U.S. Potato Industry
U.S. အာလူးကို အဘယ်ကြောင့်ဝယ်သင့်သနည်း
U.S အာလူးလုပ်ငန်းမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်အာလူးထုတ်ကုန်များကို အသုံးပြုခြင်းဖြင့် သင့်လုပ်ငန်း ကြီးထွားတိုးတက်စေရန် ဆောင်ရွက်နိုင်မည်ဟု Potatoes USA မှ ယုံကြည်ပါသည်။ မည်သည့်ထုတ်ကုန်များရနိုင်သည်ကိုနားလည်စေရန်နဲ့ ဤထုတ်ကုန်များကိုအကောင်းဆုံးအသုံးပြု နိုင်ရန်အတွက် ကူညီရန်လည်း ကျွန်ုပ်တို့အသင့်ရှိနေပါသည်။
-
အရည်အသွေးမြင့်မားခြင်း
အာလူးထုတ်လုပ်ခြင်းနှင့် အာလူးအားအဆင့်ဆင့် စီမံပြုလုပ်ခြင်းများတွင် အမေရိကန်ပြည်ထာင်စုသည် ကမ႓ာထိပ်တန်းတွင်ဦးဆောင်လျက်ရှိပြီး ဝယ်သူများစိတ်ကျေနပ်မှုရရှိစေနိုင်သောစျေးနှုန်းဖြင့် သင့်လုပ်ငန်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သောအကောင်းဆုံးထုတ်ကုန်များကို ပံ့ပိုးပေးနိုင်ပါသည်။
-
ရရှိနိုင်မှု
၀ယ်သူများတစ်နှစ်ပတ်လုံး အရည်အသွေးမြင့် အာလူးများအား အစဉ်မပြတ်ဝယ်ယူ ရရှိနိုင်ရန်အတွက် အမေရိကန်နိုင်ငံမှ အာလူးစိုက်ပျိုးသူများနှင့် United States Department of Agriculture (USDA)တို့ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။
-
ရွေးချယ်နိုင်မှု
အမေရိကန်စိုက်ပျိုးသူများနှင့် အဆင့်ဆင့်စီမံထုတ်လုပ်သူများမှ အရည်အသွေးမြင့်အာလူးများကို နည်းလမ်းအသွယ်သွယ်ဖြင့် ထုတ်လုပ်လျက်ရှိရာ ဝယ်သူများအနေဖြင့် အေးခဲအာလူး၊ ရေထုတ်ထားသောအာလူး၊ ချက်ပြုတ်ရန်အတွက် အသုံးပြုသောအာလူး၊ အာလူးပြားကြော်လုပ်သောအာလူး၊ အာလူးမျိုးဥများ စသည်ဖြင့် မိမိစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပါသည်။
-
ဝန်ဆောင်မှု
Potatoes USA မှ သင့်လုပ်ငန်းတွင် အကျိုးအမြတ်အများဆုံးရရှိနိုင်ရန်နှင့် ရောင်းအား တက်စေရန်အတွက် သင်တန်းများစီစဉ်ဆောင်ရွက်ပေးပါသည်။ ၎င်းသင်တန်းများတွင် အရောင်းမြင့်တင်ခြင်းအထောက်အပံ့၊ နည်းပညာအထောက်အပံ့၊ နမူနာများနှင့် အဆက်သွယ်များရည်ညွှန်းပေးခြင်းစသည့် ဝန်ဆောင်မှုများပါဝင်ပါသည်။