတွင်းသို့ တင်သွင်းရာတွင် ထည့်သွင်းစဉ်းစားရန်များကို သိရှိနိုင်ရန်အတွက် မိမိနိုင်ငံရှိ Potatoes USA ကိုယ်စားလှယ်ရုံးကို ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။ Potatoes USA ကိုယ်စားလှယ်ရုံးသို့.

အခြားနိုင်ငံများတွင် အာလူးထုတ်လုပ်ခြင်း (သို့) အဆင့်ဆင့်စီမံပြုလုပ်ခြင်း လုပ်ငန်းစဉ်များအတွက် POTATOES USA မှ အကူအညီပေးပါသလား?

မကူညီပါ။ Potatoes USA သည် အမေရိကန်ပြည်ထောင်စုမှ အာလူးနှင့် အာလူးထုတ်ကုန်များ အတွက် စျေးကွက်ရှာဖွေခြင်းကိုသာ ကူညီလုပ်ဆောင်ပေးပါသည်။ U.S. အာလူးများအသုံးပြုကာ ထုတ်ကုန်အသစ်တီထွင်ခြင်း၊ U.S. အာလူးမျိုးဥများစိုက်ပျိုးခြင်းများနှင့်ပတ်သက်၍ နည်းပညာပေးခြင်းများကို လုပ်ဆောင်ပါသည်။ သို့သော်လည်း အခြားနိုင်ငံများရှိ အာလူးထုတ်လုပ်ခြင်း (သို့) အဆင့်ဆင့်စီမံပြုလုပ်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိပါ။

အစားအစာ ကူညီထောက်ပံ့ရေး အစီအစဉ် လုပ်ငန်းများတွင် U.S. အာလူးအသုံးပြုခြင်းဖြင့် မည်သည့် အကျိုးအမြတ်များရရှိနိုင်သနည်း?

U.S. အာလူးအသုံးပြုကာ ရေထုတ်ထားသော အာလူးမှုန့်နှင့် အာလူးအဖတ်လေးများသည် USDA Food Assistance Program များတွင်အသုံးပြုရန် ခွင့်ပြုချက်ရပြီးဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာတဝှမ်းအစားအသောက်အန္တရာယ်ကင်းရှင်းအတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်သည်။ ဤထုတ်ကုန်များ သည် သယ်ယူပို့ဆောင်ရန်အဆင်ပြေခြင်း၊ ပြင်ဆင်ရန်လွယ်ကူခြင်း၊ အာဟာရပြည့်ဝခြင်းနှင့် အစာကြေလွယ်ခြင်းစသည့် အကျိုးကျေးဇူးများရစေသည်။ .

အာလူးမှ မည်သည့်အာဟာရဓာတ်များ ရရှိနိုင်သနည်း?

အာလူးသည် သာမန် သင့်တင့်သော ဟင်းသီးဟင်းရွက်မျှသာ မဟုတ်ပဲသင့်အတွက်ကောင်းမွန်သည်။ ကယ်လိုရီ ၁၁၀ မျှသာပါသော အခွံမခွာရသေးသော အာလူးလတ်တစ်လုံးသည် နေ့စဉ်လိုအပ်သော ဗီတာမင်စီ၏ ၄၅ ရာနှုန်းကိုပေးစွမ်းနိုင်ပြီး ငှက်ပျောသီးတစ်လုံးထက် ပိုတက်စီယမ်ဓာတ် ပိုမိုပါရှိသည်။ ထို့ပြင် အမျှင်ဓာတ်၊ အခြားဗီတာမင်နှင့် သတ္တုဓာတ်များလည်း ပါရှိသည်။ အာလူးတွင်အဆီလုံးဝပါဝင်မှုမရှိပဲ၊ ဆိုဒီယမ်၊ ဂလူတမ်နှင့် ကိုလက်စရောတို့လည်း ကင်းစင်သည်။ အကောင်းဆုံးအချက်မှာ အဆင့်ဆင့်စီမံပြုလုပ်ထားသော အာလူးထုတ်ကုန်အများစုသည်လည်း ကောင်းမွန်သောအာဟာရဓာတ်များကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ U.S. အာလူး၏ အာဟာရဓာတ်များအကြောင်း ပိုမိုသိလိုပါကဤနေရာကိုနှိပ်ပါ။..

my_MMMyanmar