3မျိုးဆက် အာလူးစိုက်ပျိုးသူ
ဂျဲရက်ဒ် စမစ်ဟာ တတိယမျိုးဆက် က် အာလူးစိုက်ပျိုးသူဖြစ်ပြီး အဖေဖြစ်သူ ဂျယ်ရီ စမစ်ဆီကနေ လုပ်ငန်းအကြောင်း သင်ယူခဲ့တာပါ။ စိုက်ခင်းမှာ သူ့အစ်ကိုနဲ့အတူ ပြန်လာအလုပ်မလုပ်ခင် ကော်လိုရာဒို ပြည်နယ်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ အခုတော့ အစ်ကိုကြီးနဲ့ တူဖြစ်သူတို့နဲ့အတူ အာလူးစိုက်ပျိုးပြီး နေထိုင်နေပါတယ်။
နွေဦးရာသီဆိုရင် ရှိသမျှ ဧက ၁၉၅၀ လုံး စိုက်ပျိုးဖို့ အချိန်ကျပါပြီ။ စိုက်ခင်းတွေထဲမှာ ထွန်ရေးကြောင်းတွေ ဖော်ပြီး အာလူးမျိုးဥတွေကို စတင်စိုက်ပျိုးပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ပေါင်းသင်ပြီး မရိတ်သိမ်းခင် နောက်ဆုံးအနေနဲ့ မြေညှိပါတယ်။ လှပတဲ့ ရာသီဥတုကြောင့်သက်သက် မဟုတ်ပဲ တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့ရသမျှ အကျိုးခံစားရတော့မှာကြောင့် ရိတ်သိမ်းရာသီဟာ သူ့အကြိုက်ဆုံး ရာသီပဲလို့ စမစ်က ဆိုပါတယ်။
ထုပ်ပိုးရုံမှာဆိုရင် အာလူးထုပ်ပိုးပုံ လုပ်ငန်းစဉ်တွေက နည်းပညာကြောင့် သိသိသာသာ တိုးတက်မြန်ဆန်လာတာ တွေ့ရပါတယ်။ အက်စ်သုံးလုံး မွေးမြူရေးခြံကို ၁၉၆၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး တစ်နေ့ကို အာလူးအနည်းငယ်သာ ထုပ်ပိုးနိုင်ခဲ့တာပါ။ ဒီနေ့ခေတ်မှာတော့ နောက်ဆုံးပေါ် နည်းပညာတွေက ထုပ်ပိုးမှုလုပ်ငန်းစဉ်ကို ပိုမိုတွင်ကျယ်စေခဲ့ပါတယ်။ လောင်စာဆီ သုံးစွဲမှုကို လျှော့ချပေးနိုင်တဲ့ ထွန်စက်အသစ်တွေကိုလည်း ထပ်မံဝယ်ယူထားပါတယ်။
စမစ်က သူ့ပတ်ဝန်းကျင် အတွက်သာမက အာလူးလုပ်ငန်းတစ်ခုလုံး အတွက်လည်း ထဲထဲဝင်ဝင် လုပ်ကိုင်နေတာပါ။ ယူအက်စ်အာလူးများရဲ့ အမှုဆောင် ကော်မတီဝင်၊ အာလူးထုပ်ပိုးရေး ဘုတ်အဖွဲ့ဝင်နဲ့ ကော်လိုရာဒို အာလူးလုပ်ငန်း ဘုတ်အဖွဲ့ဝင်လည်း ဖြစ်နေပါသေးတယ်။ နီးစပ်ရာ ပတ်ဝန်းကျင်အတွက် ဆောင်းဦးရာသီရောက်တိုင်းမှာ အမေရိကားရဲ့ အနှစ်သက်ဆုံး အသီးအနှံဖြစ်တဲ့ အာလူးပွဲတော်ကို မိသားစုလိုက် ဆင်နွှဲလို့ရတဲ့ ပွဲလမ်းအဖြစ် ဒီစိုက်ခင်းက ကျင်းပပေးနေကြ ဖြစ်ပါတယ်။