About Potatoes USA
အပြည်ပြည်ဆိုင်ရာ စျေးကွက်ချဲ့ထွင်ရေး အစီအစဉ်များ
အမေရိကန်ပြည်ထောင်စုမှထွက်သော အာလူးထုတ်ကုန်များ၏ အရည်အသွေး၊ ပြတ်လတ်မှုမရှိခြင်းနှင့် အမျိုးအစားများပြားခြင်းတို့သည် တစ်မူထူးခြားသော ရောင်းချခြင်းအခွင့်အလမ်းကိုပေးစွမ်းနေသည်ဟု အာလူးစိုက်သူများအနေဖြင့် ကျွနု်ပ်တို့ ယုံကြည်ပါသည်။ Potatoes USA သည် အာလူးထုတ်ကုန် အမျိုးအစားငါးမျိုးကို အရောင်းမြှင့်တင်နေပါသည်။ ၎င်းတို့မှာ လတ်ဆတ်သော အာလူးများ၊ ကြာရှည်ခံပြုလုပ်ရန်အတွက် လတ်ဆတ်သောအာလူးများ၊ အေးခဲ အာလူးထုတ်ကုန်များနှင့် ရေထုတ်ထားသော အာလူးထုတ်ကုန်များတို့ ဖြစ်ကြသည်။ သင်နှင့် စီးပွားဖက်အဖြစ် အတူတကွလုပ်ကိုင်ပြီး ဘုံရည်မှန်းချက်ဖြစ်သော အရောင်းနဲ့ အမြတ်အစွန်းများ တိုးတက်စေခြင်းသည် ကျွနု်ပ်တို့၏ ပန်းတိုင်ဖြစ်သည်။

-
လက်လီရောင်းချခြင်း
စားစရာများကို လက်လီဝယ်ယူစားသုံးသူသည် အရည်အသွေးနဲ့ အဆင်ပြေလွယ်ကူမှုကိုသာ အဓိကထားလိမ့်မည်ဖြစ်သည်။ Potatoes USA ၏ ထုတ်ကုန်များသည် ထိုအချက်၂ချက်နှင့်ပြည့်စုံရုံသာမက Potatoes USA သည် အာလူးလက်လီရောင်းချသူများ မည်ကဲ့သို့ အမြတ်အစွန်းကို တိုးတက်စေနိုင်မည်ကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလျက်ရှိသည်။
-
စားသောက်ကုန်ဝန်ဆောင်မှု
အဆုံးမရှိနိုင်အောင် အမျိုးစုံလင်သော ထုတ်ကုန်များနဲ့ ပြင်ဆင်ပုံနည်းလမ်းများကြောင့် အာလူးသည် စားစရာဝန်ဆောင်မှုအတွက် ရနိုင်သော စွယ်စုံရထုတ်ကုန်များအနက်မှ တစ်ခု ဖြစ်လာသည်။ Potatoes USA သည် အာလူးကို သင်၏ စားသောက်ဖွယ်စာရင်းတွင် အမြတ်အစွန်းများသော စားစရာတစ်ခုဖြစ်လာအောင် ကူညီပေးနိုင်သည်။
-
ပါဝင်ပစ္စည်းများ
အစားအသောက်တီထွင်ဖန်တီးသူများနှင့် ထုတ်လုပ်သူများသည် ၎င်းတို့၏ စားသောက်ကုန်များကို ပိုမိုကောင်းမွန်စေရန် အာလူးကို မမျှော်လင့်ထားသော ပါဝင်ပစ္စည်းအသစ်တစ်ခုအဖြစ် ထည့်သွင်းနိုင်သည်။ သုတေသနများအရ U.S Potato အား ပါဝင်ပစ္စည်းအနေနှင့် အသုံးပြုခြင်းအကျိုးအမြတ်အနေဖြင့် အစားအသောက်တီထွင်ဖန်တီးသူများနှင့် ထုတ်လုပ်သူများအား Potatoes USAမှ အာလူးနှင့်ဆိုင်သော အသိပညာများ၊ အထောက်အပံ့များနှင့် ထုတ်ကုန်နမူနာများကို ပံ့ပိုးပေးသည်။
-
စားသုံးသူနှင့် ဆက်ဆံရေး
အာလူးများသည် အချက်အပြုတ်ကမ္ဘာကို ဝင်ရောက်ရန် လမ်းစတစ်ခုဖြစ်ပါသည်။ Potatoes USA မှ စီမံသော ဈေးကွက်ချဲ့ထွင်ရေး အစီအစဉ်များသည် စားသုံးသူများကို အာလူး၏ အာဟာရတန်ဖိုးများကို နားလည်စေရန် အကူအညီပေးပြီး ကမ္ဘာတဝန်းမှ လူများအား U.S အာလူးများကိုနောက်ထပ်နည်းလမ်းအသစ်များဖြင့် စားသုံးနိုင်ရန် ချက်နည်းပြုတ်နည်းကွန့်မြူးမှုများကိုလည်း ပံ့ပိုးပေးသည်။ -
အပြည်ပြည်ဆိုင်ရာအစားအသောက်အထောက်အပံ့နှင့် ဖွံ့ဖြိုးတိုးတက်ရေး (IFAD)
Potatoes USA သည် ပုဂ္ဂလိက စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ USDA ၊ USAID တို့နှင့် ပူးပေါင်းကာ U.S. ရေဓါတ်ထုတ်အာလူး ထုတ်ကုန်များကို နိုင်ငံတကာ အစားအစာအထောက်အပံ့နှင့် ဖွံဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ထည့်သွင်းရန် လုပ်ဆောင်လျက်ရှိသည်။ IFDA ၏ ဝန်ဆောင်မှုများတွင် အဖွဲ့အစည်းများအား ၄င်းတို့အစီအစဉ်များတွင် ရေဓါတ်ထုတ်ထားသောအာလူးများကို ထည့်သွင်းရန်အတွက် နည်းပညာဆိုင်ရာ ထောက်ပံ့ကူညီပေးမှုများ ပါဝင်သည်။.