အမြတ်ရနိုင်စွမ်း
U.S. အေးခဲအာလူးများသည် ၁၀၀% U.S. အာလူးများမှထုတ်လုပ်ထားသည်။ လတ်ဆတ်သောအာလူးများ အသုံးပြုထားခြင်းကြောင့် အမြတ်ပိုမိုရရှိနိုင်ပြီး ပွဲအရေအတွက်များများ ပိုရောင်းရစေသည်။
ကမ္ဘာတစ်ဝှမ်းတွင် စျေးအတန်ဆုံးဖြစ်သည်။ ပွဲများများ ပိုထွက်ရန်အတွက် ရည်ရွယ်သော အာလူးချောင်းအရှည်များ ရရှိရန်အတွက် အရည်အသွေးမြင့် မျက်လုံးပါသောအာလူးညို (Russet) များမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ U.S. အေးခဲအာလူးချောင်းများသည် အခြားအာလူးချောင်းများထက် အချောင်းပိုရှည်သောကြောင့် ပွဲများများပိုထွက်စေပြီး အမြတ်များများပိုရစေသည်။
ပွဲပိုထွက်စေခြင်းသည် စရိတ်စုမိခြင်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အာလူးသားကျစ်ကာ အစိုဓာတ်ပါဝင်မှုနည်းသော U.S. အေးခဲအာလူးချောင်းများသည် အကြော်ဆီ ပျက်ဆီးမှုကိုလည်း နည်းစေသည်။ ပြင်ဆင်ရန်အချိန်ကိုလည်း လျှော့ချနိုင်သောကြောင့် အလုပ်သမားများများ မလိုအပ်ဘဲ လုပ်အားခကိုလည်း လျှော့ချနိုင်သည်။ U.S. အေးခဲအာလူးများသည်ကြော်ပြီးချိန်တွင် အရောင်လှခြင်း၊ အတွင်းသားမွရွခြင်းနှင့် အာလူးအရသာ အပြည့်အဝ ခံစားနိုင်သောကြောင့် သင်တို့ဆိုင်တွင် စားသုံးသူများသည် မကြာခဏ ပြန်လည်လာရောက် ဝယ်ယူစားသုံးမည်မှာ အမှန်ပင်ဖြစ်သည်။
အမျိုးအစား ရွေးချယ်ရန်များပြားသော U.S. ထုတ်ကုန်များသည် ရောင်းအားလည်း တက်စေသည်။ ဆိုင်အများစုတွင် အာလူးကြော်ကောင်တာသည် အမြတ်များများ ရှာပေးနိုင်သော နေရာဖြစ်သည်။ တက္ကသိုလ်တစ်ခု၏ စစ်တမ်းအရ မိမိတို့၏ အာလူးကြော်ကောင်တာတွင် အခြားအာလူးကြော်တစ်မျိုး ထပ်တိုးရောင်းချခြင်းက အာလူးကြော်ရောင်းချခြင်း၏ အမြတ်ငွေကို ( ၂၀ ) မှ ( ၄၀ ) ရာခိုင်နှုန်းထိ တိုးစေကြောင်း တွေ့ရှိရသည်။