× Close

Potatoes USA Disclaimer

Please Note: You have clicked on a link to a website maintained by a third party and are about to leave the Potatoes USA website. The external link should not be considered an endorsement by Potatoes USA of the third party website or the company or organization that owns it, and Potatoes USA is not responsible for the accuracy or nature of the content of the linked website.

Click ‘OK’ to continue, or ‘Cancel’ to return to usapotatotransfer.domain

OK Cancel

အာဟာရဆိုင်ရာအချက်အလက်များ

အာလူးတွင်ပါ၀င်သော အာဟာရများလမ်းညွှန်

အာလူးများတွင် သင့် ခန္ဓာကိုယ် လုပ်ရှားရန်အတွက်လိုအပ်သော စွမ်းအင်၊ ပိုတက်စီယမ်နှင့် ဗီတာမင်စီတို့ များစွာပါ၀င်သည်။

ကျွန်ုပ်တို့ စိတ်နှင့် ခန္ဓာကိုယ် အတွက် အရေးကြီးသော ကစီဓာတ်ကိုနေ့စဥ်စားသုံးပေးရန်လိုအပ်သော်လည်း ကစီဓာတ်များအချင်းချင်းမတူညီကြပေ။

အခြားဟင်းသီဟင်းရွက်များထက် အာလူးများထံတွင် စွမ်းအင်ပေးနိုင်သောဓာတ်များ ပိုမိုပြည့်၀စွာပါ၀င်နေသည်။

အာလူးများတွင် အဆီနှင့် တို့မပါ၀င်ခြင်း၊ သတ်သတ်လွတ်ခြင်း၊ ၀ယ်ရလွယ်ခြင်း နှင့် ကောင်းမွန်သော ကစီဓာတ်များပါ၀င်သည်။ အာလူးသည် ကိုလတ်စထရော နှင့် ဆိုဒီယမ်တို့ကင်းရှင်းပြီး အာလူး (၅.၃)အောင်စ တွင် ကယ်လိုရီ ၁၁၀ သာပါ၀င်သည်။

အာလူးရှိအာဟာရများကိုမီးမောင်းထိုးပြခြင်း

ဗီတာမင်စီများစွာပါသောအရင်းအမြစ်

၅.၃ အောင်စရှိသောအခွံပါအာလူးတစ်လုံးတွင် ဗီတာမင်စီ (၂၇) မီလီဂရမ် ပါ၀င်ပါသည်။ အာလူးများသည် Antioxidant များစွာပါ၀င်သော ရင်းမြစ်တစ်ခုဖြစ်ပါသည်။ ဗီတာမင်စီသည် ထုတ်လုပ်မှုကို အထောက်အကူပြုပြီး ကြွက်သားတည်ဆောက်မှုနှင့် သံဓာတ်စုပ်ယူမှုကို အထောက်အပံ့ပေးသည်။

ပိုတက်စီယမ်ကောင်းစွာရသော အရင်းအမြစ် (ငှက်ပျောသီးထက်ပို၍)

၅.၃ အောင်စရှိသောအခွံပါအာလူးတစ်လုံးတွင် ပိုတက်စီယမ် ပမာဏ (၆၂၀) မီလီဂရမ်ပါ၀င်ပြီး ၄င်းပမာဏ အလယ်အလတ်အရွယ် ငှက်ပျောသီး တစ်လုံးတွင် ပါ၀င်သည်ထက်ပိုသည်။ ပိုတက်စီယမ်သည် ကြွက်သားလုပ်ဆောင်မှုများအတွက် လျှပ်စီးတစ်ခုလိုပင်ဖြစ်သည်။ ပိုတက်စီယမ်သည် ချွေးနှင့်အတူပါသွားတတ်ပြီး အကောင်းဆုံးလုပ်ဆောင်မှုအတွက် အမြဲ ပြန်လည်ဖြည့်တင်းပေးနေရမည့်ဓာတ်ဖြစ်သည်။

ဗီတာမင် ဘီစစ်အတွက် အကောင်းဆုံး အရင်းအမြစ်

၅.၃ အောင်စရှိသောအခွံပါအာလူးတစ်လုံးတွင် vitamin B6 ၀.၂ မီလီဂရမ်ပါရှိသည်။ ၄င်းသည် တစ်နေ့တာလိုအပ်ချက်၏ ၁၀% ဖြစ်ပြီး ကောင်းမွန်သောရင်းမြစ်ဟု သတ်မှတ်၍ရသည်။ ကိုယ်တွင်းဓာတုဖြစ်စဥ်များအတွက် ကစီဓတ်နှင့် အသားဓာတ်တို့ အလုပ်လုပ်ဖို့ရန် vitamin B6 မှ အကူညီပေးသည်။

ကောင်းသောကစီဓာတ်တို့ပြည့်၀နေသည့်အာလူး

၅.၃ အောင်စရှိသောအခွံပါအာလူးတစ်လုံးတွင် ကစီဓာတ် ၂၆ ဂရမ် / တစ်နေ့တာ လိုအပ်ချက်၏ (၉)% ပါရှိသည်။ ကစီဓာတ်သည် ခန္ဓာကိုယ် ၊ စိတ် လှုပ်ရှားမှုများအတွက် အရေးကြီးသည်။

အသားဓာတ်ကောင်းစွာရသောအရင်းအမြစ်

၅.၃ အောင်စရှိသောအခွံပါအာလူးတစ်လုံးတွင် အပင်မှရသောအသားဓာတ် (၃) ဂရမ်ပါရှိသည်။ အသားဓာတ်သည် ကိုယ်တွင်းရှိ ဆဲလ်များ၊ တစ်ရှူးများအတွက် အရေးပါသောဓာတ်တစ်ခု ဖြစ်သည်။

အမျှင်ဓာတ်ရရှိနိုင်ခြင်း

၅.၃ အောင်စရှိသောအခွံပါအာလူးတစ်လုံးတွင် အမျှင်ဓာတ်( ၂ )ဂရမ်ပါရှိသည်။ အမျှင်ဓာတ်သည် သွေးတွင်း ဂလူးကိုစ့်လည်ပတ်မှုကောင်းစေပြီး ပြည့်အင့်သောခံစားမှုကိုပေနိုင်ရုံသာမက အခြားသော ကျန်းမာရေးအတွက်ကောင်းကျိုးများစွာဖြစ်စေနိုင်သည်။

အာလူးများသည် အဆီ၊ ဆိုဒီယမ်နှင့် ကိုလက်စထရောတို့ ကင်းရှင်းသည်

အာလူးတစ်ပွဲစာတွင် ကယ်လိုရီ (၁၁၀) သာပါရှိသည်။

View Nutrition Label

ပိုမိုသိရှိရန်

Frequently Asked Questions

အာလူးတွေကကျန်းမာရေးအတွက်ကောင်းလား

ကောင်းပါတယ်။ အာလူးများသည် သဘာ၀အတိုင်း အဆီ၊ ကိုလတ်စထရောနှင့် ဆိုဒီယမ်ကင်းရှင်းသည်။ ထို့ပြင် အာလူးများသည် ဗီတာမင်စီနှင့် ပိုတက်စီယမ်ဓာတ်တို့ရရှိရာရင်းမြစ်ဖြစ်သည်။ ဆိုဒီယမ် ကင်းရှင်းပြီး ပိုတက်စီယမ်ကြွယ်၀သော အာလူးများကို စားသုံးခြင်းဖြင့် လေဖြတ်မှုဖြစ်နိုင်ချေကိုလျော့ချနိုင်သည်။

အာလူးများအားလုံးတွင် အာဟာရတူညီစွာပါ၀င်ပါသလား။

အာလူးအမျိုးအစားပေါ်မူတည်၍ အာဟာရပါ၀င်မှုနှုန်းများ အနည်းငယ်စီ ကွာခြားနိုင်သော်လည်း ကွာခြားမှုမှာ အနည်းငယ်မျှသာဖြစ်သည်။

View Nutrient Content PDF.

လတ်ဆတ်သောအာလူး၊ အေးခဲအာလူးနှင့် အာလူးမှုန့်များတွင် ပါ၀င်သောအာဟာရဓာတ်များ တူညီပါသလား။

အသွင်းပြောင်းခြင်းခံရသောအာလူးများ၏ အာဟာရသည် လတ်ဆတ်သောအာလူးများ၏ အာဟာရနှင့် အတူတူပင်ဖြစ်သည်။ (ပိုတက်စီယမ်၊ ဗီတာမင်စီ နှင့် အမျှင်ဓာတ်) သို့သော်လည်း ပါ၀င်မှုနှုန်းသည် အနည်းငယ်ကွာခြားနိုင်သည်။ ဤနေရာတွင် အာလူးပုံစံအမျိုးမျိုးတွင် ပါ၀င်သော ဓာတ်များကို သိရှိလိုပါက နှိပ်ပါ။

အာလူးများသည် ၀စေပါသလား။

အာလူးများသည် သဘာ၀အတိုင်း အဆီကင်းရှင်းသော ဟင်းသီးတစ်မျိုးဖြစ်သည်။

Potatoes and Weight Loss Fact Check PDF ကိုကြည့်ရန်။

အာလူးများသည် ကစီဓာတ်မြင့်မားစွာပါသလား။

အာလူးများသည် ကစီဓာတ်ပြည့်၀သော ဟင်းသီးတစ်မျိုးဖြစ်သည်။ ၅.၃ အောင်စအခွံပါအာလူးတစ်လုံးတွင် ကစီဓာတ် ၂၆ ဂရမ်ပါ၀င်သည်။

Carbohydrate Fact Check PDF အားကြည့်ရန်။ 

ကိုယ်အလေးချိန် ကျစေရန် အာလူးရှောင်ဖို့လိုပါသလား။

ကိုယ်အလေးချိန်ကျစေရန် ကြိုးပမ်းနေသူများလည်း အာလူးစား၍ရကြောင်း သုတေသနများမှသိရသည်။ အာလူးစားခြင်းသည် ကိုယ်အလေးချိန်မကျခြင်း ဆက်စပ်နေသည်ဟူသော သက်သေများမရှိပေ။

အာလူးနှင့် ကန်စွန်းဥတွင် ပါ၀င်သော အာဟာရဓာတ်များကို မည်သို့နှိုင်းယှဥ်နိုင်ပါသလဲ။

အာလူးနှင့်ကန်စွန်းဥနှစ်မျိုးစလုံးသည် ဗီတာမင်စီ၊ ပိုတက်စီယမ်နှင့် B6 ကြွယ်၀သောအရင်းအမြစ်ဖြစ်သည် သာမက တူညီသော အသားဓာတ်ပါရှိသည်။ (2g and 3g ခန့်ပါရှိသည်။) ဤနေရာတွင် အာလူးနှင့် ကန်စွန်းဥ အကြား အာဟာရနှိုင်းယှဥ်မှု ကိုကြည့်လိုပါက နှိပ်ပါ။

White vs. Sweet Fact Check PDF. အားကြည့်ရန်။ 

အာလူးချောင်းသည် ကျန်းမာရေးနှင့်ညီညွတ်သလား။

အာလူးလုံးများကဲ့သို့ပင် အာလူးချောင်းများတွင်လည်း အမေရိကန်ပြည်သူအများစု လုံလောက်စွာမရရှိသော ဗီတာမင်စီနှင့် ပိုတက်စီယမ်များကြွယ်၀စွာပါ၀င်သည်။

View Fried Potatoes Fact Sheet PDF. 

အာလူးပြားများသည် များစွာပြုပြင်ခြင်းခံထားရပါသလား။

အာလူးများပြားကို တတ်နိုင်သမျှအနည်းဆုံးသာပြုပြင်ထားပြီး အိမ်မှာတွေ့ရတတ်သော ပါ၀င်ပစ္စည်း ၃မျိုးဖြစ်သည့် အာလူး၊ ဆီနှင့်ဆား တို့ဖြင့်သာပြုလုပ်ထားသည်။

အာလူးများတွင် glycemic index (GI) ပါ၀င်မှုမြင့်ပါသလား

Glycemic index (GI) ပါ၀င်မှုသည် အာလူးအမျိုးအစား၊ စိုက်ပျိုးရာ‌‌ဒေသ၊ ထုတ်လုပ်ပုံနှင့် ပြင်ဆင်ပုံတို့ အပေါ်မူတည်၍ ကွဲပြားသည်။

Glycemic Index Fact Sheet PDF ကိုကြည့်ရန်။ 

ဆီးချိုရောဂါရှိသူများသည် အာလူးရှောင်သင့်ပါသလား။

American Diabetes Association (ADA) ၏ လေ့လာချက်များအရ ဆီးချိုသမားများလည်း ကော်မှုန့်ပါသော ဟင်းသီးဟင်းရွက်များကိုစားသုံးနိုင်သည်။ ၄င်းတို့အတွက် တစ်နေ့တာစားသုံးသော ထမင်းနပ်များ သရေစာများမှ ကစီဓာတ်ကိုသာထိန်းသိမ်းရန်လိုသည်။

ကိုယ်အလေးချိန်လျော့ချရန်ကြိုးစားနေသူများ အားလူးစားသင့်ပါသလား။

အာလူးများကို ကိုယ်အလေးချိန်လျော့ပေးသောအစီအစဥ်များတွင် ထည့်သွင်းနိုင်သည်။ ကယ်လိုရီထိန်းသိမ်း ရန်သာလိုအပ်ပြီး အစားအစာတစ်ခုကို ဖြတ်လိုက်ရန်မလိုအပ်ပါ။ ကိုယ်အလေးချိန်လျော့ပေးသောအစီအစဥ်တစ်ခုတွင် အာလူးစားသုံးသော ပါ၀င်သူများသည်လည်း အလေးချိန်ကျသွားသည်ကိုတွေ့ရသည်။

အာဟာရများအားလုံးသည် အာလူးခွံတွင်သာရှိခြင်းသည် ဟုတ်ပါသလား။

မဟုတ်ပါ။ အခွံတွင်သာ အာဟာရရှိသည်ဆိုခြင်းသည် ယုံတမ်းစကားတစ်ခုသာဖြစ်သည်။ အာလူးအခွံတွင် အမျှင်ဓာတ် ၅၀ရာခိုင်နှုန်းခန့်ပါသော်လည်း အခြား အာဟာရ အာလူးကိုယ်ထည်တွင်ရှိခြင်းဖြစ်သည်။

Skin vs. Flesh Fact Sheet PDF အားကြည့်ရန်။ 

my_MMMyanmar