× Close

Potatoes USA Disclaimer

Please Note: You have clicked on a link to a website maintained by a third party and are about to leave the Potatoes USA website. The external link should not be considered an endorsement by Potatoes USA of the third party website or the company or organization that owns it, and Potatoes USA is not responsible for the accuracy or nature of the content of the linked website.

Click ‘OK’ to continue, or ‘Cancel’ to return to usapotatotransfer.domain

OK Cancel

အာလူးစိုက်ပျိုးသူ ကိုယ်ရေးအကျဉ်းများ

Return To Grower Profiles

အဲရစ် ရှရိုဒါ

ရှရိုဒါ ညီအစ်ကိုများ စိုက်ခင်း

အန်တီဂိုဝစ္စကွန်စင်ပြည်နယ်

စိုက်ပျိုးသော အာလူးများ

  • အာလူးမျိုးဥ

ပဉ္စမမျိုးဆက် အာလူးစိုက်ပျိုးသူ

ပဉ္စမမျိုးဆက်အာလူးစိုက်ပျိုးသူဖြစ်တဲ့ အဲရစ် ရှရိုဒါဟာ မိသားစုဝင်တွေနဲ့အတူ စိုက်ခင်းမှာ အတူတကွ အလုပ်လုပ်ကြပါတယ်။ ရှရိုဒါရဲ့ အဖေနဲ့ ဦးလေးတွေဆိုရင် ခုထိ မိသားစုလုပ်ငန်းမှာ ထဲထဲဝင်ဝင် ပါဝင်နေသေးပြီး သူတို့ရဲ့ အတွေ့အကြုံ ပညာတွေကို နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းနေတာပါ။ ရှရိုဒါရဲ့ အမေဟာလည်း ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ကိုင်တွယ်ပေးပါသေးတယ်။

ရှရိုဒါ ညီအစ်ကိုများ စိုက်ခင်းကနေ ထွက်ရှိတဲ့ အာလူးမျိုးဥတွေကို နိုင်ငံအနှံ့အပြားမှာရှိတဲ့ တခြား အာလူးစိုက်ပျိုးသူတွေ ဆက်လက်စိုက်ပျိုးဖို့အတွက် တင်ပို့ပါတယ်။ အာလူးမျိုးဥ ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုကတော့ မျိုးဥကို နှစ်ပိုင်းသုံးပိုင်း ပိုင်းလိုက်ပြီး အဲဒီအပိုင်းတစ်ခုစီကို ဆက်လက် စိုက်ပျိုးလို့ ရပါတယ်။ ရှရိုဒါက “အာလူးအများကြီးစိုက်ဖို့ အာလူးတစ်လုံးပဲလိုတယ်” လို့ ဆိုပါတယ်။ ဝစ္စကွန်စင်ပြည်နယ် မြောက်ပိုင်းက တခြား စီးပွားဖြစ် အာလူးစိုက်ပျိုးသူတွေနဲ့ သီးခြားဖြစ်နေတဲ့အတွက် ရောဂါဘယတွေ ကင်းဝေးနေတာပါ။ ဝစ္စကွန်စင်မှာဆိုရင် ရိတ်သိမ်းရာသီက ဩဂုတ်လကုန်ဆို စတင်ပြီး အောက်တိုဘာ တတိယပတ်လောက်မှာ ပြီးလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ နွေဦးရာသီက အေးခဲ့တာကြောင့် စိုက်ပျိုးတာ နောက်ဆုတ်ခဲ့ရပြီး ရိတ်သိမ်းဖို့ကလည်း နောက်ကျသွားပါလိမ့်မယ်။ ရှရိုဒါ ညီအစ်ကိုများ စိုက်ခင်းဟာ အာလူးစိုက်တဲ့ နိုင်ငံအနှံ့အပြားက နေရာတွေ အကုန်လုံးနီးပါးကို တင်ပို့နိုင်တဲ့နေရာ အလယ်တည့်တည့်လောက်မှာ ရှိတာပါ။

ထူးခြားချက် တစ်ခုကတော့ ရှရိုဒါရဲ့ခယ်မ ဖွင့်ထားတဲ့ မြို့ထဲက ဖက်ရှင်ဆိုင်လေးမှာ အာလူးတွေ ရောင်းတာပါပဲ။ အဲဒီဆိုင်လေးက ရေကန်ကြီးတွေဆီ လာလည်တဲ့ ခရီးသွားတွေကြားထဲမှာ ထင်ရှားတဲ့ နေရာတစ်ခုပါ။ ရှရိုဒါ ညီအစ်ကိုများ စိုက်ခင်းမှာ ကိုယ်ပိုင်အာလူးပြတိုက်လည်း ရှိပါသေးတယ်။ အာလူးပြတိုက်မှာဆိုရင် ရှေးဟောင်း အာလူးစိုက်ခင်းသုံး ကိရိယာတွေ တွေ့နိုင်ပြီး နှစ်ကာလကြာမြင့်လာတာနဲ့အမျှ စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်လာပုံကို မြင်နိုင်ပါတယ်။

ရှရိုဒါက ဇနီး၊ ကလေးနှစ်ယောက်နဲ့အတူ အခြားမိသားစုဝင်တွေရောက အန်တီဂို၊ ဝစ္စကွန်စင်ပြည်နယ်မှာ နေထိုင်ကြပါတယ်။ စိုက်ခင်းမှာ ရှိမနေတဲ့အချိန်ဆို ရှရိုဒါဟာ သားရဲ့ ဟော်ကီအသင်းကို နည်းပြရင်ပြ၊ မပြရင် သမီးကို ကျွမ်းဘားလေ့ကျင့်ရေးဆီ လိုက်ပို့နေတာပါပဲ။

my_MMMyanmar