ရှလောစကီးစိုက်ခင်းမှ ရေချွေတာပုံကို လေ့လာခြင်း
ရှလောစကီး အဘိုးလေးတွေဟာ ငယ်ငယ်တုန်းကဆိုရင် ကျောင်းပြန်တာနဲ့ လက်ထဲမှာ ရေခဲမုန့်ကိုင်ပြီး အာလူးစိုက်ခင်းဆီ အလုပ်လုပ်ဖို့ တန်းပြေးတော့တာပါပဲ။ ၈၇ နှစ် ရှိပြီဖြစ်တဲ့ ချတ်ဟာ စိုက်ခင်းမှာ အလုပ်လုပ်သက် ၈၃ နှစ် ရှိနေပြီ ဖြစ်ပြီး အသက် ၇ နှစ် အရွယ်ကတည်းက ထွန်စက်စမောင်းခဲ့တာပါ။
ရှလောင်းစကီး အာလူးစိုက်ခင်းရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခုကတော့ စတည်ကတည်းက ပထမဆုံး တည်ဆောက်ထားတဲ့ စိုက်ခင်းအဆောက်အအုံဟောင်းတစ်ခု ဖြစ်ပြီး ရှလောင်းစကီး မိသားစုအတွက် ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာကတော့ ရွှံ့စေးပါတဲ့ မြေဆီလွှာပါပဲ။ ဒီလိုမြေဆီလွှာမျိုးက မိုးရေတွေကို ကောင်းကောင်းထိန်းထားနိုင်ပြီး မိုးလုံလုံလောက်လောက်ရွာတဲ့ တစ်ချို့နှစ်တွေမှာဆိုရင် တစ်နှစ်ပတ်လုံး အာလူးတွေကို ရေပေးဖို့တောင် မလိုပါဘူး။ အာလူးတွေ ရေထပ်လိုလာပြီဆိုရင်လည်း ကွန်နတီကပ်မြစ်နဲ့ ဆက်ထားတဲ့ ဗဟိုရေထုတ်သွင်းစနစ်တစ်ခု ထည့်သွင်းပြင်ဆင်ထားပါသေးတယ်။
ဇွန်လလယ် ဒီဗီဒီယို ရိုက်ကူးခဲ့တဲ့အချိန်မှာ ရှလောင်းစကီးစိုက်ခင်းမှာရှိတဲ့ အာလူးတွေဟာ စိုက်ထားတာ ရက် ၄၀ သက်တမ်း ရှိနေပြီး ထွန်ရေးကြောင်းတွေ မစေ့သေးပါဘူး။ မြေပေါ်က အာလူးပင်တွေ ကြီးလာတာကြောင့် ထွန်ရေးကြောင်းတွေ စေ့သွားပြီး ရက် ၄၀ ကြာရင် အာလူးတွေကို ရိတ်သိမ်းလို့ ရပါပြီ။ ဘော်စတွန်လို မြို့ကြီးတွေကို နာရီအနည်းငယ်အတွင်း တင်ပို့နိုင်တာကြောင့် မက်ဆာချူးဆက်ပြည်နယ်ဟာဆိုရင် အာလူးစိုက်ဖို့ ဒေသကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
အားလပ်ချိန်တွေမှာ ကောလင်း ရှလောင်းစကီးကို လှေနဲ့ ငါးမျှားထွက်နေတာပဲ ဖြစ်ဖြစ်၊ အဖေ့ရဲ့ ကိုယ်တိုင်လုပ် အာလူးချောင်းကြော်ကို စားနေတာပဲဖြစ်ဖြစ် တွေ့နိုင်ပါတယ်။