Error message

  • Deprecated function: Methods with the same name as their class will not be constructors in a future version of PHP; nodequeue_queue has a deprecated constructor in include_once() (line 1374 of /home/potapawi/public_html/includes/bootstrap.inc).
  • Deprecated function: Array and string offset access syntax with curly braces is deprecated in include_once() (line 3478 of /home/potapawi/public_html/includes/bootstrap.inc).
  • Deprecated function: The each() function is deprecated. This message will be suppressed on further calls in _menu_load_objects() (line 579 of /home/potapawi/public_html/includes/menu.inc).
  • Deprecated function: implode(): Passing glue string after array is deprecated. Swap the parameters in drupal_get_feeds() (line 394 of /home/potapawi/public_html/includes/common.inc).
  • Notice: Trying to access array offset on value of type int in element_children() (line 6595 of /home/potapawi/public_html/includes/common.inc).

Potato Products

U.S. ဟင်းချက်အာလူးများ

အာလူးအဓိကထုတ်လုပ်သောသောနိုင်ငံများထဲတွင် အမေရိကန်နိုင်ငံသည် နှစ်စဉ်အာလူးမက်ထရစ်တန်ပေါင်း သန်း၂၀ကျော်ကို ထုတ်လုပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုသို့ထုတ်လုပ်နိုင်ရသည့်အကြောင်းအရင်းများထဲတွင် အာလူးစိုက်ပျိုးရန်သင့်လျော်သောမြေဆီလွှာနှင့် ရာသီဥတုရှိခြင်း၊ ရေပေးဝေရေးစနစ်ကောင်းမွန်ခြင်း၊ အာလူးစိုက်ပျိုးရေးလုပ်ငန်း၏ သုတေသနနှင့် နည်းပညာတိုးတက်စေရန် အစဉ်ကြိုးစားအားထုတ်ခြင်း၊ U.S. အာလူးစိုက်ပျိုးသူများကိုနံပါတ်တစ် အဖြစ် ကမ္ဘာကအသိအမှတ်ပြုစေရသည့်ကောင်းမွန်သောအစဉ်အလာများကို ထိန်းသိမ်းထားခြင်းတို့ပါဝင်သည်။ အထက်ပါအကြောင်းအရင်းများကြောင့် U.S. အာလူးများသည် အရည်အသွေး၊တစ်သမတ်တည်းဖြစ်မှုနှင့် ရွေးချယ်နိုင်မှုတို့တွင် ပြိုင်ဖက်ကင်းနေခြင်းဖြစ်သည်။

  • အရည်အသွေး

    U.S.အာလူးများတွင် ပြိုင်ဖက်ကင်းအရည်အသွေးများရှိနေရခြင်းမှာစည်းကမ်းတင်းကျပ်သော U.S. အာလူးမျိုးဥအရည်အသွေးထောက်ခံချက်စနစ်မှ ထောက်ခံချက်ရရှိထားသောအရည်အသွေးမှန် မျိုးဥများကြောင့် ဖြစ်သည်။ အာလူးအဓိကစိုက်ပျိုးသောအရပ်ဒေသများရှိနေ့တာရှည်ကာ နွေးထွေးပြီးညဘက်တွင် အေးသောရာသီဥတုကြောင့်လည်း U.S. အာလူးများကိုအရေအတွက် အများဆုံးထုတ်နိုင်ပြီးအရည်အသွေးတစ်သမတ်တည်းဖြစ်စေကာအနာအဆာနည်းစေခြင်းဖြစ်ပြီးအလွန်အေးသောဆောင်းရာသီသည် ပင်ဖျက် ပိုးများနှင့် ရောဂါပိုးများကိုကာကွယ်ပေးသည်။

    အမေရိကန်တွင် အာလူးစိုက်ပျိုးမှုလုပ်ငန်းသည် ကြီးမားသောမိသားစုစီးပွားရေးလုပ်ငန်းဖြစ်ပြီးမျိုးဆက် တစ်ခုမှတစ်ခုလက်ဆင့်ကမ်းလာခဲ့သောအတွေ့အကြုံများကြောင့်လည်းထိပ်တန်းအရည်အသွေးရှိထုတ်ကုန်များကိုထုတ်လုပ်နိုင်ကြခြင်းဖြစ်သည်။ ၁၉၉၀အစောပိုင်းကတည်းကရှိခဲ့သော အတွေ့အကြုံများကိုပြန်လည်သုံးသပ်ခြင်းဖြင့် U.S. အာလူးစိုက်ပျိုးသူများသည် ၎င်းတို့၏ သီးပင်များအတွက် ဂုဏ်ယူကြသည်။

  • ရွေးချယ်နိုင်မှု

    U.S. အာလူးစိုက်ပျိုးသူများသည် လတ်ဆတ်သောအာလူးအမျိုးပေါင်း ၁၀၀ ကျော်စိုက်ပျိုးလျက်ရှိသည်။ ၎င်းအာလူးအမျိုးပေါင်း ၁၀၀ကျော်အားမျက်လုံးပါသောအာလူးညို၊ အာလူးနီ၊ အာလူးဖြူ၊ အာလူးဝါ၊ အပြာရောင်/ခရမ်းရောင် အာလူး၊ လက်ချောင်းသဏ္ဌာန်အာလူးနှင့် အာလူးပုဆိုသောခေါင်းစဉ်(၇)ခုအောက်တွင် အမျိုးအစားပြန်လည်ခွဲခြားထားသည်။ ၎င်းအာလူးများအား အရွယ်အစား၊ အာလူးသား၊ အရောင်နှင့််အရသာတို့ဖြင့်ပြန်လည်ခွဲခြားထားခြင်းကြောင့် မိမိလုပ်ငန်းနှင့်သင့်တော်သောအာလူးအားရွေးချယ်ရပိုမိုလွယ်ကူစေပြီးထုပ်ပိုးမှုပုံစံအမျိုးမျိုးတို့ဖြင့်ဝယ်ယူရရှိနိုင်သည်။ အထက်ပါအချက်များကြောင့် အာလူးကိုချက်ပြုတ်နည်းသစ်များနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များအတွက် သင့်တော်သောထုတ်ကုန်ဖြစ်လာသည်။ ၎င်းအာလူးများ၏ ထူးခြားသောလက္ခဏာများနှင့် ရွေးချယ်စရာအမျိုးအစားများကိုအောက်ဖော်ပြပါစာမျက်နှာများတွင် မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

တစ်သမတ်တည်းဖြစ်မှု


ဖော်ပြချက်အညွှန်း

အာလူးနီများသည် အသေးမျိုး(သို့) ပုံမှန်အရွယ်အစားရှိပြီး လုံးဝိုင်းသော (သို့) အနည်းငယ် ရှည်မျောမျော သဏ္ဍာန်ရှိသည်။ ချောမွတ်ပါးလျသော အနီရောင်အခွံရှိ၍ အာလူးသားအဖြူဖြစ်သည်။ စေးကပ်စိုစွတ်ပြီး ချောမွတ်ကာ နူးညံ့သောအာလူးသားရှိပြီး အာလူးနီများသည် မသိမသာချို၍ သကြားပါဝင်မှု အလယ်အလတ်အဆင့်ရှိသည်။

အသုံးပြုသင့်သောနေရာများ

၎င်းတို့၏ စေးကပ်သော အာလူးသားကြောင့် အာလူးနီများသည် ကင်သည်ဖြစ်စေ၊ စတူးတွင်ထည့်ချက်သည်ဖြစ်စေ ချက်ပြုတ်ချိန်တစ်လျှောက်လုံးတွင် သိပ်သည်းကျစ်လစ်မှုရှိသည်။ ပါးလွှာသော်လည်း တောက်ပသော အနီရောင်အာလူးခွံကြောင့် တွဲဖက်ဟင်းပွဲတွင်သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်သုပ်များပြုလုပ်ရာတွင်သော်လည်းကောင်း အရောင်နှင့် အာလူးအရသာသည် ပိုမိုဆွဲဆောင်နိုင်သည်။ အာလူးနီများကို နူးညံ့၍စေးကပ်သော အာလူးသုပ်ပြုလုပ်ရာတွင်လည်းကောင်း၊ ပီဇာ၊ ဟင်းရည်နှင့် စတူးများချက်ပြုတ်ရာတွင်လည်းကောင်း အသုံးပြုလေ့ရှိသည်။ အာလူးထောင်း (သို့) အာလူးကင် အနေနှင့်စားသုံးလျှင်လည်း အရသာရှိသည်။

 Profile --- အာလူးနီ အာလူးနီ

ဖော်ပြချက်အညွှန်း

အရွယ်အစားအားဖြင့် အလယ်အလတ်မှ အကြီးဆုံးအရွယ်ထိရှိသော Russets အာလူးသည် အနည်းငယ်ပြားကာဘဲဥပုံစံရှိသည်။ အညိုရောင် (သို့) အညိုဖျော့ရောင်၊ ပိုက်ကွန်ကဲ့သို့အခွံနှင့် အတွင်းအာလူးသားသည် အဖြူရောင်မှ အဝါဖျော့ရောင်ထိရှိသည်။ အာလူးအတွင်းသားသည် ထူသည်၊ ခြောက်သည်၊ အရသာခပ်ပေါ့ပေါ့ရှိပြီးမွရွသည်။ အာလူးအခွံသည် ချက်ပြုတ်လိုက်သောအခါ အရသာနှင့်ပြည့်စုံသည်။ မြေသင်းနံ့ပျော့ပျော့ပါသောအရသာဟုမှန်းဆထားနိုင်ပြီး သကြားပါဝင်မှု အလယ်အလတ်အဆင့်ရှိသောအာလူးဖြစ်သည်။

အသုံးပြုသင့်သောနေရာများ

Russets အာလူးများသည်ချက်လိုက်သောအခါအပြင်ဖက်တွင်ကြွပ်ရွပြီးအတွင်းသားမွမွလေးဖြစ်နေစေသောမီးဖုတ်ခြင်းနှင့် ကြော်လှော်ခြင်းတို့အတွက်ရွေးချယ်နိုင်သည်။ အတွင်းသားခပ်ပွပွနှင့်ပေါ့သောအရသာကြောင့် အာလူးထောင်းပြုလုပ်ရန် အထူးသင့်တော်သည်။မီးဖုတ်ခြင်းကြောင့်ရရှိလာသောအရသာနှင့် ခပ်ပွပွအတွင်းသားသည် မည်သည့် topping နှင့်မဆိုလိုက်ဖက်ပြီးရိုးရိုးsour creamနှင့် ကြက်သွန်မြိတ် topping တို့မှအစ နှင့်မြေထဲပင်လယ်နှင့်လက်တင်ဒေသဟင်းခတ်အမွှေးအကြိုင်များအထိအတူတွဲဖက်စားရန် သင့်တော်သည်။ ၎င်းအာလူးကို အရှည်လိုက် (သို့) အတုံးလိုက်လှီးကာ oven တွင် မီးကင်၍လည်းချက်ပြုတ် နိုင်သည်။

 Profile --- မျက်လုံးပါသောအာလူးညို မျက်လုံးပါသောအာလူးညို

ဖော်ပြချက်အညွှန်း

လက်ချောင်းသဏ္ဌာန်အာလူးများသည် လက်ချောင်းသဏ္ဍာန်အာလူးများသည် ၂-၄လက်မခန့်ရှည်လျားပြီး ၎င်းတို့နာမည်နှင့်လိုက်အောင် လက်ချောင်းသဏ္ဍာန် (သို့) ရှည်မျောမျောသဏ္ဍာန်ရှိသည်။ အခွံအရောင်မှာ အနီ ၊လိမ္မော်၊ ခရမ်း နှင့် အဖြူရောင်ရှိပြီး အာလူးသားမှာ အနီ၊ လိမ္မော်၊ ခရမ်း၊ အဝါ (သို့) အဖြူရောင်ရှိသည်။ တစ်ခါတစ်ရံတွင် အရောင်အရေးကြောင်းများ အစင်းစင်းဖြစ်လေ့ရှိသည်။ စေးကပ်ပြီးကျစ်လစ်သော အာလူးသားရှိသည်။အရသာမှာ ထောပတ်ကဲ့သို့ဆိမ့်ပြီး မြေနံ့သင်းသည်။ သကြားပါဝင်မှု အလယ်အလတ်အဆင့်တွင်ရှိသည်။

အသုံးပြုသင့်သောနေရာများ

လက်ချောင်းသဏ္ဍာန်အာလူးများ၏ အရောင်နှင့်ပုံသဏ္ဍာန်သည် မည်သည့်ဟင်းပွဲမျိုးတွင်မဆို အမြင်လှရန်အတွက် အသုံးပြုရန်သင့်တော်သည်။ ဒယ်ပြားတွင် ကြော်ခြင်းနှင့် မီးကင်ခြင်းသည် ၎င်းတို့၏ ချိုစိမ့်စိမ့်အရသာကို အထူးပေါ်လွင်စေသည်။ တမူထူးခြားသော အာလူးသုပ်ပြုလုပ်ရန်အတွက် လက်ချောင်းသဏ္ဍာန်အာလူးများကို ပြောင်းလဲအသုံးပြုနိုင်သည်။ ၎င်းအာလူးကိုအလျားလိုက် အလယ်မှလှီးဖြတ်၍ ထို့နောက် oven ဖြင့်ကင်ကာ အဆာပြေ (သို့) အရံဟင်းအဖြစ် ခရမ်းချဉ်သီးဆော့စ်၊ romesco၊ မယိုးနိစ်တို့ဖြင့် တွဲဖက်ကာ အာလူးချောင်းကြော်နေရာတွင် အစားထိုး စားသုံးနိုင်ပါသည်။

 Profile --- လက်ချောင်းသဏ္ဍာန်အာလူးများ လက်ချောင်းသဏ္ဍာန်အာလူးများ

ဖော်ပြချက်အညွှန်း

အာလူးဖြူများသည် အသေးမျိုး(သို့) ပုံမှန်အရွယ်အစားရှိပြီး လုံးဝိုင်းသော (သို့) ရှည်လျားသောသဏ္ဍာန်ရှိ၍ အဖြူရောင် (သို့) နေလောင်ခံအညိုရောင်အခွံရှိသည်။ အာလူးသားအဖြူဖြစ်သည်။ ကစီဓာတ်ပါဝင်မှုအသင့်အတင့်ရှိပြီး အနည်းငယ် နူးညံ့၍ သိပ်သည်းသော အာလူးသားနှင့် ပါးလွှာပြီးနူးညံ့သော အခွံရှိသည်။ အာလူးဖြူများသည် မသိမသာချိုပြီး အရသာပေါ့ကာ သကြားပါဝင်မှုနည်းသည်။

အသုံးပြုသင့်သောနေရာများ

အာလူးဖြူများသည် ချက်ပြုတ်ပြီးနောက်တွင်လည်း ၎င်းတို့၏ပုံသဏ္ဍာန်ကို ကောင်းမွန်စွာ ဆက်လက်ထိန်းထားနိုင်သည်။ ၎င်းတို့၏ သေးငယ်ပါးလွှာသော အာလူးခွံသည် ကတ္တီပါကဲ့သို့နူးညံ့သော အာလူးထောင်းနှင့်လိုက်ဖက်သောကြောင့် အခွံမခွာဘဲ ချက်ပြုတ်နိုင်သည်။ အာလူးဖြူအား ကင်စားခြင်းဖြင့် ၎င်း၏အရသာကို ပိုမိုပေါ်လွင်စေသည်။ အာလူးဖြူများအား ကြော်စား၍လည်းကောင်းသည်။ တမူထူးခြားသောအာလူးသုပ်ဖန်တီးရန်အတွက် ကျက်ပြီးသားအာလူးဖြူကို အခြားအသုပ်များတွင် အသုံးပြုသော ပါဝင်ပစ္စည်းများနှင့် dressing များ ဖြစ်သော Caesar dressing နှင့် ခြစ်ထားသော Parmesan ချိစ် (သို့) Ranch dressing၊ လှီးထားသော ကြက်ဥပြုတ်နှင့် ခြေထားသောဝက်ပေါင်ခြောက်များကိုထည့်၍ပြုလုပ်နိုင်ပါသည်။

 Profile --- အာလူးဖြူ အာလူးဖြူ

ဖော်ပြချက်အညွှန်း

အာလူးပုများသည် သေးငယ်ပြီး USDA မှသတ်မှတ်ထားသော အဆင့်များအရ “C-size” နှင့် သေးငယ်သောအရွယ်အစားရှိပြီး တစ်ခါတစ်ရံတွင် ပုလဲလုံး (သို့) ဂေါ်လီလုံးဟု ရည်ညွှန်းကြ သည်။ ၎င်းတို့သည် အရွယ်အစားကြီးမားသော အာလူးအမျိုးအစားများနှင့် အခွံ/အတွင်းသား အရောင်၊ အရွယ်အစား၊ အာလူးသားနှင့် သကြားပါဝင်မှုနှုန်းတူညီသည်။ အာလူးအတွင်းသား အရသာသည် ကြီးမားသောအာလူးများနှင့်ဆင်တူသော်လည်း အာလူးပုများ၏ အရသာသည် ပို၍ပြင်းသည်။

အသုံးပြုသင့်သောနေရာများ

အရောင် အမျိုးမျိုးရှိသောအာလူးများကို ရော၍ကြော်ချက်ကာ အရောင်အသွေးစုံလင်သောဟင်းပွဲ ဖန်တီးနိုင် သည်။ ပြင်းသောအရသာနှင့်အကျက်မြန်ခြင်းတို့ကြောင့် အာလူးပုများသည် အသုပ်များအတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ သံလွင်ဆီ၊ rosemary အရွက်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် အရောင်စုံ၊ အရသာရှိသော ရိုးရှင်းသည့် အာလူးမီးကင် ပြုလုပ်နိုင်သည်။ ၎င်းတို့အားလှီးရန် (သို့) အခွံခွာရန်မလိုဘဲ အသုံးပြုနိုင်သောကြောင့် ပြင်ဆင်ချိန်ကို လျော့နည်းစေသည်။

 Profile --- အာလူးပု အာလူးပု

ဖော်ပြချက်အညွှန်း

ခရမ်းရောင်-အပြာရောင်အာလူးများသည် သေးငယ်သောအရွယ်အစားမှ အလယ်အလတ်ထိရှိပြီး ရှည်မျောမျောသဏ္ဍာန်မှ လက်ချောင်းသဏ္ဍာန်ထိရှိသည်။ ခရမ်းရင့်ရောင်၊ အပြာရောင် (သို့) အနည်းငယ်နီသောအရောင်ရှိသည့်အာလူးခွံရှိပြီး အပြာရောင်၊ လာဗင်ဒါခရမ်းရောင်၊ ပန်းရောင် (သို့) အဖြူရောင်အာလူးသားရှိသည်။ ခရမ်းရောင်-အပြာရောင်အာလူးတွင် စိုစွတ်ပြီး ကျစ်လစ်သော အာလူးသားရှိပြီး မြေနံ့သင်းကာ စိမ့်သောအရသာရှိသည်။ခရမ်းရောင်-အပြာရောင်အာလူးများတွင် သကြားပါဝင်မှုနည်းသည်။

အသုံးပြုသင့်သောနေရာများ

ခရမ်းရောင်/အပြာရောင်အာလူးများသည် အများအားဖြင့် စိုစွတ်ကာ ကျစ်လစ်သောအာလူးသား ရှိပြီး ချက်ပြုတ်ရာတွင် ပုံစံမပျက်ဘဲ အသုပ်သုပ်သည့်အခါများတွင် ၎င်း၏ တောက်ပ သောအရောင်နှင့် ကောင်းမွန်သောအရသာကို ပိုမိုပေါ်လွင်စေသည်။ Microwave ဖြင့် ချက်ပြုတ်ခြင်းသည် အာလူး၏ခရမ်းရောင်အား အကောင်းဆုံးထိန်းထားနိုင်သော်လည်း ပေါင်းခြင်းနှင့် မီးဖုတ်ခြင်းတို့ သည် ခရမ်းရောင်-အပြာရောင်အာလူးများချက်ပြုတ်ရန်အတွက် အထူးသင့်တော်သော နည်းလမ်းများ ဖြစ်သည်။ ၎င်းတို့၏ မပြင်းသော်လည်း ထူးခြားစွာစိမ့်သောအရသာကြောင့် အစိမ်းရောင်အရွက်သုပ်များနှင့် လိုက်ဖက်သည်။ ခရမ်းရောင်-အပြာရောင်အာလူးများကို အာလူးနီနှင့် အာလူးဖြူများနှင့်ရောကာ အသုပ်များ (သို့) အကင်ပေါင်းစုံပြုလုပ်ခြင်းဖြင့် အာလူးအရောင်သုံးရောင်လုံးကို ပေါ်လွင်ထင်ရှားစေသည်။

 Profile --- ခရမ်းရောင်/အပြာရောင်အာလူး ခရမ်းရောင်/အပြာရောင်အာလူး

ဖော်ပြချက်အညွှန်း

အာလူးဝါများသည် ဂေါ်လီလုံးအရွယ်အစားမှ ကြီးသောအရွယ်အစားထိရှိပြီးအလုံး (သို့) လေးထောင့်စပ် သဏ္ဍာန်ရှိသည်။ အခွံသည် အညိုဖျော့မှ ရွှေရောင်ထိရှိပြီးအနည်းငယ်စေးကပ်ကာအစိုဓာတ်ပြည့်ဝသော အတွင်းသားသည် အဝါရောင်မှရွှေရောင်ထိရှိသည်။ အာလူးဝါများသည် အနည်းငယ်ချိုကာထောပတ်အရသာ ပြည့်ဝပြီး သကြားပါဝင်မှုအလယ်အလတ်အဆင့်ရှိသည်။

အသုံးပြုသင့်သောနေရာများ

အာလူးဝါများသည် ၎င်းတို့၏ထူးခြားသောထောပတ်အရသာနှင့် နူးညံ့သောအာလူးသားကြောင့် စားသုံးသူများနှင့် စားဖိုမှူးများကြားတွင် သိသိသာသာရေပန်းစားလာခဲ့သည်။ မီးသွေးဖြင့်မီးကင်ခြင်းသည် ကြွပ်ရွသောအခွံနှင့် ၎င်းတို့၏ထူးခြားသောထောပတ်အရသာနှင့် နူးညံ့သောအာလူးသားကို ပိုမိုကောင်းမွန်စေကာ အနည်းငယ်ချိုသော မီးသင်းသကြားအုပ်ထားသည့်အရသာကိုဖြစ်စေသည်။ နူးညံ့သောအာလူးသားနှင့် ရွှေရောင်အာလူးဝါကို သုံးခြင်းကြောင့် ပိုမိုအရသာပေါ့ပြီး အာဟာရရှိသောဟင်းလျာများချက်ပြုတ်ရာတွင် ထောပတ်ကို အနည်းငယ်သာ (သို့) လုံးဝသုံးစရာမလိုတော့ပေ။ သဘာဝအားဖြင့်ချော့မွေ့သောအာလူးသားသည် အာလူးဖုတ်၊ အာလူးကင် (သို့) အာလူးထောင်းများကို အရသာပေါ့ပေါ့ဖန်တီးရာတွင်အထူးကောင်းမွန်သည်။ ချက်ပြုတ်ကြော်လှော်ခြင်းမပြုမီ အာလူးဝါများကို မီးအေးအေးတွင်နှပ်ပါ။ ထို့နောက် အရည်များကိုသွန်ကာ အအေးခံပြီး အပြားများဖြစ်အောင် အာလူးကို ခပ်ဖွဖွထောင်းပါ။ ပြီးနောက် ဆီ (သို့) သန့်စင်ထားသော ထောပတ်ခဲတွင် အညိုရောင်သမ်းသည်အထိ ကြော်ပြီး ဒိန်ချဉ်နှင့် ဟင်းခတ်အမွှေးအကြိုင် (သို့) အခြားကြက်သွန်မြိတ်၊ နံနံပင် စသည်တို့ကို ဖြူးပြီး စားမြိန်စရာ (သို့) တွဲဖက်ဟင်းပွဲအဖြစ် တည်ခင်းနိုင်သည်။

 Profile --- အာလူးဝ အာလူးဝ