Error message

  • Deprecated function: Methods with the same name as their class will not be constructors in a future version of PHP; nodequeue_queue has a deprecated constructor in include_once() (line 1374 of /home/potapawi/public_html/includes/bootstrap.inc).
  • Deprecated function: Array and string offset access syntax with curly braces is deprecated in include_once() (line 3478 of /home/potapawi/public_html/includes/bootstrap.inc).
  • Deprecated function: The each() function is deprecated. This message will be suppressed on further calls in _menu_load_objects() (line 579 of /home/potapawi/public_html/includes/menu.inc).
  • Deprecated function: implode(): Passing glue string after array is deprecated. Swap the parameters in drupal_get_feeds() (line 394 of /home/potapawi/public_html/includes/common.inc).
  • Notice: Trying to access array offset on value of type int in element_children() (line 6595 of /home/potapawi/public_html/includes/common.inc).

Potato Products

U.S. အေးခဲအာလူးများ

U.S. အေးခဲအာလူးများသည် ဝယ်ယူမှုတစ်ခုစီတိုင်းအတွက် အဆင့်မြင့်အရည်အသွေးနှင့် အမြတ် ရရှိနိုင်မှု များသောကြောင့် အာလူးစျေးကွက်တွင် ပြိုင်ဘက်ကင်းသည်။ မည်သည့်ဟင်းလျာ အမျိုးအစားနှင့်မဆို ကိုက်ညီမှုရှိစေရန်အတွက် ပုံသဏ္ဍာန်အမျိုးမျိုးထုတ်လုပ်ထားသည်။ သင့် ရောင်းအားနှင့် အမြတ်တိုးစေရေးအတွက် Potatoes USA မှ သင်နှင့်ပူးပေါင်းကာ သင်တန်းများနှင့် စျေးကွက်ရှာဖွေခြင်းအထောက်အပံ့များ ပေးနိုင်သည်။

  • အရည်အသွေး

    အေးခဲအာလူးများအားလုံးကို အရည်အသွေးတူညီစွာ ဖန်တီး ထုတ်လုပ်ထားသည်မဟုတ်ပေ။ သင့်တော်သောအပူချိန်၊ ကြွယ်ဝသောမြေဆီလွှာနှင့် မျိုးဆက်လိုက်လက်ဆင့်ကမ်းခဲ့သော အတွေ့အကြံုများပူးပေါင်းလိုက်သောအခါ အဆင့်မီ အရည်အသွေးရှိသော U.S. အာလူးများစိုက်ပျိုးနိုင်သည်။

    ကြာရှည်ခံအာလူး ပြုလုပ်ရန်အတွက် ရည်ရွယ်စိုက်ပျိုးထားသော အာလူးများသည် အာလူးသားများရန်နှင့် သကြားဓာတ်နည်းရန် လိုအပ်သည်။ ထိုမှသာလျှင် လိုသလိုပုံသွင်းနိုင်မည်ဖြစ်ပြီး အရသာနှင့် အာလူးသားကောင်းမွန်သော အေးခဲအာလူးများ ရရှိမည်ဖြစ်သည်။ အရည်အသွေးကောင်းအာလူးများကို တစ်နှစ်ပတ်လုံး ရရှိနိုင်ခြင်းကြောင့် အရည်အသွေးမြင့် အေးခဲအာလူးများကိုလည်း တစ်နှစ်ပတ်လုံးရရှိနိုင်သည်။ ကြာရှည်ခံ အာလူးပြုလုပ်သူများသည် ခေတ်မီလုပ်ငန်းအဆင့်အတန်းများနှင့် ကိုက်ညီရန်အတွက် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုကြသည်။ လတ်ဆတ်သောအာလူးမှ အရသာနှင့် အာဟာရတို့ မဆုံးရှုံးစေရန် အတွက် ပုံသွင်းပြီးသည်နှင့်တစ်ပြိုင်နက် အာလူးများကို အလျင်အမြန်အေးခဲရန် လိုအပ်သည်။ (နောက်ဆုံးပေါ်နည်းပညာများ အသုံးပြု၍ အေးခဲအာလူးများရှိ အာဟာရ ဓာတ်များမဆုံးရှုံးစေရန် မည်သို့လုပ်ဆောင် သည်ကို ပိုမိုလေ့လာလိုပါက ဤနေရာတွင်နှိပ်ပါ။

    အစားအသောက်စိစစ်ရေးအတွက် ကြာရှည်ခံအာလူးပြုလုပ်သူများသည် United States Department of Agriculture (USDA) နှင့် United States Food and Drug Administration (FDA)မှ ချမှတ်ထားသော စည်းကမ်းချက်များကို တသွေမတိမ်း လိုက်နာရန်လိုအပ်သည်။ ရောင်းချရန် အသင့်ဖြစ်နေသော အေးခဲအာလူးများသည် အစိုးရခွင့်ပြုချက် ရရှိမှသာလျှင် စျေးကွက်အတွင်း ရောင်းချခွင့်ရှိသည်။ အမေရိကန်ပြည်ထာင်စု တစ်ခုတည်းတွင်သာ အေးခဲအာလူးများကို USDA သတ်မှတ်ချက်များဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။

  • အမြတ်ရနိုင်စွမ်း

    U.S. အေးခဲအာလူးများသည် ကမ္ဘာတစ်ဝှမ်းတွင် စျေးအတန်ဆုံး ဖြစ်သည်။ ပွဲများများ ပိုထွက်ရန်အတွက် ရည်ရွယ်သော အာလူးချောင်းအရှည်များ ရရှိရန်အတွက် အရည်အသွေးမြင့် မျက်လုံးပါသောအာလူးညို (Russet) များမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ Oregon State University သည် U.S. အာလူး Extra Long Fancy အာလူးချောင်းကြော်များကို အခြားနိုင်ငံများမှ ၎င်းတို့၏အရည်အသွေးအမြင့်ဆုံး အာလူးချောင်းကြော်များဖြင့် နှိုင်းယှဉ်ခဲ့ရာတွင် U.S. အေးခဲအာလူးတစ်ပုံးလျှင် ထွက်ရှိသည့် အာလူးချောင်းကြော် ပွဲအရေအတွက်သည် အခြားနိုင်ငံများ၏ အေးခဲအာလူးတစ်ပုံးလျှင် ထွက်ရှိသော အာလူးချောင်းကြော် ပွဲအရေအတွက်ထက် ပွဲများများပိုထွက်သည်။ အာလူးသားကျစ်ကာ အစိုဓာတ်ပါဝင်မှု နိမ့်သော U.S. အေးခဲအာလူးချောင်းများသည် အကြော်ဆီ ပျက်ဆီးမှုကိုလည်း နည်းစေသည်။

    ပြင်ဆင်ရန်အချိန်ကိုလည်း လျှော့ချနိုင်သောကြောင့် အလုပ်သမားများများ မလိုအပ်ဘဲ လုပ်အားခကိုလည်း လျှော့ချနိုင်သည်။ U.S. အေးခဲအာလူးများကို ကြော်ပြီးချိန်တွင် အရောင်လှခြင်း၊ အတွင်းသားမွရွခြင်းနှင့် အာလူးအရသာ အပြည့်အဝ ခံစားနိုင်သောကြောင့် သင်တို့ဆိုင်တွင် စားသုံးသူများသည် မကြာခဏ ပြန်လည်လာရောက် ဝယ်ယူစားသုံးမည်မှာ အမှန်ပင်ဖြစ်သည်။

    အမျိုးအစား ရွေးချယ်ရန်များပြားသော U.S. ထုတ်ကုန်များသည် ရောင်းအားလည်း တက်စေသည်။ ဆိုင်အများစုတွင် အာလူးကြော်ကောင်တာသည် အမြတ်များများ ရှာပေးနိုင်သော နေရာဖြစ်သည်။ တက္ကသိုလ်တစ်ခု၏ စစ်တမ်းအရ မိမိတို့၏ အာလူးကြော်ကောင်တာတွင် အခြားအာလူးကြော်တစ်မျိုး ထပ်တိုးရောင်းချခြင်းက အာလူးကြော်ရောင်းချခြင်း၏ အမြတ်ငွေကို ၂၀ မှ ၄၀ ရာခိုင်နှုန်းထိ တိုးစေကြောင်း တွေ့ရှိရသည်။

  • ရွေးချယ်နိုင်မှုများပြားခြင်း

    U.S. အေးခဲအာလူးများကို အသုံးပြုခြင်းဖြင့် စားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော၊ သင့်တင့်ပြီး ကမ္ဘာ့အသိအမှတ်ပြု မီနူးများနှင့် ထုတ်ကုန်များအား ရောင်းချပေးနိုင်ပါသည်။ မနက်စာ၊ နေ့လည်စာ၊ ညစာနှင့် အဆာပြေမုန့်များ စသည့် အခြေအနေအမျိုးမျိုးတွင် တည်ခင်းနိုင်သော မီနူးများဖြစ်စေရန်အတွက် U.S. အေးခဲအာလူးများကို ထုတ်လုပ်ထားပါသည်။ အာလူးချောင်းကြော်များသည် အမြတ်ရရှိမှုကို တိုးပွားစေသော်လည်း အခြားပုံသွင်းထားသော အာလူးချောင်းများသည် ထူးခြားသော ဟင်းလျာအဖြစ် ဖန်တီးရာတွင် လွန်စွာအသုံးဝင်သည်။

    အာလူးကြော်များ အပူချိန်ကို ကြာကြာထိန်းထားနိုင်ရန်အတွက် အနှစ်အုပ်ထားသောအာလူးချောင်းများ၊ လုပ်သားခနှင့် အချိန်ကိုလျှော့ချပေးနိုင်သည့် အေးခဲမီးဖုတ်အာလူး၊ ချိုင့်ခွက်ပါ အခွံသဏ္ဍာန် အေးခဲအာလူး (Half Shells)၊ သီးခြားအေးခဲထားသော အာလူးခြစ်၊ အာလူးလွှာ၊ အံစာတုံးသဏ္ဍာန်အာလူး စသည်ဖြင့် မိမိလိုအပ်ချက်နှင့်အညီ ရွေးချယ်ဝယ်ယူနိုင်သည်။

ထုတ်ကုန်ဖော်ပြချက်အညွှန်း

IQF Dices ကို မအေးခဲမီ အံစာတုံးသဏ္ဍာန်အတုံးငယ်များပြုလုပ်ပြီး ကြိုတင် ချက်ပြုတ်ပြီး ဖြစ်သည်။ IQF နည်းပညာဖြင့် အေးခဲထားသော အခြားအာလူးအမျိုးအစားများကဲ့သို့ပင် IQF Dices များကိုလည်း တစ်နှစ်ပတ်လုံးရရှိနိုင်ပြီး အလုပ်များသော မီးဖိုချောင်များအတွက် အချိန်ကုန်သက်သာစေသည်။

အသုံးပြုသင့်သောနေရာများ

IQF Dices များသည် အချိန်နှင့် အလုပ်ရှုပ်သက်သာစေသည်။ စတူးဟင်းများ၊ စွပ်ပြုတ်များ၊ gratins နှင့် အခြားအာလူးဟင်းလျာများတွင် အသုံးပြုနိုင်သည်။

 Profile --- IQF Dices IQF Dices

ဖော်ပြချက်အညွှန်း

Dehydro-Frozen Dices အံစာတုံးသဏ္ဍာန် ပုံသွင်းပြီးနောက် ရေဓာတ်ထုတ်ပြီးသည်နှင့် တစ်ပြိုင်နက် အေးခဲထားသော အာလူးများဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးတို့အတွက် အလွန်အဆင်ပြေသည်။

အသုံးပြုသင့်သောနေရာများ

Dehydro-Frozen Dices ကို လတ်ဆတ်သော အာလူးတုံးများကဲ့သို့ပင် စွပ်ပြုတ်၊ ဟင်းရည်၊ စတူး၊ အနှစ်ပါသောဟင်း၊ ဟင်းသီးဟင်းရွက်သုပ်များတွင် ထည့်သွင်းချက်ပြုတ်နိုင်သည်။

 Profile --- Dehydro-Frozen Dices Dehydro-Frozen Dices

ဖော်ပြချက်အညွှန်း

Frozen Wedges သည် ကြော်လှော်ခြင်းအတွက် သင့်တော်သည်။ ထူထဲသော အာလူးတုံးများကြောင့် စားသုံးသူသည် အာလူး၏အရသာကို ပီပြင်စွာခံစားနိုင်သည်။

အသုံးပြုသင့်သောနေရာများ

အိမ်တိုင်ရာရောက်ပို့ဆောင်မှု၊ အခန်းဝန်ဆောင်မှုနှင့် DRIVE-THROUGH ဝန်ဆောင်မှုများအရ အသားကင်နှင့် အသားညပ်ပေါင်မုန့်များနှင့် တွဲဖက်ရန် FROZEN WEDGES ကို အသုံးများကြသည်။ ပီဇာ TOPPING အဖြစ် နှင့် အခြားအစားအသောက်များအတွက် TOPPING ပြုလုပ်ရန် သင့်တော်သည်။

 Profile --- Frozen Wedges Frozen Wedges

ထုတ်ကုန်ဖော်ပြချက်အညွှန်း

IQF Shreds များသည် အခွံခွာ၊ ရေနွေးဖျောကာ ခြစ်ထားသောအာလူးအဖတ်လေးများကို Individually quick frozen (IQF) နည်းပညာဖြင့် အေးခဲစေရန်ပြုလုပ်ထားသော IQF Shreds ဖြစ်သည်။ ၎င်း IQF Shreds များကိုအသုံးပြုခြင်းဖြင့် မီးဖိုချောင်၏ အလုပ်သမားအချိန်၊ အလုပ်သမားခများကို လျော့ကျစေသည်။ ပိုမိုအဆင်ပြေသည့်အချက်တစ်ခုမှာ IQF Shreds များကို အခဲပျော်အောင်လုပ်စရာမလိုဘဲ အေးခဲနေသည့်အတိုင်းအသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။

အသုံးပြုသင့်သောနေရာများ

IQF Shreds များအား hash browns ကဲ့သို့မီးကင်ခြင်း (သို့) အကြော်ကြော်ခြင်း၊ ဟင်းအနှစ်ဖြင့်ချက်ပြုတ်ခြင်း ၊ အသုပ်သုပ်ခြင်း၊ စတူးပြုလုပ်ခြင်း၊ စွပ်ပြုတ်ပြုလုပ်ခြင်း၊ ပီဇာ topping အဖြစ် မီးဖုတ်ခြင်းနည်းလမ်းများဖြင့် ချက်ပြုတ်နိုင်သည်။

 Profile --- IQF Shreds IQF Shreds

ဖော်ပြချက်အညွှန်း

Frozen Straight Cut Fries များသည် အရသာနှင့် အပူချိန်ထိန်းထားနိုင်ရန်အတွက် အလွှာထပ်အုပ်ထားသော Frozen Straight Cut Fries နှင့် ရသာမှုန့်များပါဝင်သည့် Frozen Straight Cut Fries စသည်ဖြင့် အမျိုးအစားများစွာရှိသည်။ Frozen Straight Cut Fries တစ်ပုံးလျှင် အာလူးချောင်းကြော်ပွဲများများ ထွက်နိုင်ရန်အတွက် အရည်အသွေးမြင့် Frozen Straight Cut Fries ကို ရွေးချယ်သင့်သည်။

“ Extra Long” သို့ “Extra Long Fancy” စသည့် အာလူးချောင်းအမျိုးအစားကို ရွေးချယ်ပါ။ USDA ၏ အဆင့် (A) ရရှိထားသော Extra Long Fancy အာလူးချောင်းအကြောင်းကို ဖတ်ရှုလိုပါကနှိပ်ရန်။

အသုံးပြုသင့်သောနေရာများ

ကမ္ဘာတစ်ဝှမ်းရှိ စားသောက်ဆိုင်များနှင့် အသင့်စား စားသောက်ဆိုင်များတွင် အသားညှပ်ပေါင်မုန့်များအတွက် အရံအနေဖြင့် အာလူးချောင်းကြော်များကို ထည့်သွင်းတတ်ကြသည်။ အာလူးချောင်းကြော်များ ပူနေချိန်တွင် ဆားအနည်းငယ်ဖြူးကာ စားသုံးခြင်းဖြင့် အကောင်းဆုံးအရသာကို ရရှိနိုင်သည်။

 Profile --- Frozen Straight Cut Fries Frozen Straight Cut Fries

ဖော်ပြချက်အညွှန်း

Half shells အာလူးများသည် မည်သည့်ချက်ပြုတ်နည်းနှင့်မဆို လိုက်ဖက်စေရန်အတွက် ကြိုတင် မီးဖုတ်ထားကာ ပြန်လည်အေးခဲထားသော အာလူးအမျိုးအစားဖြစ်သည်။ ၎င်းတို့သည် အရွယ်အစားတူညီသောကြောင့် ဟင်းပွဲ၏အရွယ်အစား ထိန်းညှိရခြင်းကို လွယ်ကူစေသည်။

အသုံးပြုသင့်သောနေရာများ

Half Shells အာလူးများကို အခြားအရသာများနှင့် တွဲဖက်၍သော်လည်ကောင်း၊ ဟင်းပွဲအနေဖြင့်လည်းကောင်း စားသုံးနိုင်သည်။ အခွံသဏ္ဍာန်ပြုလုပ်ထားပြီး အလည်တွင် ချိုင့်ခွက်ပါရှိသောကြောင့် ၎င်းချိုင့်ခွက်ထဲတွင် ချိစ်အမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုးနှင့် အသားအမျိုးမျိုးတို့ကို ထည့်သွင်းစားသုံးနိုင်သည်။ မိသားစုများစားသုံးမှုများသော စားသောက်ဆိုင်များအတွက် အဆာပြေ (သို့) အရံဟင်းအဖြစ် ထည့်သွင်းရန် အထူးသင့်တော်သော ရွေးချယ်မှုဖြစ်သည်။ ထူးခြားသော ချိုင့်ခွက်ပါသောသဏ္ဍာန်၏ အားသာချက်၊ အစားအသောက်အမျိုးမျိုး ထည့်သွင်းစားသုံးနိုင်သော အားသာချက်တို့ကြောင့် ထူးခြားသောဟင်းပွဲများဖန်တီးနိုင်ပြီး စားသောက်ဆိုင်မီနူးတွင် အများနှင့်မတူသည့် ဟင်းပွဲတစ်မျိုးအဖြစ် ထည့်သွင်းနိုင်သည်။

 Profile --- Frozen Half Shells Frozen Half Shells

ဖော်ပြချက်အညွှန်း

Crinkle Cut Fries အာလူးချောင်းကြော်မကြိုက်သောသူရှိပါလား။ အတွန့်လေးများ ဖြစ်စေရန် ပုံသွင်းထားသော အာလူးချောင်းများသည် ကောင်းမွန်သောအာလူးအရသာနှင့် ရေလှိုင်းသဏ္ဍာန် အာလူးသားတို့ ပေါင်းစပ်ထားခြင်းကြောင့် ရေပန်းစားသော အေးခဲအာလူး အမျိုးအစားတစ်ခု ဖြစ်သည်။

အသုံးပြုသင့်သောနေရာများ

ထူးခြားသောပုံသဏ္ဍာန်ရှိသည့် Crinkle Cut Fries သည် ဆော့စ်အမျိုးမျိုးဖြင့် တို့စားရန် လွန်စွာလိုက်ဖက်သည်။ ဘီယာနှင့် တွဲဖက်စားသော အမြည်းအနေဖြင့် နိုင်ငံအချို့ရှိ ဘီယာဆိုင်ငယ်များတွင် လူကြိုက်များလာသည်။ လှိုင်းတွန့်များသည် အာလူးချောင်းတွင် မျက်နှာပြင်ပိုမိုဖြစ်ပေါ်စေသောကြောင့် ကြွပ်ရွသော အာလူးသားကိုရနိုင်သည်။ USDA ၏ သတ်မှတ်ချက်များကို ကျော်လွန်ကာ သာမာန်အာလူးချောင်းများထက် Crinkle Cut Fries များက အာလူးပွဲပြင်ဆင်မှုနှင့် အမြတ်ပိုမိုရရှိနိုင်မှုများတွင် ပိုမိုသာလွန်လျက်ရှိသည်။

 Profile --- Crinkle Cut Fries Crinkle Cut Fries

ဖော်ပြချက်အညွှန်း

Frozen Mashed Potatoes သည် ဆေးကြောရန်၊ အခွံနွာရန်၊ လှီးရန်၊ ချက်ပြုတ်ရန်နှင့် ထောင်းရန် မလိုအပ်သော ကရိကထနည်းသည့် အာလူးထောင်းဖြစ်သည်။ အာဟာရများ ပြည့်ဝစွာပါဝင်ပြီး ဟင်းပွဲအတွဲအစပ်များအတွက် အရံဟင်းအဖြစ်အထူးသင့်တော်သည်။ ပမာဏနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ချက်ပြုတ်ရသည်မှာ မြန်ဆန်လွယ်ကူသည်။

အသုံးပြုသင့်သောနေရာများ

အခြားအစားအသောက်များနှင့် တွဲဖက်၍ဖြစ်စေ၊ ရသာမှုန့်များထည့်၍ဖြစ်စေ မိမိစိတ်တိုင်းကျ ပြင်ဆင်နိုင်သောကြောင့် ကန်တင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုရုံများတွင် အသုံးပြုကြသည်။ အသုပ်သုပ်ရန်၊ စွပ်ပြုတ်လုပ်ရန်၊ အဓိကဟင်းလျာပြုလုပ်ရန်တို့အပြင် မီးဖုတ်သည့် အစားအသောက်အချို့တွင်လည်း အရသာရှိစွာ ဟင်းလျာသစ်အဖြစ် ဖန်တီးချက်ပြုတ် နိုင်သောကြောင့် မည်သည့်မီးဖိုချောင်သုံးအတွက်မဆို လွယ်ကူအဆင်ပြေစေသော Frozen Mashed Potatoes အမျိုးအစားဖြစ်သည်။ အာလူးထောင်းဖြင့် ပြုလုပ်နိုင်သော ချက်ပြုတ်နည်းများကိုကြည့်ရန် နှိပ်ပါ။

 Profile --- Frozen Mashed Potatoes Frozen Mashed Potatoes

ထုတ်ကုန်ဖော်ပြချက်အညွှန်း

Loop/Curly Fries သည် အာလူးချောင်းများကို စပရိန်ပုံ လိမ်ထားသော အေးခဲအာလူးများ ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားသောအသွင်သဏ္ဍာန်ကြောင့် စျေးပိုပေးရသော်လည်း အရည်အသွေးမြင့်ထုတ်ကုန်အား စားသုံးရသောကြောင့် စားသုံးသူများကြားတွင် ရေပန်းစားသည်။

အသုံးပြုသင့်သောနေရာများ

စားသောက်ဆိုင်အများစုတွင် ထူးခြားသောပုံစံရှိသည့် Loop/Curly Fries အာလူးများကို အရောင်းမြှင့်တင်ခြင်းအစီအစဉ်များတွင် အသုံးပြုကြသည်။ ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြသော အရံဟင်းလျာတစ်ခုလည်းဖြစ်သည်။ ၎င်းတို့သည် ပန်းကန်ပေါ်တွင် နေရာယူသောကြောင့် စားသောက်ဆိုင်များတွင် အာလူးပွဲများများပိုထွက်စေသည်။ အပူချိန်ကိုလည်း ကြာကြာထိန်းထားနိုင်သောကြောင့် အိမ်အရောက်ဝန်ဆောင်မှု ပေးသောဆိုင်များနှင့် ဟိုတယ်များအတွက် သင့်တော်သည်။

 Profile --- Loop/Curly Fries Loop/Curly Fries

ဖော်ပြချက်အညွန်း

IQF Shreds များသည် အခွံခွာ၊ ရေနွေးဖျောကာ ခြစ်ထားသောအာလူးအဖတ်လေးများကို Individually quick frozen (IQF) နည်းပညာဖြင့် အေးခဲစေရန်ပြုလုပ်ထားသော IQF Shreds ဖြစ်သည်။ ၎င်း IQF Shreds များကိုအသုံးပြုခြင်းဖြင့် မီးဖိုချောင်၏ အလုပ်သမားအချိန်၊ အလုပ်သမားခများကို လျော့ကျစေသည်။ ပိုမိုအဆင်ပြေသည့်အချက်တစ်ခုမှာ IQF Shreds များကို အခဲပျော်အောင်လုပ်စရာမလိုဘဲ အေးခဲနေသည့်အတိုင်းအသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။

အသုံးပြုသင့်သောနေရာများ

IQF Shreds များအား hash browns ကဲ့သို့မီးကင်ခြင်း (သို့) အကြော်ကြော်ခြင်း၊ ဟင်းအနှစ်ဖြင့်ချက်ပြုတ်ခြင်း ၊ အသုပ်သုပ်ခြင်း၊ စတူးပြုလုပ်ခြင်း၊ စွပ်ပြုတ်ပြုလုပ်ခြင်း၊ ပီဇာ topping အဖြစ် မီးဖုတ်ခြင်းနည်းလမ်းများဖြင့် ချက်ပြုတ်နိုင်သည်။

 Profile --- IQF Hash Brown Patties IQF Hash Brown Patties

ဖော်ပြချက်အညွှန်း

ထိုအာလူးများကို criss-cut fries, waffle fries, lattice fries (သို့) basket weave fries စသည်ဖြင့် ခေါ်ဝေါ်ကြပြီး ၎င်းအာလူးများသည် အပြားထူပြီး ဇကာကွက်ပုံသဏ္ဍာန်ရှိသော အေးခဲအာလူးပြားများဖြစ်သည်။ တမူထူးခြားသော ထုတ်ကုန်ဖန်တီးရန်အတွက် ဇကာပေါက်အာလူးများကို ရသာမှုန့်ထည့်ပြီးသော အာလူးပြားကိုသော်လည်းကောင်း၊ အလွှာအုပ်ထားပြီး အာလူးပြားကိုသော်လည်းကောင်း မှာယူနိုင်သည်။

အသုံးပြုသင့်သောနေရာများ

ဝေဖာကဲ့သို့ပုံစံရှိပြီး အပြားထူသောကြောင့် ဇကာပေါက်အာလူးများသည် အပူချိန်ကို ကြာကြာထိန်းထားနိုင်ပြီး များများထည့်ရန်မလိုဘဲ ပန်းကန်ပေါ်တွင်နေရာယူသောကြောင့် ပွဲများများ ပိုထွက်စေသည်။ အဆာပြေအတွက်စားသုံးရန် အလွန်သင့်တော်သည်။ ဇကာပေါက်ပုံစံသည် ၎င်းအာလူးပြားများကို မည်သည့် ရသာမှုန့်၊ မည်သည့် ဆော့စ်နှင့်မဆို လိုက်ဖက်စေသည်။ အာလူးပြားထူသောကြောင့် ဆန်းသစ်သောဟင်းလျာများအတွက် ဆန်းကြယ်သော ပါဝင်ပစ္စည်း တစ်ခုအနေဖြင့် ထည့်သွင်းချက်ပြုတ်နိုင်သည်။

 Profile --- Lattice/Basket Weave Cuts Lattice/Basket Weave Cuts

ဖော်ပြချက်အညွှန်း

လတ်ဆတ်သောအာလူးများကို အလွှာပြုလုပ်ခြင်း၊ အခွံခွာခြင်း၊ ရေနွေးဖျောခြင်းအဆင့်များ ပြီးသည့်နောက် အလွှာတစ်ခုချင်းစီ အေးခဲအောင်ပြုလုပ်ခြင်းဖြင့် အာဟာရနှင့် အရသာပြည့်ဝသော IQF Slices များရရှိသည်။ လတ်ဆတ်သောအားလူးများကို သိုလှောင်ထားရန်၊ ဆေးကြောရန်၊ အခွံခွာရန်၊ လှီးဖြတ်ရန် မလိုတော့ဘဲ အဆင်သင့် အသုံးပြုနိုင်သည်။ လတ်ဆတ်သော အာလူးများသည် ရာသီအလိုက် ရရှိသောအချိန် ကွာခြားနိုင်သော်လည်း ယခု IQF Slices ကိုမူ တစ်နှစ်ပတ်လုံး မပြတ်မလပ်ရရှိနိုင်သည်။

အသုံးပြုသင့်သောနေရာများ

IQF Slices များကြောင့် အချိန်နှင့် အလုပ်သမားအသုံးပြုရမှု လျော့ကျစေသည်။ ပီဇာ topping အဖြစ် မီးဖုတ်ရန်လည်းကောင်း၊ အာလူးသုပ်များတွင်လည်းကောင်း၊ စတူးဟင်းလျာများတွင်လည်း ကောင်း၊ gratins များတွင်လည်းကောင်း အသုံးပြုနိုင်သကဲ့သို့ အာလူးထောင်းပြုလုပ်ရာတွင်လည်း ပါဝင်ပစ္စည်း တစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။ IQF Slices များကိုအသုံးပြုခြင်းဖြင့် အာဟာရပြည့်ဝသော ရိုးရှင်းသည့် ဟင်းလျာတစ်ခု ဖန်တီးနိုင်သကဲ့သို့ ခေတ်မီသော ဟင်းလျာသစ်များလည်း ဖန်တီးနိုင်သည်။

 Profile --- IQF Slices IQF Slices

ဖော်ပြချက်အညွှန်း

U.S. လတ်ဆတ်သောအာလူးများကဲ့သို့ပင် အလုံးလိုက်အေးခဲထားသော မီးဖုတ်ရန်သင့်တော်သည့် အာလူးများသည် အရသာကောင်းမွန်သည်။ ၎င်း Whole Frozen Baked Potatoes သည် စားသုံးသူ အမျိုးမျိုးနှင့် သင့်တော်ရန်အတွက် အရွယ်အစားမျိုးစုံ ထုတ်လုပ်သည်။

အသုံးပြုသင့်သောနေရာများ

Whole Frozen Baked Potatoes သည် အလုံးလိုက်ဖြစ်စေ၊ လှီးဖြတ်၍ဖြစ်စေ oven (သို့) Microwave တွင်အပူပေးကာ ရိုးရှင်းသောနည်းလမ်းဖြင့် ချက်ပြုတ်နိုင်သည်။ ဟင်းပွဲအဖြစ်စားသုံးနိုင် သကဲ့သို့ အဆာပြေစားသုံးရန်လည်းသင့်တော်သည်။ ၎င်း Whole Frozen Baked Potatoes ကို မိမိတို့ကြိုက်နှစ်သက်ရာ အရသာမျိုးဖြစ်စေရန် စားသောက်ဆိုင်တွင်လည်းကောင်း၊ အိမ်တွင်လည်းကောင်း အခြားမည်သည့်အစားအစာနှင့်မဆို ရောနှောတွဲဖက်ချက်ပြုတ်နိုင်သည်။

 Profile --- Whole Frozen Baked Potatoes Whole Frozen Baked Potatoes