Potato Products
U.S. ရေထုတ်ထားသော အာလူးများ
U.S. အရည်အသွေးမြင့် ရေထုတ်အာလူးများကို ဝယ်ယူမည်ဆိုလျှင် ရေကိုသာ ဖယ်ထုတ်ထားသည့် အာလူးအစစ်များကို ရရှိမည်ဖြစ်သည်။ U.S. ရေဓါတ်ထုတ်အာလူးများသည် အရသာစုံ၊ အာဟာရပြည့်ဝပြီး စွယ်စုံသုံးအာလူးများကို ပိုမိုအဆင်ပြေစေသော ပုံစံဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ စွပ်ပြုတ်နှင့် အသုတ်များမှသည် အဓိကဟင်းလျာများနှင့် အချိုပွဲများအထိ အစားအစာအားလုံးအတွက် ပြီးပြည့်စုံမှုအရှိဆုံး ပါဝင်ပစ္စည်းဖြစ်သည်။ U.S. မှ ဝယ်ယူသူများအနေဖြင့် သင့်လုပ်ငန်းတိုးတက်စေရန် Potatoes USA မှ အထောက်အပံ့များလည်း ရမည်ဖြစ်သည်။ လေ့ကျင့်ရေးနှင့် ချက်ပြုတ်နည်းအကူအညီများ၊ ထုတ်ကုန်နမူနာများနှင့် အရောင်းမြှင့်တင်ရေးအကူအညီများကိုလည်း ပေးစွမ်းပါသည်။
-
အရည်အသွေး
အာလူးအစစ် အရသာအစစ်ဖြစ်သည်။
U.S. အရည်အသွေးသည် အကောင်းမွန်ဆုံး စိုက်ပျိုးရေးအခြေအနေများနှင့် အတွေ့အကြုံရှိ မျိုးဆက်များမှနေ၍ အရသာပြည့်ဝပြီး အစဉ်မပြတ်ရနိုင်သော အာလူးများကို ထုတ်လုပ်နေသည့် စိုက်ခင်းများမှ လာသည်။ U.S. ရေဓါတ်ထုတ်ထားသော အာလူးများသည် နို့နှစ်ဖြူရောင် အသားရှိသော Russet အာလူးများကို ဆန်းသစ်သောနည်းလမ်းများသုံး၍ အရည်အသွေးအကောင်းဆုံး ထုတ်ကုန်များရအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ အာလူးပင်များကို အဆင့်အမြင့်ဆုံး နည်းပညာများသုံး၍ ရေဓါတ်ထုတ်ထားခြင်းကြောင့် ရေပြန်ထည့်သွင်းထားရာတွင်လည်း မူလသဘာဝအတိုင်း လတ်ဆတ်သော အာလူး၏ အရောင်အဆင်းနှင့် အရသာကို ရရှိနိုင်သည်။ U.S. အာလူးပင်အားလုံးသည် ထုတ်လုပ်ရာတွင် အဆက်မပြတ်စေရန်၊ လုံခြံုမှုရှိစေရန်နှင့် အရည်အသွေးအာမခံချက် ရှိစေရန် တင်းကျပ်သော အစိုးရစံနှုန်းများကို လိုက်နာရသည်။
-
အမြတ်ရနိုင်စွမ်း
U.S. ရေဓါတ်ထုတ်အာလူးများသည် အချိန်နှင့် ငွေကို သက်သာစေသည်။
ဆေးစရာ၊ အခွံနွှာစရာနှင့် ပြုတ်စရာ မလိုပေ။ U.S. ရေဓါတ်ထုတ်အာလူးများသုံးခြင်းဖြင့် စွယ်စုံသုံး ပါဝင်ပစ္စည်းတစ်ခုကို ပြင်ဆင်စရာအနည်းဆုံးနှင့် သင့်လက်တကမ်းမှာ ရနိုင်ပြီဖြစ်သည်။ ဤ အဆင်ပြေလှသော ပါဝင်ပစ္စည်းကို လွယ်ကူစွာသိမ်းဆည်းနိုင်ပြီး မည်သည့်အချိန်မဆို အသုံးပြုရန် အသင့်ဖြစ်နေသည်။ အထုပ်မှထုတ်၍ တိုက်ရိုက်သော်လည်းကောင်း လွယ်ကူလျင်မြန်စွာ ရေထည့်၍သော်လည်းကောင်း ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုနိုင်သည်။ ဆော့စ်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ကုန်အခြောက်တွင် လွယ်ကူစွာ ရောထည့်နိုင်သည်။ ပြင်ဆင်ပြီးသော အာလူးများကိုလည်း အောက်ခံအနေနှင့်သုံးပြီး ဆန်းသစ်သော ဟင်းလျာများကို ဖန်တီးနိုင်သည်။
ရေထုတ်အာလူးများသည် တင်ပို့ရန် အဆင်ပြေလွယ်ကူသည်။ ရေထုတ်ထားသော ထုတ်ကုန် တစ်ကီလိုသည် ရေပြန်ထည့်လျှင် ငါးကီလိုနီးပါး ရနိုင်သည်။ နှစ်နှစ်အထိ သိမ်းဆည်းထားနိုင်သော အချက်ကလည်း အလေ့အလွင့်ဖြစ်မှုကို နည်းပါးစေပြီး လက်ကျန်စာရင်း စီမံခန့်ခွဲမှုကို လွယ်ကူစေသည်။
-
အမျိုးစုံလင်မှု
U.S. အာလူးလုပ်ငန်းသည် ရေထုတ်ထားသော အာလူးထုတ်ကုန် အမျိုးအစား မြောက်များစွာကို ထုတ်လုပ်လျက်ရှိသည်။ အချို့ထုတ်ကုန်များသည် အာလူး dices, slices, shreds, flakes, granules နှင့် flour များကဲ့သို့ပင် စွယ်စုံသုံးနိုင်သည်။ အဆိုပါ ထုတ်ကုန်များကို ကမ္ဘာတစ်ဝှမ်းရှိ စားသောက်ဆိုင်များ၊ အသင့်စားဆိုင်များ၊ ကော်ဖီဆိုင်များ၊ အဖွဲ့အစည်းများ၊ မုန့်တိုက်များနှင့် အဆာပြေမုန့် ထုတ်လုပ်ခြင်းတို့အတွက် သုံးလျက်ရှိသည်။ အကြောင်းအမျိုးမျိုးဖြင့် သုံးနိုင်ပြီး နည်းလမ်းများစွာနှင့် ပြင်ဆင်နိုင်သည်။ အရသာ၊ အာဟာရ၊ အရောင်အဆင်းနှင့် မုန့်ထွက်နှုန်း တိုးစေခြင်းသည် အကျိုးကျေးဇူးများအနက်မှ အချို့အဝက်သာ ရှိသေးသည်။
U.S. ထုတ်လုပ်သူများသည် ရေထုတ်အာလူးကုန်များကို ဝယ်ယူသူ၏ လိုအပ်ချက်အတိုင်း အသေးစိတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည်။ သွင်းကုန်ကန့်သတ်ချက်များရှိသော နိုင်ငံများသို့ တင်ပို့ရန်အတွက် ရည်ရွယ်ထားသော သဟဇာတဖြစ်သည့် ထုတ်ကုန်များကိုလည်း ရနိုင်သည်။
ဖော်ပြချက်အညွှန်း
စက်ရုံများတွင်အသုံးပြုရန်နှင့် စားသောက်ကုန်လုပ်ငန်းများတွင်အသုံးပြုရန်အတွက် ရေဓာတ် ထုတ်ထားသော အာလူး slides,dices နှင့် shreds များအား ကြာရှည်ခံအာလူးထုတ်လုပ်သူများမှ ထုတ်လုပ်ကြသည်။ လွယ်ကူသက်သာမှုကြောင့် ရေပန်းစားသည်။ အာလူးအား ဆေးကြောရန်၊ အခွံခွာရန်၊ လှီးရန်၊ အတုံးတုံးရန်နှင့် ခြစ်ရန်မလိုဘဲ စားသုံးသူအား လတ်ဆတ်သောအရသာနှင့် အာဟာရပြည့်သော အာလူးဟင်းလျာများ တည်ခင်းနိုင်သည်။ ရေဓာတ်ပြန်လည်ဖြည့်တင်းလိုက် သည်နှင့် လတ်ဆက်သောအာလူးများကဲ့သို့ပင် ကျစ်သောအာလူးသားကို ရရှိသည်။ ၎င်းအာလူး တုံးများတွင် မှတ်မိလွယ်သောအရည်အသွေး၊ အရသာနှင့် အာလူးသားတို့ရှိသောကြောင့် စားသုံးသူများ၏ အကြိုက်နှစ်သက်ဆုံး အာလူးအမျိုးအစားတွင် တစ်ခုအပါအဝင်ဖြစ်နေသည်။
အသုံးပြုသင့်သောနေရာများ
၎င်းအာလူးများအား စွပ်ပြုတ်၊ စတူး၊ အာလူးသုပ်၊ hash browns၊ casseroles နှင့် gratin စသည့် မည်သည့်အာလူးဟင်းလျာများတွင်မဆို အသုံးပြုနိုင်သည်။ အစားအသောက်ထုတ်ကုန် ထုတ်လုပ်သူ များသည် ၎င်းတို့၏ကြာရှည်ခံစည်သွပ်ဘူး၊ စွပ်ပြုတ်နှင့် စတူးဟင်းဘူးများတွင် အသုံးပြု ရန်နှင့် အဆာပြေမုန့်များပြုလုပ်ရန်အတွက် ၎င်းအာလူးများအားအသုံးပြုနိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေလျက်ရှိသည်။

ဖော်ပြချက်အညွှန်း
Standard potato flakes များသည် လူသိများပြီး အသုံးများသော ထုတ်ကုန်များဖြစ်သည်။ အရည်အသွေးကောင်းသော U.S. အာလူးများမှ ထုတ်လုပ်ထားပြီး အာလူးသားမှာ အဖြူရောင်ရှိကာ ရေဓာတ်ပြန်လည်ဖြည့်လိုက်ပါက အာလူးထောင်းကဲ့သို့ ခြောက်သွေ့ကာ ပျော့ပြောင်းပြီး အရသာရှိစေသည်။ လုပ်ငန်းရှင်များမှ ၎င်းအာလူးကို ဦးစားပေးအသုံးပြုသင့်သော နေရာများမှာ - ဘက်စုံသုံးပါဝင်ပစ္စည်းအဖြစ် သော်လည်းကောင်း၊ အစားအသောက် ဝန်ဆောင်မှုများအတွက် သော်လည်းကောင်း၊ မုန့်ဖုတ်ခြင်းနှင့် အခြားအစားအသောက် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် သော်လည်ကောင်း အသုံးပြုသင့်သည်။ Standard Flakes များအား အရွယ်မျိုးစုံရရှိသည်အထိ ကြိတ်နိုင်သည်။ Finer grinds ကဲ့သို့ အမှုန့်ဖြစ်သည်အထိကြိတ်နိုင်သည်။ Fine ground flakes များသည် အာလူးထောင်းပြုလုပ်ရန် မသင့်တော်ပေ။ သို့သော် အစားအသောက်ထုတ်လုပ်ခြင်းများနှင့် မုန့်ဖုတ်ခြင်းလုပ်ငန်းများအတွက် သင့်တော်သည်။
အသုံးပြုသင့်သောနေရာများ
Standard Flakes ကို အသုံးပြုနိုင်သော နည်းလမ်းပေါင်း များစွာရှိသည်။ Standard flakes များကို အရသာရှိသော Mashed potato ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ အာလူးထောင်းများကို မူလအရသာအတိုင်း တည်ခင်းနိုင်သကဲ့သို့ မိမိတို့ဒေသအရသာများ ရရှိစေရန် အသား၊ ဟင်းသီးဟင်းရွက်များဖြင့် ရော၍လည်းကောင်း၊ curry, laksa (သို့) miso စသည့် ဆော့စ်များနှင့် တွဲဖက်၍လည်းကောင်း စားသုံးနိုင်သည်။ Croquettes, bergedil, fishball စသည့်အရာများ အတွက်လည်း တွက်ခြေကိုက်သော ပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ pizza အောက်ခံအသားတွင် ထည့်သွင်းခြင်း (သို့) pizza ပေါ်တွင် topping အဖြစ် အသုံးပြုခြင်းများလည်း ပြုလုပ်နိုင်သည်။

ဖော်ပြချက်အညွှန်း
Low peel/ low leach potato flakes များသည် standard flakes များနှင့် ဆင်တူသော်လည်း ထုတ်လုပ်ပုံနည်းစနစ်များကွဲသည်။ ရေဓါတ်ပြန်လည်ဖြည့်တင်းလိုက်သောအခါ စေးကပ်သော အာလူးသားကို ရရှိသောကြောင့် အာလူးထောင်းပြုလုပ်ရန် မသင့်လျော်ပေ။ အာလူးအရသာကို ထိန်းသိမ်းထားနိုင်ရန်အတွက် အာလူးအခွံများ ပါးလွှာနေစေရန် ခွာထားသည်။ ပါးလွှာစွာ အခွံခွာထားခြင်းသည် ရေဓာတ်ထုတ်ထားသောထုတ်ကုန်များ၏ အရောင်တွင် အကျိုးသက်ရောက်မှုဖြစ်စေပြီး အဖြူဆွတ်ဆွတ်ဖြစ်မနေဘဲ အဖြူဖျော့ရောင်ဖြစ်စေသည်။ low peel/ low leach flakes များသည် ထုပ်ပိုးမှုနှင့် တင်ပို့မှု များအတွက် standard flakes များထက် သာလွန်စေရန် ပြုလုပ်ထားသော အာလူးဖတ်များဖြစ်သည်။
အသုံးပြုသင့်သောနေရာများ
ပုံသွင်းထားသောမုန့်များ၊ အာလူးကဲ့သို့ပြုလုပ်ထားသောအဆာပြေမုန့်များနှင့် အစားအသောက် ထုတ်ကုန်များတွင်အသုံးပြုသည်။ ရေနှင့်အခြားပါဝင်ပစ္စည်းများနှင့် ရောနှောလိုက်သောအခါ low peel/ low leach flakes သည် ကိုင်တွယ်ရန်လွယ်ပြီး ပုံသွင်းရန်လွယ်ကူသော ကျစ်လစ်သောမုန့်နှစ်လုံးအဖြစ်ဖြစ်ပေါ်စေသည်။ ကွတ်ကီး၊ ဘီစကစ်၊ မုန့်ကြွပ်၊ pizza ပြား တို့တွင် အသားကောင်းစေရန်၊ အာဟာရပြည့်ဝစေရန်နှင့် အရသာပြည့်ဝစေရန်အတွက် အသုံးပြုသည်။

ဖော်ပြချက်အညွှန်း
Potato flakes များကဲ့သို့ပင် granules များသည် ထိပ်တန်းအရည်အသွေးရှိ အပြားပြုလုပ်ကာ ချက်ပြုတ်ပြီး အခြောက်လှန်းထားသော အာလူးများကိုအသုံးပြုကာပြုလုပ်ထားသည်။ တင်ပို့ခြင်း များအတွက် ပိုမိုလွယ်ကူစေရန်အတွက် ပြုလုပ်ထားသော dried granular များကြောင့် တွက်ခြေကိုက်စေသည်။ အမှုန်များသည် ပြန်လည်ပေါင်းစည်းရာတွင် အထူးကောင်းမွန်သည်။ ဆဲလ်နံရံများ ထူထဲမှုကို ဖြစ်စေခြင်းသည် အမှုန်ကဲ့သို့ မျက်နှာပြင်ကို ဖန်တီးပေးသည်။ ထို့ကြောင့်ပင် ၎င်းထုတ်ကုန်ကို ထုတ်လုပ်သူများက ရွေးချယ်ကြခြင်းဖြစ်သည်။ ပြန်လည်ပေါင်းစည်းထားသော အမှုန်အာလူးများ၏ အရောင်၊ အနံ့နှင့် ဖွဲ့စပ်ပုံမျက်နှာပြင် အနေအထားသည် လတ်လတ်ဆတ်ဆတ် ထောင်းထားသော အာလူးနှင့် အလွန်ပင် ဆင်တူသည်။
အသုံးပြုသင့်သောနေရာများ
Standard granules များသည် ဆေးရုံ၊ကျောင်း၊ ဂေဟာများနှင့် အလားတူနေရာများတွင် ၎င်းတို့၏ တွက်ခြေကိုက်မှုနှင့် အရည်အသွေးကြောင့် အသုံးများသည်။ standard flakes များ၊ Mashed potatoes များကို အသုံးပြုနိုင်သော နည်းလမ်းများကဲ့သို့ပင် granules များကိုလည်း အသုံးပြုနိုင်သည်။
စားသောက်ကုန်ထုတ်လုပ်သူများ၊ ပုံသွင်း၊အခြောက်ခံနှင့် အာလူးခြစ်သဏ္ဍာန် ရှိသော hash brown၊ ပုံသွင်းထားသော အကြော်များ၊ အပြား၊အချောင်းနှင့် မုန့်ကြွပ်စသော အဆာပြေမုန့်များ၊ စွပ်ပြုတ်၊ အရသာထည့်ခြင်း၊ အနှစ်များစေးပြစ်စေခြင်းနှင့် အေးခဲကုန်များအတွက် အသုံးပြုသည်။

ဖော်ပြချက်အညွှန်း
ကြာရှည်ခံအာလူးထုတ်လုပ်သူများသည် mashed potato mixes အမျိုးအစားအများအပြား ထုတ်လုပ်ကြသည်။ အာလူးအစုအပုံများမှပြုလုပ်ခြင်း နှင့်/သို့ potato flakes နှင့် granules များအား ကြိတ်ခြင်းဖြင့်ရရှိသည်။ တစ်ခါတစ်ရံတွင် ပိုမိုလွယ်ကူစေရန်အတွက် အရသာမှုန်များ ပါတစ်ပါတည်း ထည့်သွင်းထားပေးတတ်သည်။ ၎င်းအာလူးမှုန့်များအားဖြင့် လတ်ဆတ်သော အာလူးထောင်းများအား အချိန်တိုအတွင်းရရှိနိုင်သည်။
အသုံးပြုသင့်သောနေရာများ/h3>
Mashed potato mixes များသည် အထူးလွယ်ကူသက်သာသည်။ ၎င်း mashed potato mixes များအား ကမ္ဘာတစ်ဝှမ်းရှိ လက်ကားအရောင်းဆိုင်များ၊ ဟင်းချက်သင်တန်းများနှင့် စားသောက်ဆိုင်များတွင် တွေ့ရှိနိုင်သည်။ အသုပ်များ၊ အရံဟင်းမှ အဓိကဟင်းလျာ၊ စွပ်ပြုတ်နှင့် မုန့်ဖုတ်အစားအသောက်များ၊ အစာသွပ်ခြင်း (သို့) အပေါ်မှဖြူး၍အသုံးပြုရန်အထိ မည်သည့် နည်းစနစ်တွင်မဆို အသုံးပြုနိုင်သော ပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ မီးဖုတ်ထားသောမုန့်များတွင် standard flaskes များသည် အရသာနှင့်အာဟာရဖြည့်တင်းပေး ခြင်း၊ စင်ပေါ်တွင်ကြာကြာအထားခံခြင်းနှင့် စားသုံးသောအခါ နူးညံ့သောမုန့်သားကိုဖြစ်စေသည်။ gluten ပါဝင်မှုလည်းမရှိပေ။ Regular and finer grinds များသည် အနှစ်များ၊ ဆော့များနှင့် စတူးများ စေးပြစ်စေရန်လည်းကောင်း၊ ငါး၊အသားနှင့် ဟင်းသီးဟင်းရွက်များ breadလုပ်ရာတွင် လည်းကောင်း၊ အသားနှင့်ငါးစားသောက်ကုန်များတွဲဖက်ချက်ပြုတ်ရာတွင်လည်းကောင်း၊ တိရိစ္ဆာန် အစားအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။ ဤနေရာတွင် နှိပ်ပါ။ အာလူးထောင်းများနှင့်ပတ်သက်သော ချက်ပြုတ်နည်းများအားလေ့လာရန်

ဖော်ပြချက်အညွှန်း
အာလူးဂျုံသည် အာလူးအား ချက်ပြုတ်၊ အခြောက်လှန်းပြီး အမှုန့်ပြုလုပ်ထားသော အခြားဆိုးဆေးများမပါဝင်သည့် အာလူးမှုန့်ဖြစ်သည်။ Granular flour သည် 40 mesh (သို့) 420 micron စီစစ်ရေးကိုဖြတ်ကျော်ရပြီး Fine Flour သည် 80 mesh (သို့) 177 micron စီစစ်ရေးအား ဖြတ်ကျော်ရသည်။ ၎င်း potato flakes များသည် တူသယောင်ထင်ရသော်လည်း Fine flour သည် ရေနှင့်ထိပါက စေးကပ်ကပ်ဖြစ်စေပြီး အခြားဂျံုမှုန့်များတာရှည်ခံစေရန်အတွက် ပမာဏအနည်းငယ် ထည့်သုံးလေ့ရှိကြသည်။
အသုံးပြုသင့်သောနေရာများ
Granular နှင့် fine potato flour များသည် ဟင်းအနှစ်များအား စေးပြစ်စေရန်အတွက်နှင့် အနှစ်ကပ်၍ကြော်ရသော အကြော်များတွင်အသုံးပြုကြသည်။ ဘီစကစ်၊ ပန်ကိတ်၊ breads၊ muffins နှင့် ကွတ်ကီးများတွင် ပျော့ပြောင်းသောမုန့်သားရရှိစေရန်အတွက် အသုံးပြုကြသည်။ အာလူးဂျံုသည်၎င်းတစ်ခုတည်းအသုံးပြုရန်အတွက် (gruelကဲ့သို့ပြုလုပ်ရန်မှလွဲ၍) မဟုတ်ဘဲ အခြားအစားအသောက်များတွင် ပါဝင်ပစ္စည်းတစ်ခုအဖြစ် ထည့်သွင်းအသုံးပြုမည်ဆိုမှသာလျှင် ရေဓာတ်ပြန်လည်ဖြည့်ပေးရန်လိုသည်။ အာလူးထောင်းပြုလုပ်ရန်အတွက် မသင့်လျော်ပေ။ .
