× Close

Potatoes USA Disclaimer

Please Note: You have clicked on a link to a website maintained by a third party and are about to leave the Potatoes USA website. The external link should not be considered an endorsement by Potatoes USA of the third party website or the company or organization that owns it, and Potatoes USA is not responsible for the accuracy or nature of the content of the linked website.

Click ‘OK’ to continue, or ‘Cancel’ to return to usapotatotransfer.domain

OK Cancel

စိုက်ပျိုးရေး အလေ့အထများ

U.S အာလူးစိုက်ပျိုးသူများသည် ၄င်းတို့နိုင်ငံတွင် စိုက်ပျိုးသောအာလူးများ ကမ္ဘာ့ထိပ်တန်းဖြစ်စေရန် မည်ကဲ့သို့စိုက်ပျိုးရမည်ဆိုသော အတွေ့အကြုံများနှင့် ရင်းမြစ်များကြွယ်၀စွာရှိနေသည်။ U.S အာလူးစိုက်ပျိုးခြင်း အလေ့အထများသည့် အောက်ပါအချက်များ၏ ရလဒ်ပင်ဖြစ်သည်။

ကမ္ဘာ့အဆင့်မီ အာလူး မျိုးထုုတ်လုုပ်ခြင်းအစီအစဉ်များ

နိုင်ငံတကာအသိအမှတ်ပြု အာလူးထုတ်လုပ်ခြင်းအစီအစဉ်များအတွက် United States Department of Agriculture (USDA) မှ လယ်ယာစိုက်ပျိုးရေးသုတေသနအဖွဲ့သည် ထိပ်တန်း တက္ကသိုလ်များ၏ သုတေသနပြုသူများနဲ့ ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိသည်။ ၎င်းအစီအစဉ်များတွင် ရောဂါပိုးမွှားများဖြစ်ပွားမှုကိုလျှော့ချရန်နှင့် အာလူး၏အရည်အသွေး၊ အာဟာရများ အမြင့်ဆုံးရရှိနိုင်ရန်အတွက် လေ့လာဆန်းစစ်ကြသည်။ အာလူးအမျိုးအစားများရောစပ်စိုက်ပျိုးခြင်းဖြင့် မျိုးစိတ်အသစ်များရရှိရန် စမ်းသပ်လျက်ရှိသည်။

အရည်အသွေးမြင့် ထောက်ခံချက်ရ အာလူးမျိုးဥ

ရောင်းချရန်ရည်ရွယ်စိုက်ပျိုးသော U.S. အာလူးများကို အရည်အသွေးမြင့် အာလူးမျိုးဥများဖြင့် စိုက်ပျိုးသည်။ အရည်အသွေးမြင့် အာလူးမျိုးဥဟု ထောက်ခံချက်ရရန်အတွက် USDA မှသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စစ်ဆေးခံရပြီး အရည်အသွေးကိုက်ညီမှု ရှိမှသာလျှင် သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။ မျိုးဥထုတ်လုပ်သူများသည် အောက်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီရန် လုပ်ဆောင်ရသည်။

အမျိုးအစားရွေးချယ်ရန်များပြားခြင်း

အာလူးစိုက်ပျိုးသူများသည် အာလူးမျိုးပေါင်း ၁ဝဝခန့်စိုက်ပျိုးလျက်ရှိပြီး အများစုအား စားသုံးရန် နှင့် ကြာရှည်ခံပြုလုပ်ရာတွင်ကောင်းသထက်ကောင်းစေရန်သုတေသနများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

စိုက်ပျိုးရန် ရေမြေသဘာ၀ကောင်းမွန်မှု

အမေရိကန်ပြည်ထောင်စုရှိ အာလူးစိုက်ပျိုးသောဒေသများတွင် ပြည့်ဝသောမြေဆီလွှာနှင့် အာလူးစိုက်ပျိုးရန် အထူးသင့်တော်သော ရာသီဥတုတို့ရှိသည်။ နွေရာသီနေ့ပိုင်းများသည် ပူပြင်းရှည်လျားပြီး ညဖက်များတွင် အေးသောရာသီဥတုသည် အာလူးစိုုက်ပျိုးရန်သင့်တော်သည်။ အေးခဲသော ဆောင်းညရှည်များသည် ပိုးမွှားများနှင့်သီးနှံရောဂါများဖြစ်ပွားစေမှုကို လျော့နည်းစေသည်။ ထိုအချက်များကြောင့် အမေရိကန်ရှိအာလူးစိုုက်ပျိုးသူများသည် ၄င်းတို့အာလူးများအတွက် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ အသုံးပြုမှုကိုလျှော့ချနိုင်ပြီး အန္တာရာယ်ကင်းသည့် အာလူးများကို စိုက်ပျိုးနိုင်ခြင်းဖြစ်သည်။

တိကျသော မြေဆီလွှာနှင့် ပျိုးပင် စီမံရေး

အမေရိကန်ပြည်ထောင်စုမှ စိုက်ပျိုးသူများသည် မြေဆီလွှာထိန်းသိမ်းမှုကို အထူးဂရုပြုကြသည်။ မြေနေရာတစ်ခုတွင် ၃-၅နှစ်အကြာမှ တစ်ကြိမ် စိုက်ပျိုးခြင်းဖြင့် အာလူးကို အလှည့်ကျ စိုက်ပျိုးသည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် သီးနှံကောင်းမွန်မှုနှင့် ကောင်းမွန်သောလယ်မြေရရှိနိုင်ရန် သေချာစေသည်။ စိုက်ပျိုးရေးရာသီအစတွင် လယ်သမားများသည် အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ပူးပေါင်းကာ ၄င်းတို့လယ်ရှိ မြေဆီလွှာအာဟာရပြည့်စုံမှု ရှိ၊မရှိ စစ်ဆေးကြသည်။ Global Positioning Systems (GPS) သည် လယ်မြေအားစစ်ဆေးပြီး မြေသြဇာလိုအပ်သောနေရာများနှင့် မလိုအပ်သောနေရာများကို ဖော်ပြသည်။ အာလူးစတင်စိုက်ပျိုးချိန်တွင်လည်း လယ်သမားများနှင့် စိုက်ပျိုးရေးပညာရှင်များက စိုက်ပျိုးရေးလုပ်ငန်းအဆင့်ဆင့်၊ မြေဆီလွှာအစိုဓာတ်ရရှိမှုအဆင့်၊ မြေသားနှင့်သကြားဓာတ်ပါဝင်မှု စသည်တို့ကိုစောင့်ကြည့်စစ်ဆေးသည်။

တိကျသောရေပေးဝေမှုစနစ်

တိကျသောရေပေးဝေမှုပြုလုပ်ရန်အတွက် နောက်ဆုံးပေါ်ကိရိယာများဖြင့် မြေဆီလွှာရှိ ရေဓာတ်ပါဝင်မှုနှင့် ရေငွေ့ပျံမှုနှုန်းကိုတိုင်းတာသည်။ ရေဓာတ်လိုသလောက်ရရှိနိုင်ရန်အတွက် ရေပေးဝေမှုစနစ်တွင် GPS နည်းပညာကိုအသုုံးပြုသည်။ လယ်သမားများ ရေပေးဝေမှုစနစ် ကိုမြှင့်တင်နိုင်ရန်အတွက် နောက်ဆုံးပေါ်နည်းပညာအဖြစ် ရာသီဥတုအားစောင့်ကြည့်သည့်စနစ်ကိုအသုံးပြုသည်။

စနစ်ကျသောအာလူးရိတ်သိမ်းခြင်းနှင့် သိုလှောင်ခြင်း

ရိတ်သိမ်းချိန်တွင် အာလူးများ၏ပုံသဏ္ဍာန်ကိုသာ ဂရုုပြုရမည်မဟုတ်ဘဲ အာလူးတွင်ပါဝင်သော သကြားဓာတ်သည် သိုလှောင်မှုနှင့် ကြာရှည်ခံပြုလုုပ်မှုအတွက် သင့်တော်သော အဆင့်တွင် ရှိ၊မရှိကိုပါ ဂရုပြုရမည်ဖြစ်သည်။ အမေရိကန်အာလူးစိုက်ပျိုးသူများသည် အာလူးများရိတ်သိမ်းချိန်၊ စစ်ဆေးချိန်နှင့် သယ်ယူပို့ဆောင်ချိန်များတွက် အလေအလွင့်နည်းစေရန်အတွက် နောက်ဆုံးပေါ် ကိရိယာများတွင် ရင်းနှီမြုပ်နှံကြသည်။ သီးနှံများသည် USDA အေဂျင်စီများ၏ စစ်ဆေးခြင်းနှင့် အရည်အသွေးသတ်မှတ်ခြင်းကိုခံရသည်။ ထို့နောက်မှ ကြာရှည်ခံပြုလုပ်ရန်အတွက် (သို့) အရည်အသွေးနှင့် အာဟာရဓာတ်များ အကောင်းဆုံးရှိနေစေရန် ရာသီဥတုအလိုက်သိုလှောင်ရန်စီစဉ်ထားသောနေရာများသို့ ပို့ဆောင်ကြသည်။

my_MMMyanmar