Error message

  • Deprecated function: Methods with the same name as their class will not be constructors in a future version of PHP; nodequeue_queue has a deprecated constructor in include_once() (line 1374 of /home/potapawi/public_html/includes/bootstrap.inc).
  • Deprecated function: Array and string offset access syntax with curly braces is deprecated in include_once() (line 3478 of /home/potapawi/public_html/includes/bootstrap.inc).
  • Deprecated function: The each() function is deprecated. This message will be suppressed on further calls in _menu_load_objects() (line 579 of /home/potapawi/public_html/includes/menu.inc).
  • Deprecated function: implode(): Passing glue string after array is deprecated. Swap the parameters in drupal_get_feeds() (line 394 of /home/potapawi/public_html/includes/common.inc).
  • Notice: Trying to access array offset on value of type int in element_children() (line 6595 of /home/potapawi/public_html/includes/common.inc).

Potato Products

အာလူးပြားကြော်လုပ်သည့်အာလူး

U.S. အာလူးပြားကြော်လုပ်သည့်အာလူး ထုတ်လုပ်ခြင်းလုပ်ငန်းတွင် အမေရိကန်ပြည်ထောင်စုက ဦးဆောင်နေနိုင်ခြင်းမှာ အရည်အသွေးမြင့်သော အာလူးပြားကြော်လုပ်သည့်အာလူး ကြောင့်ပင်ဖြစ်သည်။ နိုင်ငံတစ်ဝှမ်းရှိ ကုမ္ပဏီများသည် ၎င်းတို့၏လုပ်ငန်းအတွက် အရည်အသွေးမြင့် အာလူးပြားကြော်လုပ်သည့်အာလူး ကို အသုံးပြုနိုင်သည်။ အာလူးစိုက်ပျိုးရာဒေသများ မတူညီခြင်းကြောင့်အာလူးပြားကြော်လုပ်သည့်အာလူး များကို တစ်နှစ်ပတ်လုံးရရှိနိုင်ပြီး ဝယ်သူများအတွက်လည်း အာလူးပြားကြော်လုပ်သည့်အာလူး သည် ရွေးချယ်စရာအမျိုးမျိုးရှိခြင်းကြောင့် နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်သည်။ အမေရိကန်စားသုံးသူများအတွက် Potatoes USA အနေဖြင့် ရွေးချယ်စရာများနှင့် ပို့ကုန်တင်ပို့မှု အချက်အလက်များ၊ သယ်ယူပို့ဆောင်ရာတွင် လိုအပ်သောနည်းပညာအထောက်အပံ့များ၊ လက်ခံရယူခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများအပြင်အာလူးပြားကြော်လုပ်သည့်အာလူး နမူနာအစီအစဉ်များအတွက် ကူညီဆောင်ရွက်ပေးသည်။  

  • အရည်အသွေး

    အာလူးစိုက်ပျိုးရန် သင့်တော်သောရာသီဥတု၊ ကြွယ်ဝသော မြေဆီလွှာတို့တွင် အရည်အသွေးအာမခံချက်ရရှိထားသော အာလူးမျိုးဥများ ကိုစိုက်ပျိုးရာမှ ထိပ်တန်း အရည်အသွေးရှိသော အာလူးများကိုရရှိသည်။ ကောင်းမွန်သော သီးနှံရရှိစေရေးအတွက် အမေရိကန်စိုက်ပျိုးသူများသည် အကောင်းဆုံး စိုက်ပျိုးနည်း လမ်းများကိုသာ အသုံးပြုကြသည်။ U.S. chipping potatoes ပြုလုပ်ရန် အတွက်ရိတ်သိမ်းချိန်မှ စက်ရုံသို့ပို့ဆောင်ချိန်အထိ ဂရုပြု ရိတ်သိမ်းခြင်း၊ သင့်လျော်စွာ ကိုင်တွယ်ခြင်းနှင့် နောက်ဆုံးပေါ်စက်ကိရိယာအကူအညီတို့ဖြင့် အထူးသတိထား လုပ်ဆောင်ကြသည်။ U.S. chipping potatoes အမျိုးမျိုးကိုသင့်လျော်စွာ ထိန်းသိမ်းရန်မှာ အလွန်အရေးကြီးသည်။

    U.S. chipping potatoes များကို သိုလှောင်ရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် ခေတ်မီနည်းပညာများနှင့် ခေတ်မီစက်ကိရိယာများကို အသုံးပြုကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အာလူးများ၏ကြာရှည်ခံနိုင်မှုကို မြှင့်တင်ပေး သည်။ အမေရိကန်ပြည်ထောင်စုတွင် စိုက်ပျိုးသည့် အာလူးများ ဖြစ်သည့်အလျောက် U.S. chipping potatoes များသည်လည်း United States Department of Agriculture (USDA) ၏ စည်းကမ်းချက်များနှင့်အညီ အရည်အသွေး စစ်ဆေးခြင်း၊ မျိုးတူခွဲခြားခြင်းနှင့် အရည်အသွေးသတ်မှတ်ခြင်းခံရသည်။

  • ရွေးချယ်ရန်အမျိုးအစားများ

    အမေရိကန်စိုက်ပျိုးသူများသည် အာလူးကို ဥတုလေးပါးလုံးတွင် ရိတ်သိမ်းစိုက်ပျိုးသည်။ ဆောင်းဦးရာသီဖြစ်သော စက်တင်ဘာလမှ နိုဝင်ဘာလများတွင် အများအပြားရိတ်သိမ်းရသည်။ ဈေးကွက်သို့မတင်သွင်းရသော အာလူးများကို ချက်ချင်းသိုလှောင်ထားပြီး ကျန်အရောင်းအဝယ်ကာလတစ်လျှောက်လုံးစာ သိမ်းဆည်းထားသည်။ အမေရိကန်စိုက်ပျိုးသူများသည် chipping potatoes များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရိတ်သိမ်းကြသောကြောင့် တစ်နှစ်တွင် ၁၂လလုံး နိုင်ငံခြားသို့တင်ပို့ရန်အတွက် U.S. chipping potatoes ကုန်များအသင့်ရှိနေသည်။ အမေရိကန်စိုက်ပျိုးသူများထုတ်လုပ်သည့် ကွဲပြားသောအာလူးအမျိူးအစားများသည် သိုလှောင်နည်း၊ တင်ပို့နည်းနှင့် အပြားပြုလုပ်နည်းများ၏ကျယ်ပြန့်မှုကိုဖော်ပြသည်။ ထို့ကြောင့် မိမိလိုအပ်ချက်နှင့် တစ်ထပ်တည်းကျမည့် U.S. chipping potatoes များကိုရရှိနိုင်သည်။

 
U.S. Chip-Stock Potato Varieties

SUMMARY OF U.S. CHIP-STOCK VARIETIES

Variety Gravity Maturity Storability Tuber Shape Skin Color Flesh Color
ALTURAS မြင့် ကြာမြင့် တိုတောင်း လေးထောင့်စပ်ပုံ အညိုဖျော့ အဖြူ
ANDOVER အလယ်အလတ် Early to Mid အလယ်အလတ် ဘဲဥပုံ အဖြူ အဖြူ
ATLANTIC မြင့် ရာသီဝက် အလယ်အလတ် ဘဲဥပုံ အဝါနုရောင် အဖြူ
CHIPETA မြင့် ရာသီဝက်မှ နောက်ကျချိန်ထိ အလယ်အလတ် ဘဲဥပုံ အဖြူ မှ အညိုဖျော့ အဖြူ
DAKOTA PEARL အလယ်အလတ်မြင့် ရာသီဝက် ရှည်လျား အဝိုင်းပုံ အဖြူ အဖြူ
IVORY CRISP မြင့် ရာသီဝက် အလယ်အလတ် အဝိုင်းပုံ အဖြူ အဖြူ
KENNEBEC အလယ်အလတ်မြင့် ရာသီဝက် အလယ်အလတ် ဘဲဥပုံ အဝါနုရောင် အဖြူ
LACHIPPER အလယ်အလတ် ရာသီဝက် တိုတောင်း ဘဲဥပုံ အဖြူ အဖြူ
MARCY အလယ်အလတ်မြင့် ရာသီဝက် ရှည်လျား အဝိုင်းပုံ မှ ဘဲဥပုံ အဖြူ အဖြူ
MEGACHIP အလယ်အလတ်မြင့် ကြာမြင့် ရှည်လျား အဝိုင်းပုံ မှ ဘဲဥပုံ အဖြူ အဖြူ
NORVALLEY အလယ်အလတ် ရာသီဝက် အလယ်အလတ် အဝိုင်းပုံ မှ လေးထောင့်စပ်ပုံ အဖြူ ကရင်မ်ရောင်
NORWIS အလယ်အလတ် ရာသီဝက် တိုတောင်း ဘဲဥပုံ အဖြူ မှ အညိုဖျော့ အဝါဖျော့
PIKE မြင့် ရာသီဝက် အလယ်အလတ် ဘဲဥပုံ အဝါနုရောင် အဖြူ
REBA အလယ်အလတ် ရာသီဝက်မှ နောက်ကျချိန်ထိ ရှည်လျား ဘဲဥပုံ အဖြူ အဖြူ
SNOWDEN မြင့် ကြာမြင့် တိုတောင်း အဝိုင်းပုံ အညိုဖျော့ အဖြူ