U.S. Potato Industry
U.S. Grower Profiles
Did you know the vast majority of all potato farms in the U.S. are family owned? It’s true! From California to the Carolinas, families just like yours work hard year-round to nurture, grow and deliver potatoes from their farm to your local market. Take a moment and meet some of the special men and women from across the country who are proud to help feed you and your family.
Brett Jensen
အာလူးစိုက်ခင်းပေါ်မှာ ကြီးပြင်းလာရတဲ့ ဘရတ်ဟာ သူအမြဲဘာလုပ်ချင်တယ်ဆိုတာကို သိခဲ့ပါတယ်။ တတိယမျိုးဆက် စိုက်ပျိုးရေးသမားဖြစ်ပြီး အာလူးစိုက်ပျိုးခြင်းအနုပညာကို သူ့အဖေဆီကနေ သင်ယူခဲ့ပါတယ်။ ၁၉၉၄ မှာ အိုင်ဒါဟိုး၊ ရက်ဇ်ဘဂ်မှာရှိတဲ့ ရစ်က်ကောလိပ်နဲ့ ယူတားပြည်နယ်တက္ကသိုလ်ကနေ ကျောင်းပြီးတဲ့နောက်မှာ သူဟာ သူ့ကိုယ်ပိုင်လုပ်ငန်းကို သုညကနေ စတင်ခဲ့ပါတယ်။ ယနေ့မှာတော့ အိုင်ဒါဟိုးဖောစ်ရှိ Brett Jensen Farms ကို *လုပ်ကိုင်လျက်ရှိပြီး လတ်လတ်ဆတ်ဆတ်စျေးကွက်အတွက် ဘာဘန့်ခ် russet* အာလူးနဲ့ ကြာရှည်ခံပြုလုပ်ဖို့ ရိန်းဂျား russet တွေကို စိုက်ပျိုးလျက်ရှိပါတယ်။ သူဟာ လတ်ဆတ်ထုပ်ပိုးခြင်းလုပ်တဲ့ ရုံတစ်ခုကို ပူးတွဲပိုင်ပြီး ဂျုံ၊ ဘာလီ၊ ပဲပင်ပေါက်စိမ်းနဲ့ ပြောင်းတွေကိုလည်း စိုက်ပျိုးပါတယ်။
ဘရတ်ဟာ ကရစ္စတီနဲ့ လက်ထပ်ထားပြီး ဂျေ့စ်၊ ရိုင်လီ၊ ဘရေဒန်၊ ကာဆန်နဲ့ ဘယ်လာ လို့ခေါ်တဲ့ သားသမီးငါးယောက် ရှိပါတယ်။ သူဟာ အမဲလိုက်ခြင်း၊ ငါးမျှားခြင်းနဲ့ ကရစ္စတီနဲ့ ခရီးထွက်ရတာကို နှစ်သက်ပြီး သူတို့သားသမီးတွေရဲ့ ဘက်စကတ်ဘော၊ ဘေ့စ်ဘောနဲ့ အမေရိကန်ဘောလုံးအသင်းများမှာလည်း ပါဝင်ပါတယ်။
သူ့ရဲ့ တစ်နှစ်တာအတွင်း အနှစ်သက်ဆုံးအချိန်ကတော့ ဆောင်းဦးပေါက်ရာသီပဲ ဖြစ်ပါတယ်။ “ကျွန်တော်က ရိတ်သိမ်းပြီး သိုလှောင်ရုံတွေထဲ အာလူးတွေ အပြည့်ဖြည့်ရတာကို တအားကြိုက်ပါတယ်”

Russ Wysocki
RPE (Russet Potato Exchange) လုပ်ငန်းက ၆၀ ခုနှစ်များတည်းက ရှိနေတာဖြစ်ပါတယ်။ ဝိုင်ဆော့စကီး ညီအစ်ကိုတွေ စတင်ခဲ့တဲ့ RPE ဟာ မိသားစုပိုင်စီးပွားရေးအနေနဲ့ ဆက်ရှိနေတုန်းပဲဖြစ်ပြီး Healthy Grown® စိုက်ပျိုးသူနဲ့ တင်ပို့သူ နှစ်ခုစလုံးအဖြစ် မြင့်မားတဲ့စံနှုန်းတွေနဲ့ လည်ပတ်နေပါတယ်။ (Healthy Grown တင်ပို့သူများကို နှစ်စဉ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပါတယ်။
ဘာကြောင့်များ ရေရှည်တည်တံ့ရေးနဲ့ပတ်သက်တဲ့ အလုပ်ပိုတွေ လုပ်တာပါလဲ။ ရပ်စ်ရဲ့ အဖြေကတော့ “ကျွန်တော်တို့ဟာ မြေကြီးရဲ့ ထိန်းသိမ်းသူတွေဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ဒီမြေကြီးအတွက်နဲ့ ဒီလုပ်ငန်းအတွက် ကောင်းတဲ့ကိစ္စတွေလုပ်ဖို့ ကျွန်တော်တို့ရဲ့ အခွင့်အလမ်းကောင်းပဲဖြစ်ပါတယ်။” တကယ်တော့ Healthy Grown ဟာ နောက်ထပ် ကောင်းမွန်တဲ့အရာတွေဖြစ်လာစေဖို့ တွန်းအားတစ်ရပ်လို့ ရပ်စ်က ခံယူပါတယ်။ “ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးဟာ ကြီးမားတဲ့ စျေးကွက်နယ်ပယ်တစ်ခုပဲ ဖြစ်ပါတယ်။ ဝစ်ကွန်စင်ရဲ့ပုံရိပ်ကို တိုးတက်စေပြီး အခြားပြည်နယ်တွေလည်း လိုက်ပါလုပ်ဆောင်စေဖို့ တွန်းအားဖြစ်စေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”
Healthy Grown က စိုက်ပျိုးသူတစ်ယောက်အဖြစ် သူ့ကို ဘာတွေလုပ်ပေးခဲ့လဲ မေးကြည့်တဲ့အခါမှာတော့ ရပ်စ် နိဂုံးချုပ်ပြောဆိုတာကတော့ “အဲဒါက သဘာဝပတ်ဝန်းကျင်နဲ့ စိုက်ပျိုးရေးကိစ္စရပ်တွေကြားက ကွက်လပ်ကို တကယ့်ကို ပေါင်းကူးပေးခဲ့ပါတယ်။”"

Marty Myers
မျိုးဆက်ငါးဆက်တိုင်အောင် မိုင်ယာစ်မိသားစုက အိုရီဂွန်ပြည်နယ်မှာ အခြေချနေထိုင်ခဲ့ပါတယ်။ ကျောင်းဆရာရဲ့သား ဖြစ်တာကြောင့် မာတီတစ်ယောက် စိုက်ပျိုးရေးသမား ဖြစ်လာနိုင်ချေနည်းတယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အကြီးဆုံး အာလူးစိုက်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ရွန်အိုဖတ်ကို အားကျပြီး ပို့တ်လန်ရဲ့ အရှေ့ မိုင်၁၅၀ အကွာ ကိုလံဘီယာမြစ် ချိုင့်ဝှမ်းဒေသမှာရှိတဲ့ အိုရီဂွန်ပြည်နယ်၊ ဘို့ဒ်မန်းမှာ Threemile Canyon Farms, LLC ကို စတင်ခဲ့ပါတယ်။
မာတီရှင်းပြတာကတော့ Threemile Canyon Farms ဟာ စိုက်ခင်းအကြီးကြီးတစ်ခုဟာလည်း အစိမ်းရောင်ဖြစ်နိုင်တယ်ဆိုတာ ပြနေတဲ့ သက်ရှိထင်ရှားဥပမာတစ်ခုပဲ ဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရေရှည်တည်တံ့တဲ့ စိုက်ပျိုးမွေးမြူရေး အလေ့အထတွေလုပ်ဆောင်ရာမှာ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရပြီးနောက် အစိမ်းရောင်စိုက်ပျိုးခြင်းက စီးပွားရေးအတွက်ရော သဘာဝဝန်းကျင်အတွက်ပါ ကောင်းမွန်တယ်ဆိုတာကို သူတို့ လက်တွေ့ပြသခဲ့ပြီးဖြစ်ပါတယ်။ အာလူးအပြင် နို့ထွက်ပစ္စည်းတွေနဲ့ အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေကိုလည်း Threemile Canyon Farms မှ ထုတ်လုပ်ပါတယ်။
နောက်ဆုံးပေါ်နည်းပညာသစ်များနဲ့ဖြစ်စေ နှစ်ချို့သဘာဝနည်းများနဲ့ဖြစ်စေ ရေရှည်တည်တံ့တဲ့ အကောင်းဆုံး စိုက်ပျိုးရေးနည်းစနစ်များကို လက်တွေ့အသုံးချခြင်းဖြင့် စိုက်ပျိုးမွေးမြူရေး အသုံးချပုံစံငယ်များအတွက် ဓာတ်ခွဲခန်းတစ်ခုလို အထောက်အပံ့ပေးနေပါတယ်။ မြို့တွေ လူနေထူထပ်ရာနေရာတွေနဲ့ ဝေးတဲ့အတွက် အရွယ်အစားနဲ့ နေရာဒေသကလည်း ကောက်နှံအလှည့်ကျစိုက်ဖို့၊ တောရိုင်းတိရစ္ဆာန်တွေအတွက် ကြားခံနယ်ထားဖို့နဲ့ နို့ထွက်စွန့်ပစ်ပစ္စည်းတွေကို မြေဆွေးလုပ်ဖို့ နေရာအကျယ်ကြီး ပေးပါတယ်။ စားသုံးသူတွေမျှော်မှန်းတဲ့ အရည်အသွေးကို အာမခံနိုင်ဖို့ရာအတွက် သူတို့ရဲ့ ကောက်ပဲသီးနှံတွေနဲ့ နို့ထွက်ပစ္စည်းတွေကို ခြေရာကောက်သိနိုင်အောင် နောက်ဆုံးပေါ်နည်းပညာတွေကိုသုံးထားပါတယ်။ ရုပ်ကြွင်းလောင်စာတွေကို မှီခိုမှုကို လျှော့ချတဲ့နေရာမှာ အိုရီဂွန်ပြည်နယ်က ထိပ်တန်းနေရာရောက်ဖို့ ကူညီတဲ့အနေနဲ့ Threemile Canyon Farms ဟာ ပြုပြင်ထားတဲ့ တိရစ္ဆာန်မြေသြဇာကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ချေဖျက်စက်ရုံအပါအဝင် သစ်လွင်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများမှာ ပါဝင်လုပ်ဆောင်နေပါတယ်။ ရေထုတ်ရေသွင်းခြင်းနဲ့ အခြား စိုက်ခင်းလုပ်ငန်းရပ်များအတွက်သုံးတဲ့ လျှပ်စစ်ပမာဏရဲ့ သုံးဆယ်ရာနှုန်းကို ဒီစိုက်ခင်းက ထုတ်လုပ်ပေးနေပါတယ်။
မာတီဟာ အန်နီနဲ့ လက်ထပ်ထားပြီး ဂျေဆန်၊ ကေစီ၊ နစ်က်နှင့် အဲရစ် ဆိုတဲ့ သားတွေရှိပါတယ်။ ဂေါက်ရိုက်ခြင်း၊ စက်ဘီးစီးခြင်း နဲ့ အားကစားလှုပ်ရှားမှုများကို သဘောကျပြီး ဒါတွေထက် သူအနှစ်သက်ဆုံးဖြစ်နိုင်တာကတော့ အိုရီဂွန်မှာပဲနေတဲ့ သူ့မြေးလေးယောက်နဲ့ အတူတူရှိနေရတာကိုပါပဲ။

Don Thibodeau
ဒွန် သီဘိုဒိုးဟာ မိန်းပြည်နယ် ဖရိုင်းဘဂ်မှ ပ ဉ္စမမျိုးဆက် အာလူးစိုက်ပျိုးသူဖြစ်ပါတယ်။ သူ့မိသားစုပိုင်စိုက်ခင်း Green Thumb Farms, Inc. ဟာ မိန်းအနောက်ပိုင်း မြေဆီသြဇာကြွယ်ဝတဲ့ ဆာကိုမြစ် ချိုင့်ဝှမ်းရှိ ဧက ၂၂၀၀ ပေါ်မှာ အာလူး၊ မြက်ခင်းလွှာ၊ ပဲခြောက်များနဲ့ ပြောင်းဖူးတို့ကို စိုက်ပျိုးပြီး မိန်းပြည်နယ်ရဲ့ ကွင်းပြင်ကျယ်များနဲ့ စိုက်ပျိုးမွေးမြူရေး အမွေအနှစ်များကို ထိန်းသိမ်းဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုကို ရှင်သန်ကြီးထွားအောင် လုပ်ဆောင်ခွင့်ရတဲ့ အခွင့်အလမ်းကြောင့်ပဲ မိသားစုစီးပွားရေးမှာ ပါဝင်ဖို့ သူ့ကို တွန်းအားဖြစ်စေခဲ့တာပါ။ “ကျွန်တော့်ကို လွတ်လပ်စေပြီး စွန့်ဦးလုပ်ကိုင်လိုတဲ့ စိတ်ဆန္ဒကို အားပေးလို့ပါပဲ”
Green Thumb က လုပ်ငန်းရဲ့ တောင်းဆိုမှုတွေပေါ်လိုက်ပြီး အဆက်မပြတ် လိုက်ပါပြောင်းလဲနိုင်တဲ့အတွက် သူဂုဏ်ယူပါတယ်။ အရွယ်အစားအရရော နည်းပညာအရပါ ကုန်စည်အမျိုးစုံလင်မှုပါမကျန် ဆက်လက်တိုးတက်ကြီးထွားနေပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဒွန်နဲ့ သူ့အစ်ကို လီ တို့ အကျိုးတူလုပ်ကိုင်တဲ့ Maine Distilleries ဟာ Green Thumb Farms ရဲ့ အာလူးတွေကိုသုံးပြီး ထုတ်လုပ်တဲ့ Cold River Vodka လုပ်ငန်းသစ်ကို ဂုဏ်ယူစွာ စတင်ခဲ့ပါတယ်။
U.S. POTATO INDUSTRY U.S. GROWER PROFILES < Back to US Grower Profiles DON THIBODEAU Don Thibodeau ဒွန် သီဘိုဒိုးဟာ မိန်းပြည်နယ် ဖရိုင်းဘဂ်မှ ပ ဉ္စမမျိုးဆက် အာလူးစိုက်ပျိုးသူဖြစ်ပါတယ်။ သူ့မိသားစုပိုင်စိုက်ခင်း Green Thumb Farms, Inc. ဟာ မိန်းအနောက်ပိုင်း မြေဆီသြဇာကြွယ်ဝတဲ့ ဆာကိုမြစ် ချိုင့်ဝှမ်းရှိ ဧက ၂၂၀၀ ပေါ်မှာ အာလူး၊ မြက်ခင်းလွှာ၊ ပဲခြောက်များနဲ့ ပြောင်းဖူးတို့ကို စိုက်ပျိုးပြီး မိန်းပြည်နယ်ရဲ့ ကွင်းပြင်ကျယ်များနဲ့ စိုက်ပျိုးမွေးမြူရေး အမွေအနှစ်များကို ထိန်းသိမ်းဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုကို ရှင်သန်ကြီးထွားအောင် လုပ်ဆောင်ခွင့်ရတဲ့ အခွင့်အလမ်းကြောင့်ပဲ မိသားစုစီးပွားရေးမှာ ပါဝင်ဖို့ သူ့ကို တွန်းအားဖြစ်စေခဲ့တာပါ။ “ကျွန်တော့်ကို လွတ်လပ်စေပြီး စွန့်ဦးလုပ်ကိုင်လိုတဲ့ စိတ်ဆန္ဒကို အားပေးလို့ပါပဲ” Green Thumb က လုပ်ငန်းရဲ့ တောင်းဆိုမှုတွေပေါ်လိုက်ပြီး အဆက်မပြတ် လိုက်ပါပြောင်းလဲနိုင်တဲ့အတွက် သူဂုဏ်ယူပါတယ်။ အရွယ်အစားအရရော နည်းပညာအရပါ ကုန်စည်အမျိုးစုံလင်မှုပါမကျန် ဆက်လက်တိုးတက်ကြီးထွားနေပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဒွန်နဲ့ သူ့အစ်ကို လီ တို့ အကျိုးတူလုပ်ကိုင်တဲ့ Maine Distilleries ဟာ Green Thumb Farms ရဲ့ အာလူးတွေကိုသုံးပြီး ထုတ်လုပ်တဲ့ Cold River Vodka လုပ်ငန်းသစ်ကို ဂုဏ်ယူစွာ စတင်ခဲ့ပါတယ်။ ဒီ်လုပ်ငန်းဟာ ၁၉၂၀ ခုနှစ်များအတွင်း ယူအက်စ်မှာ ပိတ်ပင်မှုမစခင်နဲ့ ပိတ်ပင်ထားစဉ်အတွင်း အာလူးဗော့ကာ ချက်လုပ်ခဲ့တဲ့ အဖေရဲ့ ဦးလေးနဲ့ အဖေရဲ့အဖေ တို့ရဲ့ ဇာတ်လမ်းတွေကို ဒွန်နဲ့ သူ့အစ်ကို ကြားဖူးနေခဲ့တာတွေရဲ့ ရလဒ်ပါပဲ။ ယနေ့မှာတော့ သမာရိုးကျဗော့ကာအပြင် ဘလူးဘယ်ရီရသာ Cold River Vodka ကို မိန်းဘလူးဘယ်ရီသီးအရိုင်းများ၊ အာလူးများနဲ့ Cold River Gin ကို သုံးပြီး Maine Distilleries မှ ထုတ်လုပ်ပါတယ်။ Cold River Vodka ဟာ အစအဆုံး ကိုယ်ပိုင်ကုန်ကြမ်းများသုံးပြီး ချက်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး မိသားစုပိုင် ဗော့ကာလုပ်ငန်း ဖြစ်တယ်လို့ သူတို့ယုံကြည်နေပါတယ်။
နှစ်ကာလများတစ်လျှောက်မှာ Green Thum Farms ဟာ ပြောင်းလဲမှုများစွာ မြင်တွေ့ခဲ့ရပြီး သူတို့အိပ်မက်တွေရဲ့ အလွန်အထိ ကြီးထွားလာမှုကိုလည်း ကြုံခဲ့ရပါတယ်။ ယာခင်းက မိသားစုပိုင်ဖြစ်ပေမယ့်လည်း ဒွန် ရှင်းပြတာက “ကျွန်တော်တို့ရဲ့ အောင်မြင်မှုဆိုတာ ကျွန်တော်တို့ရဲ့ သစ္စာရှိလုပ်သားတွေရဲ့ စိတ်ရောကိုယ်ပါ ကြိုးစားအားထုတ် လုပ်ကိုင်မှုတွေကြောင့်ပါပဲ။ စိုက်ပျိုးရေးဟာ ဖရိုင်းဘဂ်ဒေသရဲ့ စီးပွားရေးမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဒီခမ်းနားတဲ့ အသိုင်းအဝိုငသေးသေးနဲ့ မိန်းရဲ့ စိုက်ပျိုးမွေးမြူရေးအမွေအနှစ်ကို ရေရှည်တည်တံ့အောင်လုပ်တဲ့နေရာမှာ တစ်စိတ်တစ်ဒေသ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ တအားဂုဏ်ယူမိပါတယ်။

Klaren & Cheryl Koompin
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ဆုချီးမြှင့်ခြင်းခံရတဲ့ Koompin Farms ဟာ ၁၉၅၉ ခုနှစ်မှာ ၁၃၅ ဧကနဲ့ စတင်ခဲ့ပြီး ၎င်းတို့အနက် ဧက ၃၀ က အာလူးခင်းများ ဖြစ်ပါတယ်။ ယနေ့မှာတော့ ဧက ၁၄၀၀၀ ရှိတဲ့လုပ်ငန်းမှာ ဧက ၃၃၀၀ ကို အာလူးစိုက်ပျိုးနေပါတယ်။ တတိယမျိုးဆက် သားများဖြစ်တဲ့ ကမ်ရန်နဲ့ ခေအယ်လ် ကွန်းမ်ပင်တို့ဟာ နေ့စဉ်လုပ်ငန်းလည်ပတ်ရာမှာ စိတ်ရောကိုယ်ပါ ပါဝင်လုပ်ကိုင်လျက်ရှိပြီး ကွန်းမ်ပင်အမွေအနှစ်ကို ဆက်ခံဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ ဒီမိသားစုက အာလူးတွေအပေါ် တကယ်စိတ်အားထက်သန်ကြပါတယ်။
၂၀၀၅ မှာ ရှဲရယ်လ် ကွန်းမ်ပင်က Potatoes USA ရဲ့ International Food Aid Initiative အစီအစဉ်နဲ့ ယူအက်စ် ရေမဲ့အာလူးများကို ဘယ်လိုပြင်ဆင်ရတယ်ဆိုတာ ဆီနီဂေါလူမျိုးတွေကို သင်ကြားပေးဖို့ အနောက်အာဖရိကကို သွားရောက်ခဲ့ပါတယ်။ ယနေ့ သူမဟာ Potatoes USA မှာ တက်တက်ကြွကြွလှုပ်ရှားနေပြီး ဒီဒေသမှာ အာလူးလုပ်ငန်းရဲ့ အားထုတ်ကြိုးပမ်းမှုများကို ပိုမိုကျယ်ပြန့်လာအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
“စိုက်ပျိုးသူတွေအနေနဲ့ အာဟာရပြည့်တဲ့အစားအစာတွေကို များများစားစား ထုတ်လုပ်ခွင့်ရတာ ကျွန်တော်တို့အတွက် ဘုရားပေးတဲ့ဆုပါပဲ။ ဒါပေမယ့် ကမ္ဘာတစ်ဝက်နီးပါးက ငတ်မွတ်ခြင်းနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် အာဟာရပြတ်လပ်နေပါတယ်။ ဒီခရီးက အာလူးတွေနဲ့ စီးပွားရေးအသက်မွေးမှုကို တည်မြဲအောင်လုပ်ဖို့ ကြိုးစားနေရင်းနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် လုပ်ရမယ့်တာဝန်ကိုလည်း ဘယ်လိုကျေပွန်အောင် လုပ်နိုင်မယ်ဆိုတာကို မျက်လုံးတွေ ဖွင့်ပေးလိုက်သလိုပါပဲ။ သိပ်မရှုပ်ထွေးပါဘူး။ ကမ္ဘာကြီးကို အစာကျွေးရင်းနဲ့ ကျွန်တော်တို့ရဲ့ ဒေသတွင်း စိုက်ခင်းစီးပွားရေးကို ပြန်ရှင်သန်အောင် လုပ်ဆောင်နိုင်ပါတယ်။”

Steve & Andy Diercks
Coloma Farms ဟာ ဆန်းသစ်တီထွင်မှုနဲ့ ရိုးရာ ပေါင်းစပ်ထားတဲ့ နမူနာတစ်ခုပါပဲ။ ရှေရှည်တည်တံ့နိုင်စွမ်းရှိတဲ့ ဧက ၂၇၀၀ ရှိတဲ့ စိုက်ခင်းကို တတိယနဲ့ စတုတ္ထမျိုးဆက် စိုက်ပျိုးရေးသမားတွေဖြစ်တဲ့ စတိဗ်နဲ့ အန်ဒီ ဒီးယာ့ခ်စ်တို့က စီမံနေပါတယ်။ စတိဗ်ဟာ ဝစ်ကွန်စင်၊ အန်တီဂိုအနီးက အာလူးခင်းမှာ ကြီးပြင်းခဲ့ပါတယ်။ သူ့အဖေ ရောဘတ်နဲ့အတူ ဝစ်ကွန်စင်၊ ကိုလိုမာ မှာရှိတဲ့ အလယ်ပိုင်းသဲသောင်မြေပြန့်လွင်ပြင်ဒေသကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒဲဒီမှာပဲ ဝစ်ကွန်စင်တက္ကသိုလ်(UW) အာလူးသုတေသနပြုသူတွေနဲ့ အလုပ်သဘော ရင်းနှီးကျွမ်းဝင်ခဲ့ကြပြီး ဒါကပဲ Healthy Grown ဖြစ်လာဖို့ ပထမဆုံးအဆင့်တွေဖြစ်ခဲ့ပါတယ်။ စတိဗ်နဲ့ အန်ဒီဟာ အစောပိုင်းတည်းက ပါဝင်ခဲ့ပြီး သူတို့ရဲ့စိုက်ခင်းမှာ လုပ်ခဲ့တဲ့ သုတေသနတွေက Healthy Grown စံနှုန်းသတ်မှတ်မှုတွေနဲ့ ခွဲခြားလို့ မရခဲ့ပါဘူး။.
“ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးရဲ့ စိန်ခေါ်မှုကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျှော့ချပြီး အရည်အသွေးကောင်းကောင်းနဲ့ ကောက်ပဲသီးနှံအထွက်နှုန်းများအောင် ထုတ်လုပ်ရတာပါပဲ။ UW ရဲ့ အာလူးအဖွဲ့နဲ့ အတူတွဲလုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ကို မတူကွဲပြားအောင်လုပ်ကိုင်ပြီး ထူးခြားတဲ့အာလူးတွေကို ထုတ်နိုင်ရုံမက ဘယ်လိုပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတာ သင်ကြားပေးခဲ့ပါတယ်” လို့ အန်ဒီက မှတ်ချက်ပြုပါတယ်။ စတိဗ်ထပ်ပြောပြတာက “ကျွန်တော်တို့စိုက်ခင်းရဲ့ ခြေလှမ်းတိုင်းကို ကျွန်တော်တို့ မေးခွန်းထုတ်ပါတယ်။ UW သုတေသနအဖွဲ့တွေနဲ့ အတူလုပ်ခွင့်ရတာ ကျွန်တော်တို့ရဲ့ သမာရိုးကျတွေးခေါ်ပုံကို တကယ်ကြီး စိန်ခေါ်ခဲ့ပြီး ဒါက လူတိုင်းကို အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။” “ဝင်ကွန်စင်က စိမ်းလန်းတဲ့ အာလူးပြည်နယ်ပါပဲ။ ဒါကို ကျွန်တော်တို့ အရမ်းဂုဏ်ယူပါတယ်” လို့ အန်ဒီက နိဂုံးချုပ်ပါတယ်။

Justin Dagen
မင်နီဆိုးတားပြည်နယ်၊ ကားလ်စတဒ်မှာနေတဲ့ ဂျပ်စတင်ဒေဂန်ဟာ ပ ဉ္စမမျိုးဆက် စိုက်ပျိုးရေးသမားဖြစ်ပါတယ်။ ၁၂၉ နှစ်တိုင်အောင် သူ့မိသားစုက ကနေဒါနယ်စပ်ရဲ့တောင်ဘက် ၅၅ မိုင်ပဲကွာတဲ့ စပရင်းဘရွတ်ခ်မြို့နယ်မှာ ယာစိုက်ပျိုးရေး လုပ်ခဲ့ပါတယ်။ ဒီ “ဝိသေသလက္ခဏာ တည်ဆောက်ခြင်း ခရီးစဉ်” မှာ သူ လျှောက်လှမ်းနေတာ ၃၅ နှစ် ရှိပြီဖြစ်ပေမယ့် ဇနီး ဒွန်နာနဲ့ သားသမီးလေးယောက်တို့ရဲ့ ကူညီထောက်ခံမှုတွေကြောင့် အခုထိ သူပျော်ရွှင်နေတုန်းပါ။
အသိအမှတ်ပြု အစေ့အာလူးစိုက်ခြင်းဟာ ၇၅ နှစ်တိုင်အောင် သူ့စိုက်ခင်းရဲ့ အဓိကအစိတ်အပိုင်း ဖြစ်နေတုန်းပါပဲ။ သူအသက် ၁၇ အရွယ်မှာ ဖခင်ဆုံးပါးသွားတဲ့အတွက် အဖေ့ခြေရာလိုက်နင်းဖို့ ရွေးချယ်လိုက်ပြီး ၁၉၇၇ မှာ လုပ်ငန်းရဲ့ စီမံခန့်ခွဲမှုကို တာဝန်ယူခဲ့ပါတယ်။ “ကြောက်ကြောက်လန့်လန့်နဲ့ပေါ့” လို့ သူပြောပြပါတယ်။
အဝေးရော အနီးကလူတွေအတွက်ပါ အာဟာရထောက်ပံ့ပေးရတဲ့ အာလူးထုတ်သူဖြစ်ရတာကို ဂျပ်စတင်ဝမ်းမြောက်ပါတယ်။ ဘဝကိုနှစ်မြှုပ်ထားတဲ့ ယာစိုက်သမားတွေက အရည်အသွေးမီအာလူးတွေ စိုက်ဖို့နဲ့ သဘာဝဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လေ့လာလိုက်စားနေကြတာကို လူအများစုသာသိသွားကြရင် အံ့သြတကြီးဖြစ်ကြလိမ့်မယ်လို့ သူထင်ပါတယ်။ “နိုင်ငံကို တစ်ချိန်မှာ အရသာရှိတဲ့အာလူးတစ်လုံး ကျွေးနေရတာကို ကျွန်တော်တို့ ဝမ်းသာရပါတယ်”

Larry Alsum
၁၉၈၁ မှာ ဘဝကိုပြောင်းလဲစေတဲ့ အဖြစ်အပျက်များကို ဆက်တိုက်ကြုံရပြီးတဲ့နောက်မှာတော့ လယ်ရီဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆီ ပြန်လာခဲ့ပြီး အာလူးနဲ့ ကြက်သွန်နီတွေကို ပြန်လည်ထုပ်ပိုးတဲ့ Alsum Produce ဆိုတဲ့ အသေးစားလုပ်ငန်းကို စတင်ခဲ့ပါတယ်။ ၁၉၈၉ အရောက်မှာ စုပေါင်းစိုက်ခင်း ၃ နှစ်တာလုပ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ ၁၉၉၂ မှာတော့ သူဟာ ၇၅၀ ဧကရှိတဲ့ Alsum Farms, Inc ကို စတင်ခဲ့ပါတယ်။
ယနေ့ Alsum Farms & Produce, Inc ဟာ ပေါင်တစ်ရာရှိတဲ့ အာလူးယူနစ်ပေါင်း ၁.၈ သန်းကျော်ကို ထုပ်ပိုးပြီး စျေးကွက်တင်ပို့နေတာ ဖြစ်ပါတယ်။ စိုက်ခင်းလုပ်ငန်းက russets, reds, golds, whites and fingerlings အပါအဝင် လတ်ဆတ်တဲ့ စျေးကွက်ဝင် အာလူးများကို ၁၉၀၀ ဧက ထပ်မံ တိုးချဲ့ပြီးဖြစ်ပါတယ်။ *..
Alsum Farms ဟာ “ံHealthy Grown®” လို့ခေါ်တဲ့ ဝစ်ကွန်စင်ရဲ့ အာလူးရေရှည်တည်တံ့ရေးအစီအစဉ်မှာ အထူးတလည် ပါဝင်ပါတယ်။ လယ်ရီပြောပြတာကတော့ အမြဲတမ်းလွယ်ကူနေတာမဟုတ်ပေမယ့်လည်း အခြားနည်းလမ်းတွေနဲ့ လုပ်မှာမဟုတ်ပါဘူး။ “စိုက်ပျိုးရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်လာတာနဲ့အမျှ ကျွန်တော်သိလာရတာက စိုက်ပျိုးရေးသမားအနေနဲ့ ကျွန်တော်တို့ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့ရဲ့ စိုက်ခင်းတွေအလွန်က သဘာဝပတ်ဝန်းကျင်နဲ့ နက်နက်နဲနဲဆက်စပ်နေတယ်ဆိုတာပါပဲ” လို့ သူကရှင်းပြပါတယ်။ “သင်ယူလေ့လာဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းကောင်းတစ်ခုပါ။ Healthy Grown® ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရတာဟာ စိုက်ပျိုးရေးသမားတစ်ယောက်အနေနဲ့ ကျွန်တော်ဘာလုပ်နေတယ် ဘာကြောင့်လုပ်နေတယ် ကျွန်တော့်ဆုံးဖြတ်ချက်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုသက်ရောက်မှုတွေရှိမယ်ဆိုတာကို အသေအချာနားလည်သဘောပေါက်စေခဲ့ပါတယ်။”
လယ်ရီနဲ့ သူ့ဇနီး ပေါ်လာ ဟာ လက်ထပ်ထားတာ ၃၇ နှစ် ရှိပါပြီ။ သူတို့မှာ တင်မိုသီ၊ ဟေဒီ၊ ဝင်ဒီ၊ ချဒ် နဲ့ နိုအာ လို့ခေါ်တဲံ သားသမီးငါးယောက်ရှိပါတယ်။ မြေး ၆ ယောက်လည်း ရှိပါတယ်။ သားသမီးတွေအနက် ၄ ယောက် က အိုင်တီမန်နေဂျာ၊ စျေးကွက်မန်နေဂျာ၊ ငွေကြေးဆန်းစစ်လေ့လာသူနဲ့ ကုန်ထုပ်ပိုးမှုလုပ်ငန်းမှာ အလုပ်လုပ်ကိုင်ကြပါတယ်။ အငယ်ဆုံးကတော့ ကျောင်းမှာပဲရှိသေးပေမယ့် စိုက်ခင်းဆီ အလည်လာပြီး ကူညီရတာ နှစ်သက်ပါတယ်။ စိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်းက စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းအမြောက်အများကို ပေးပြီး စိုက်ခင်းနဲ့ စီးပွားရေးကိစ္စရပ်များမှာ ကျွန်တော်တို့မိသားစု ပါဝင်ပတ်သက်ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။

ဒေ့ဗ် မက်ဆာ
မျိုးဆက်ရှစ်ဆက်တိုင်အောင် မက်ဆာမိသားစုဟာ အာလူးစိုက်ပျိုးခဲ့ပါတယ်။ ဒီရိုးရာကို ဆက်လက်ရှင်သန်စေဖို့အတွက် ဒေ့ဗ်မက်ဆာဟာ ကယ်လီဖိုးနီးယား၊ ဆာကရာမန်တိုမှာရှိတဲ့ Sterman Masser Farms ကို ဆက်ခံခဲ့ပါတယ်။ ကလေးဘဝ ဒေ့ဗ်ကို သူ့အဖေရဲ့ လုပ်ငန်းအပေါ် စိတ်အားထက်သန်မှုနဲ့ ကောက်နှံတစ်ပင်ကို စိုက်ပျိုးနိုင်တဲ့အတွက် ကျေနပ်ပီတိတွေက တွန်းအားဖြစ်စေခဲ့ပါတယ်။
“ကျွန်တော့်မိဘနှစ်ပါးလုံးက အာလူးစိုက်တဲ့မိသားစုတွေမှာ ကြီးပြင်းခဲ့ရတော့ အဲဒါက ကျွန်တော့်ရဲ့ DNA ရဲ့ တစ်စိတ်တစ်ပိုင်းပါဝင်နေတာပါ” လို့ ဒေ့ဗ်က ရှင်းပြပါတယ်။ “အဘိုးနှစ်ယောက်လုံးကလည်း အာလူးစိုက်သမားတွေပဲ။ သူတို့ကိုသိခွင့်ရပြီး ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ရတာ ကျွန်တော်အရမ်း ကံကောင်းပါတယ်။ သူတို့က ဒီနေ့ကျွန်တော်လုပ်ကိုင်နေတာတွေ လုပ်ဖြစ်အောင် တွန်းအားဖြစ်စေခဲ့တာပါ”
အာလူးစိုက်ခြင်းအပေါ် စိတ်အားထက်သန်မှုကို အမွေရခဲ့တာအပြင် အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်းမှာ အာလူးစိုက်ရတဲ့ စိန်ခေါ်မှုတွေကိုလည်း သူက နှစ်သက်ပါတယ်။ “ဒီမှာ ကျွန်တော်တို့ စိန်ခေါ်မှုတွေအများကြီးနဲ့ ရင်ဆိုင်ရတယ်။ မြေအနေအထား၊ ကျောက်တုံးတွေ ပြီးတော့ ရာသီဥတုပေါ့။ ဒီအနေအထားတွေမှာ အရည်အသွေးမီ သီးနှံတစ်ပင်ကို စိုက်ပျိုးထုတ်လုပ်နိုင်တာ တအားကျေနပ်စရာကောင်းပါတယ်။” အောင်မြင်ဖို့ဆိုရင် ယာတောတိုင်းက အာဂလူတွေပါတဲ့ တောင့်တင်းတဲ့အသင်းအဖွဲ့မျိုးကို လိုအပ်ပါတယ်။ ဒေ့ဗ်ဟာ အထူးသဖြင့် သူ့အဖွဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ “သူတို့က ကျွန်တော်တို့အောင်မြင်မှုရဲ့ သော့ချက်ဖြစ်ပြီး လုပ်ငန်းကြီးထွားမှုရဲ့ အုတ်မြစ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုထားရှိတဲ့ စိတ်ထက်သန်မှုနဲ့ လူတွေစားဖို့ ကျန်းမာရေးနဲ့ညီညွတ်၊ အာဟာရပြည့်ဝပြီး စိတ်ချရတဲ့ ဟင်းသီးဟင်းရွက်တွေ ထုတ်လုပ်ပေးချင်တဲ့ စိတ်ဆန္ဒမျိုး သူတို့အားလုံးမှာ ရှိပါတယ်။

Dan Chin
ဒန်ချင်ကတော့ ကယ်လီဖိုးနီးယားနဲ့ အိုရီဂွန်ပြည်နယ် နယ်စမ်မှာရှိတဲ့ ကလာမတ်ဖောစ်က တတိယမျိုးဆက် အာလူးစိုက်သူဖြစ်ပါတယ်။ သူ့အဖိုး စမ်ဝေါင်ဟာ တရုတ်ပြည်မကြီးကနေ အမေရိကားကို ၁၉၁၄ ခုနှစ်မှာ ရွှေ့ပြောင်းအခြေချခဲ့တာပဲ ဖြစ်ပါတယ်။ “အဘိုးအမြဲပြောလေ့ရှိတာက အမေရိကားဟာ အခွင့်အလမ်းတွေပေါတဲ့မြေတဲ့။ ဒီကိုလာပြီး အာလူးစိုက်ဖို့ သူ့စိတ်ထဲမှာ အမြဲရှိခဲ့ပါတယ်။”
ဝေါင်ဟာ ကယ်လီဖိုးနီးယားနဲ့ နဗားဒါးမှာ စိုက်ခင်းလုပ်ငန်းတွေလုပ်ခဲ့ပြီး မအောင်မြင်ခဲ့ပေမယ့်လည်း သူ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ပါတယ်။ ၁၉၃၀ အရောက်မှာတော့ သူဟာ နေရာမှန်ကို ချိန်သားကိုက်ရောက်လာပြီး ကလာမတ်ဖောစ်မှာ လယ်ယာမြေတွေဝယ်ယူပြီး သူ့သား ဂျော့နဲ့အတူ အာလူးစတင်စိုက်ပျိုးပါတော့တယ်။ ၁၉၉၉ မှာ ဒန်က လုပ်ငန်းစုကို သူ့အဖေဆီက ဝယ်ယူပြီး Wong Potatoes အဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။ ယနေ့မှာတော့ သူတို့ဟာ အာလူးစိုက်ခြင်း၊ အမျိုးခွဲခြင်း၊ ထုပ်ပိုးခြင်းနဲ့ တင်ပို့ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေပါတယ်။ ယခု အသက် ၈၅ ရှိပြီဖြစ်တဲ့ သူ့အဖေကတော့ ထရပ်ကားနဲ့တင်ပို့တဲ့လုပ်ငန်းများကို တာဝန်ယူကြည့်ရှုနေပါတယ်။
*ဒန်နဲ့ သူ့ဇနီး ဒီးဒီးဟာ လယ်ယာမြေဧက ၄၀၀၀ ကို လုပ်ကိုင်လျက်ရှိပြီး ဧက ၁၂၀၀ ကတော့ red ကနေ yellows, purples, whites and fingerlings စတဲ့ အာလူးအမျိုးပေါင်း ၂၀ ကျော်ကို စိုက်ပျိုးနေပါတယ်။ သူ့လုပ်ငန်းကနေ အော်ဂဲနစ်အာလူးထုတ်လုပ်ခြင်းက ၂၀၀၃ မှာ ၁၀ ရာနှုန်းကနေ လက်ရှိကာလမှတော့ ၇၅ ရာနှုန်းအထိ တိုးတက်လာပြီ ဖြစ်ပါတယ်။ ကြက်သွန်၊ နို့ထွက်ပစ္စည်းထုတ်နိုင်တဲ့ မြက်ခြောက်၊ ဂျုံနီနဲ့ ဂျုံဖြူကိုလည်း စိုက်ပျိုးပါတယ်။ Wong Potatoes ဆိုတဲ့ နာမည်အောက်မှာ အာလူးကို လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထုပ်ပိုးတဲ့ စက်ရုံတစ်ရုံလည်း လည်ပတ်နေပြီး အမေရိကားနဲ့ ပစိဖိတ်အဝန်းနားက နိုင်ငံတွေကို တင်ပို့ရောင်းချပါတယ်။

နစ်က် ဆွန်မားစ်
နစ်က်ဟာ ယာသမားမိသားစုက လာတာဖြစ်ပြီး သူက တတိယမျိုးဆက်ပါ။ အခုတော့ ယာအလုပ်လုပ်ကိုင်နေတဲ့ တစ်ဦးတည်းသော မိသားစုဝင်ပေါ့။ သူနဲ့ သူ့ဇနီးဟာ ဧက ၄၀၀ ရှိတဲ့ Healthy Grown ဝစ်ကွန်စင် အာလူးခင်းကို အတူတကွ တာဝန်ယူကြပါတယ်။
Healthy Grown စတင်ထူထောင်ချိန်တည်းက အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ နစ်ဟာ ကြာရှည်တည်တံ့ စိုက်ပျိုးရေးအစီအစဉ်က ဘယ်လောက်အထိရောက်လာပြီဆိုတာကို တန်ဖိုးထားပါတယ်။ “ရှည်ကြာတဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ။ အရင်နဲ့မတူတော့အောင် ရှေရှည်တည်တံ့ရေးအတွက် ပြောင်းလဲလုပ်ကြဖို့ ဆုံးဖြတ်လိုက်တည်းက ကျွန်တော်တို့ကို ကူညီမယ့်လူတွေကို ရှာခဲ့ရပါတယ်။ ဝစ်ကွန်စင်တက္ကသိုလ်က သုတေသနသမားတွေနဲ့ စတင်စကားပြောခဲ့ပြီး နောက်အခြေအနေတွေကတော့ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ရံပုံငွေအဖွဲ့နဲ့ ဆက်မိတာပါပဲ” လို့ သူက ပြောပြပါတယ်။ “ကျွန်တော်တို့အတွက် အရေးကြီးတာက စိုက်ပျိုးရေးသမားတွေအနေနဲ့ နှစ်စဉ်ပြည့်မီရမယ့် တိကျတဲ့ ကြာရှည်တည်တံ့ရေးစံနှုန်းတွေ ရှိဖို့ပါပဲ။ ဒါကြောင့်ပဲ လုပ်ငန်းစဉ်က ကျွန်တော်တို့မျှော်လင့်တာထက် ပိုကြာခဲ့ပြီး ၁၈ လ ကြာမြင့်ခဲ့ပါတယ်။ ဒါပေမယ့် တန်ပါတယ်”
“ရေရှည်တည်တံ့ဖို့ဆိုတဲ့ စိန်ခေါ်ချက်ကို ကျွန်တော်တို့လက်ခံခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ အခုဆို လုပ်နေတာ ၁၀ နှစ်ကျော်ရှိပြီလေ။ အဆုံးစွန်အနေနဲ့ ကျွန်တော်တို့ ခုလုပ်နေတာက သဘာဝပတ်ဝန်းကျင်အတွက် ပိုကောင်းပါတယ်။ တစ်နေ့ကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ထားပြီးတဲ့နောက်မှာ သဘာဝတရားဆီ ကျွန်တော်လျှောက်သွားကြည့်ရင် တောရိုင်းသတ္တဝါတွေကို ကျွန်တော့် ပတ်ပတ်လည်မှာ မြင်ရပါတယ်။ မြေပေါ်မှာ ကြီးပြင်းလာတဲ့ ကျွန်တော်တို့အတွက် ဒီမြေက သဘာဝအတိုင်းထားရမယ့် တာဝန်ရှိတယ်လို့ ကျွန်တော်ခံစားမိပါတယ်” လို့ သူက နိဂုံးချုပ်ပါတယ်။

Randy & Karlene Hardy
ရန်ဒီနဲ့ ကာလင်း ဟာဒီတို့က အထက်တန်းကျောင်းတည်းကရည်းစားတွေ ဖြစ်ကြပြီး တောင်အလယ်ပိုင်း အိုင်ဒါးဟိုးရှိ တောင်တွေဝိုင်းနေတဲ့ လူဦးရေ ၆၇၃ သာရှိတဲ့ မြို့ငယ်လေး အုတ်ခ်ကလေမှာ မွေးဖွား၊ အရွယ်ရောက်ခဲ့ကာ ယခုထိ နေထိုင်လျက်ရှိပါတယ်။ ကာလင်းက သူ့ယောက်ျားအကြောင်း ခုလိုပြောပြပါတယ် “သူက စိုက်ခင်းကို အလေးအနက်သဘောထားတယ်ဆိုတာ စတွဲနေကတည်းက ကျွန်မသိခဲ့ပါတယ်”
၁၉၇၂ ဇွန်လမှာတော့ ရန်ဒီနဲ့ ကာလင်းဟာ လက်ထပ်ခဲ့ပြီး သူ့အဖေရဲ့ ဧက ၃၀၀ စိုက်ခင်းကို ကူညီဖို့ ကောလိပ်ကနေ အိမ်ကို ပြောင်းလာခဲ့ကြပါတယ်။ နှစ်လအကြာမှာ သူ့ဖခင်ကွယ်လွန်ခဲ့ပြီး ရန်ဒီက စိုက်ခင်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ ယနေ့ အချိန်ပြည့်အလုပ်သမားနှစ်ယောက်နဲ့အတူ ဟာဒီရဲ့သား ဘန် က ဧက ၃၀၀၀ ရှိတဲ့ မိသားစုပိုင်စိုက်ခင်း Hardy Farms, Inc ကို လည်ပတ်နေပါတယ်။ ဂျုံ၊ ဘာလီ၊ ပဲပင်ပေါက်စိမ်း၊ ပြောင်းမြက်စိမ်း* (corn silage) တို့ကို လတ်ဆတ်တဲ့ russet burbank* အာလူး ၆၂၅ ဧကနဲ့အတူ စိုက်ပျိုးပါတယ်။
ဘာကမှ အိုင်ဒါးဟိုးကျေးလက်မှာ နေရတဲ့ဘဝကို မယှဉ်နိုင်ပါဘူးလို့ ကာလင်းက အခိုင်အမာဆိုပါတယ်။ သူတို့မှာ သားသမီးငါးယောက်ရှိပြီး တစ်ယောက်သာ သမီးဖြစ်ပါတယ်။ မြေးမြစ်ပေါင်း ၂၆ ယောက်ရှိပါတယ်။ “ကျွန်မတို့ဟာ မိသားစုတစ်ခုအနေနဲ့ အလုပ်လုပ်ခဲ့ကြပြီး ယာခင်းကိုချစ်စိတ်၊ သဘာဝတရားကို လေးစားမှုနဲ့ အလုပ်ကြိုးစားတာကို အသိအမှတ်ပြုတဲ့စိတ်တွေကို သားသမီးတွေနဲ့ မြေးမြစ်တွေဆီ လက်ဆင့်ကမ်းနိုင်ခဲ့ပါတယ်”
အာလူးဟာ ဟာဒီမိသားစုရဲ့စားသောက်ပုံစနစ်မှာ အဓိကအခရာဖြစ်ပါတယ်။ သူတို့ရဲ့ အနှစ်သက်ဆုံး ဟင်းလျာတွေကတော့ အာလူးချောင်းကြော်၊ အခွံပါ အာလူးထောင်း၊ အာလူးအိုးပြုတ်၊ အာလူးလိပ်နဲ့ spudnuts* တွေပဲ ဖြစ်ပါတယ်။ အာလူးကို ဖော်ညွှန်းဖို့ စကားတစ်ခွန်းတည်းပြောပါဆို ဟာဒီပြောမှာက “စွယ်စုံရ” ဆိုတာပါပဲ။
စိုက်ခင်းကို ဆက်လက်လုပ်ကိုင်နိုင်တာကို သူ့ရဲ့ အကြီးမားဆုံးကိုယ်ပိုင်အောင်မြင်မှုလို့ ရှုမြင်ပါတယ်။ “လူကောင်းတွေအများကြီး ဒီလိုနေထိုင်မှုဘဝထဲက ထွက်ခွာသွားကြတာကို ကျွန်တော် မြင်ဖူးပါတယ်။ ကျွန်တော် အရမ်းကံကောင်းတယ်လို့ ခံစားရတာကတော့ ကျွန်တော့်မိသားစုကို စိုက်ခင်းမှာ ကြည့်ရှုစောင့်ရှောက်နိုင်ခဲ့တာရယ် အခုထိ အပြင်တွေမှာ အလုပ်လုပ်နိုင်ပြီး ကောက်ပဲသီးနှံစိုက်ပျိုးဖြစ်ထွန်းလာတာကို ကျေနပ်ပီတိဖြစ်တဲ့ခံစားမှုမျိုး ခံစားနိုင်တာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ အာလူးလုပ်ငန်းက ကျွန်တော့်ကို ဘဝမှာ ကောင်းကောင်းမွန်မွန် နေထိုင်စေနိုင်ခဲ့ပါတယ်။”
ရယ်ရယ်မောမောနဲ့ ငြင်းဆိုပေမယ့်လည်း ရန်ဒီ ကာလင်းကို စတင်သတိထားမိတာက ဒုတိယတန်းမှာ သူ့စက်ဘီးနဲ့ သူမကို တိုက်ဖို့ကြိုးစားတုန်းကပါပဲ။ သူတို့ ပထမဆုံး အတူတူတွဲမကခင်အထိ အချိန်ကာလ ကိုးနှစ် ကြာမြင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူက အထက်တန်းကျောင်းမှာ ဂျူနီယာဖြစ်ပြီး သူမက စီနီယာဖြစ်ပါတယ်။ ကျန်တဲ့ သမိုင်းကြောင်းကတော့ သိတဲ့အတိုင်းပါပဲ။ ရန်ဒီနဲ့ ကာလင်းတို့ဟာ သူတို့ရဲ့ နှစ် ၄၀ မြောက် နှစ်ပတ်လည်ကို ၂၀၁၂ ဇွန်လ ၁၂ ရက်မှာ ဆင်နွှဲခဲ့ပါတယ်။

ဂျပ်စတင် အစ်ရှာဝုဒ်
အစ်ရှာဝုဒ်မိသားစုဟာ Healthy Grown ရဲ့ ဂေဟစနစ် တည်တံ့ရေးအချက်ကို အလေးအနက် ထောက်ခံကြပါတယ်။ ဂျပ်စတင်ရဲ့အဆိုအရ “မြေကြီးရဲ့ သရုပ်သကန်၊ သူ့ရဲ့စွမ်းအားနဲ့ နက်နဲမှုတွေကို ကာကွယ်လိုတဲ့ စိတ်ဆန္ဒဆိုတာ လယ်ယာသမားတိုင်းရဲ့ ရိုးတွင်းခြင်ဆီထဲမှာ ရှိနေပါတယ် ဒါမှမဟုတ်လည်း ရှိကိုရှိသင့်ပါတယ်” စာမရေးနေဘူး ဒါမှမဟုတ် အာလူးစိုက်မနေဘူးဆိုရင် ဘူအန်နာဗစ္စတာမာ့ရှ် နားရှိ ဝစ်ကွန်စင်၊ ပလိုဗာမှာရှိတဲ့ သူ့မိသားစုပိုင််စိုက်ခင်းထဲမှာ မေပယ်ပင်တွေကနေ အရည်အနှစ် လိုက်ထုတ်နေလေ့ရှိပါတယ်။

Richard & Rod Gumz
ရစ်ချတ်နဲ့ ရော့ဒရစ် ဂမ်ဇ် ညီအစ်ကိုဟာ Gumz Muck Farms, LLC ကို ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဂမ်ဇ်မိသားစုရဲ့ စတုတ္ထမျိုးဆက် စိုက်ပျိုးရေးသမားတွေ ဖြစ်ကြပါတယ်။ သူတို့က လက်လီရောင်းဖို့အတွက် အာလူးအနီတွေနဲ့ ကြက်သွန်လုံးအဝါတွေကို စိုက်ပျိုး၊ သိုလှောင်ပြီး ထုပ်ပိုးကြပါတယ်။ ဂမ်ဇ်ညီအစ်ကိုဟာ မားကတ်ထ်၊ ကိုလံဘီယာနဲ့ ဆောက် စတဲ့ ဝစ်ကွန်စင်ရဲ့ စီရင်စုသုံးခုရှိ ဧက ၆၀၀၀ ပေါ်မှာ အာလူးအနီ၊ မုန်လာဥနီ၊ ပြောင်းဖူး၊ ပဲပိစပ်နဲ့ ပူစီနံတို့ကိုလည်း စိုက်ပျိုးပါတယ်။
ဂမ်ဇ်ညီအစ်ကိုပိုင်တဲ့ မြေအများစုက နောက်ချေးမြေဆီလွှာတွေ ပါဝင်နေတဲ့အတွက် သူတို့စိုက်ပျိုးတဲ့ ကောက်ပဲသီးနှံတွေကို နောက်ချေးမြေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ထားပါတယ်။ ဂမ်ဇ်ညီအစ်ကိုဟာ မြေကြီးကို ထိန်းသိမ်းစောင့်ရှောက်သူတွေဖြစ်တဲ့ Healthy Grown အာလူးစိုက်သူတွေဖြစ်ကြပြီး သူတို့ရဲ့မြေတွေပေါ်မှာ ထောင့်ပေါင်းစုံထည့်သွင်းစဉ်းစားထားတဲ့ ပိုးမွှားစီမံမှုနည်းစနစ်တွေကို အကျိုးရှိရှိအသုံးချကြပါတယ်။

Rod Lenz
ရော့ဒ် လန့်ဇ် နဲ့ သူ့အစ်ကိုသုံးယောက်တို့က ကော်လိုရာဒို၊ ဟိုးလီးအုပ်က်မှာနေတဲ့ ဒုတိယမျိုးဆက် အာလူးစိုက်သူတွေ ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းရဲ့ စွန့်စားမှုကနေ ဆုလာဘ်ရတဲ့ အခြေခံသဘောက ရော့ဒ်ကို အာလူးစိုက်သူတစ်ယောက် ဖြစ်လာဖို့ လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ “ကောက်နှံတွေကို ခြိမ်းခြောက်နေတဲ့ အရာတွေ အများကြီးရှိပါတယ်။ ရာသီဥတု၊ အင်းဆက်ဆွေ၊ ပေါင်းပင်တွေပေါ့။ ရှေ့တည့်တည့်လျှောက်နိုင်ဖို့အတွက် စစ်ဦးစီးခန်းထဲက စိတ်နေစိတ်ထားမျိုးလိုအပ်ပါတယ်။ အရည်အသွေးမီအာလူးတွေ စိုက်နိုင်ဖို့ စိန်ခေါ်မှုတွေကို ကျွန်တော်နှစ်သက်ပါတယ်။” အခုဆို တတိယမျိုးဆက်ဟာ နေ့စဉ်စိုက်ပျိုးရေးမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေပြီး မိသားစုရဲ့စည်းလုံးမှုဟာ ဒီလုပ်ငန်းမှာ သူဂုဏ်အယူရဆုံံး အချက်ပါပဲ။
အာလူးစိုက်သူတစ်ယောက်ရဲ့ဘဝကို လေ့လာကြည့်မယ်ဆိုရင် လူတွေ အံ့အားအသင့်ဆုံးဖြစ်မယ့်အရာတစ်ခုက အသေးစိတ်အချက်တွေနဲ့ ကြိုတင်ပြင်ဆင်မှုကို စူးစူးစိုက်စိုက်လုပ်ဖို့ လိုအပ်ချက်ပဲဖြစ်တယ်လို့ ရော့ဒ်ထင်ပါတယ်။ “အခုထိတောင် ကျွန်တော့်ကို အံ့သြစေတုန်းပါပဲ။ စိုက်ပျိုးရေးဆိုတာ ချစိုက်လိုက်ပြီး ဘာဖြစ်လာမယ်ဆိုတာ ထိုင်ကြည့်နေတာထက် အများကြီးပိုပါတယ်။”

Keith LaBrie
ကိတ်သ် လာဘရီဟာ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့မြောက်ပိုင်းအကျဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ မိန်းပြည်နယ်၊ စိန့်အဂါသာမှ တတိယမျိုးဆက် အာလူးစိုက်သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ သူ့အစ်ကို ဒူအိန်းက ၁၉၈၉ မှာ ကောလိပ်ကျောင်းပြီးတဲ့နောက် စိုက်ခင်းဆီပြန်လာခဲ့ပြီး စိုက်ပျိုးရေးသမားတွေဖြစ်လာခဲ့ပါတယ်။ သူတို့ အခြေကျလာတာဟာ သူတို့မိဘတွေရဲ့ ပံ့ပိုးမှုနဲ့ လမ်းညွှန်မှုတွေကြောင့် ဖြစ်တယ်လို့ ကျေးဇူးစကားဆိုကြပါတယ်။ ၂၀၀၈ မှာ သူတို့အဖေ အငြိမ်းစားယူသွားပါတယ်။ ဒါပေမယ့် ကိတ်သ်နဲ့ ဒူအိန်းရဲ့ ဇနီးတွေ သားသမီးတွေနဲ့အတူ သူတို့မိဘနှစ်ပါးလုံး တက်ကြွစွာ ပါဝင်နေသေးတာကြောင့် ကိတ်သ်စကားနဲ့ ပြောရရင် “တကယ့် မိသားစုစိုက်ခင်း စစ်စစ်” ဖြစ်နေတုန်းပါပဲ။
သူတို့ညီအစ်ကိုက ထုတ်လုပ်ရေးအတွက်ရော ကြာရှည်ခံအာလူးချောင်း ပြုလုပ်ဖို့အတွက်ပါ အာလူးအမျိုးအမည် အစုံကို စိုက်ပျိုးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အာလူးစိုက်တဲ့ ဧက ၁၂၀၀ ဟာ သူတို့သုံးတဲ့ သဘာဝဝန်းကျင် တည်မြဲရေး အလေ့အထတွေလိုပဲ တန်းတူအရေးကြီးပါတယ်။ လာဘရီမိသားစုကို သူတို့ရဲ့ မြေကြီးကို ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ဂုဏ်ပြုပြီးသားဖြစ်ပါတယ်။ သဘာဝဝန်းကျင် တည်မြဲရေးအလေ့အထတွေကို အကောင်အထည်ဖော်ပြီး သူနဲ့ သူ့အစ်ကိုကို အဲဒါတွေရဲ့ အရေးကြီးပုံကို သင်ကြားပေးခဲ့တဲ့အတွက် ကိတ်သ်က သူ့အဘိုးနဲ့ အဖေကို ချီးကျူးပါတယ်။ “မြေကြီးဆိုတာ အဖိုးတန်တဲ့ ရင်းမြစ်တစ်ခုဖြစ်ပြီး နောက်မျိုးဆက်တွေကို လက်ဆင့်လမ်းဖို့ဆိုရင် ကာကွယ်စောင့်ရှောက်ဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ သင်ယူခဲ့ရပါတယ်။”
ကိတ်သ်နဲ့ သူ့ဇနီး ဂျိုဆလင်းမှာ သမီးတစ်ယောက် သားတစ်ယောက် ရှိပါတယ်။ “ငယ်ငယ်လေးတည်းက ကျွန်တော့်မှာ မြေကြီးနဲ့ အားကောင်းတဲ့ဆက်နွယ်မှုရှိပါတယ်” လို့ လာဘရီက ရှင်းပြပါတယ်။ “မိသားစုရိုးရာဖြစ်တဲ့ စိုက်ပျိုးရေးကို ဆက်လုပ်ခွင့်ရတာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ကြီးမားတဲ့အခွင့်အလမ်းတစ်ခုလို့ ကျွန်တော် ယူဆပါတယ်။”

Sid Staunton
ကယ်လီဖိုးနီးယား၊ ကျူလီလိတ်ခ်မှာနေတဲ့ ဆစ်ဒ် စတောင်တန်ဟာ တတိယမျိုးဆက် စိုက်ပျိုးရေးသမားဖြစ်ပါတယ်။ သူနဲ့ သူ့အကိုနှစ်ယောက်ဖြစ်တဲ့ မာရှယ်နဲ့ အက်ဒ်တို့ဟာ ဧက ၅၀၀၀ ရှိတဲ့ Staunton Farms ကို လည်ပတ်နေပါတယ်။ သူတို့က russets, organic russets, klamaath pearls* နဲ့ အာလူးအနီတွေကို စိုက်ပျိုးပါတယ်။ ဂျုံ၊ ဘာလီ၊ ကြက်သွန်၊ ပဲပင်ပေါက်စိမ်းနဲ့ ငရုပ်ကောင်းကိုလည်း ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းများကို သုံးပြီး ထုတ်လုပ်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က သူတို့ဆီ လာရောက်ပါဝင်တာကတော့ ဆစ်ဒ်ရဲ့ ၂၈ နှစ်အရွယ်သားဖြစ်တဲ့ မာ့က် ပဲဖြစ်ပါတယ်။ ဆစ်ဒ်ရဲ့အဖေ ဂျွန်ကတော့ “သူ့လက်တွေကို မြေကြီးနဲ့ထိဖို့ဆိုပြီး” အခုထိ စိုက်ခင်းဆီ ခဏခဏလာတုန်းပါပဲ။
“ကျွန်တော်က ရင်းနှီးမြှုပ်နှံတဲ့ ဘဏ်လုပ်ငန်းရှင်တစ်ယောက် လုပ်မလို့ပါ” လို့ ဆစ်ဒ်က ရှင်းပြပါတယ်။ “ဒါပေမယ့် ကံကြမ္မာက ကြားဝင်လာခဲ့တယ်။ အပြင်မှာနေရတဲ့ လွတ်လပ်မှုနဲ့ နာရီတိုင်းမှာ ပြောင်းနေတဲ့ အလုပ်တွေက ကျွန်တော့်ကို စိုက်ခင်းဆီ ပြန်ရောက်လာစေခဲ့တာပါ။ ဒီလိုဘဝနေထိုင်မှုမျိုးနဲ့ မိသားစုကိုပျိုးထောင်ဖို့ ရွေးချယ်လိုက်တာကပဲ ဒီမှာ ဆက်ရှိနေစေခဲ့ပါတယ်။ ကျွန်တော့်သားတွေရဲ့ သီးနှံစိုက်ရတာကို စိတ်အားထက်သန်မှုက ကျွန်တော်အဖေ ကျွန်တော့်ဆီ လက်ဆင့်ကမ်းခဲ့တာရဲ့ ရောင်ပြန်တွေပါပဲ။”
ဆစ်ဒ်နဲ့ သူ့ဇနီး တန်မီတို့က လက်ထပ်ထားတာ နှစ်သုံးဆယ်ရှိပါပြီ။ တန်မီဟာ အိုရီဂွန်ပြည်နယ်၊ ထရောက်ဒေးလ်မှာ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ ယနေ့မှာတော့ သူမဟာ စိုက်ခင်းရဲ့ ငွေရေးကြေးရေးတွေကို ကြည့်ရှုနေပြီး ငွေစာရင်း အရှုံးအမြတ် ရှင်းတမ်းတွေအကုန်လုံးကို စီမံခန့်ခွဲနေပါတယ်။ သူတို့မှာ ကပ်ပီ၊ မာ့က်နဲ့ ကားတစ်စ်လို့ အမည်ရတဲ့ သားသမီး ၃ ယောက်ရှိပါတယ်။ သူတို့လုပ်ငန်းရဲ့ အောင်မြင်မှုရဲ့ သော့ချက်ဟာ ဘယ်အရာကမှန်တယ်ဆိုတာကို အခြေခံပြီး ဆုံးဖြတ်မှုတွေ၊ ယုံကြည်မှုကို မယိမ်းမယိုင်ဆုပ်ကိုင်ထားတာနဲ့ မိသားစုကို ပထမနေရာမှာ ထားတာတွေကြောင့် ဖြစ်တယ်လို့ ဆစ်ဒ်နဲ့ တန်မီက သဘောတူကြပါတယ်။

Eric Halverson
ကားလက်ကိုင်ဘီးကို ကိုင်နိုင်တဲ့အသက်အရွယ်ကစပြီး အဲရစ်ဟာ မိသားစုပိုင်စိုက်ခင်းမှာ အလုပ်သမားအနေနဲ့ စတင်အလုပ်လုပ်ခဲ့ပါတယ်။ မြောက်ဒါကိုတာပြည်နယ်တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ဇီဝစနစ်များ အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ ၁၉၉၉ မှာ စိုက်ပျိုးရေးစလုပ်ခဲ့ပြီး ယနေ့မှာတော့ သူ့မိသားစုပိုင်စိုက်ခင်း Black Gold ရဲ့ နည်းပညာဆိုင်ရာ အမှုဆောင် ဒုဥက္ကဌ ဖြစ်နေပါပြီ။
Blak Gold ရဲ့ မျိုးဆက်အလိုက်ဇာတ်ကြောင်းကတော့ ၁၉၂၈ မြောက်ဒါကိုတာ၊ ဖောရက်စ်ရစ်ဗားမှာ အဲရစ်ရဲ့အဘေး အေ.အီး.ဟယ်ဗာဆန်က သူစတင်အခြေချခဲ့တဲ့မြေပေါ်မှာ အာလူးစိုက်ခဲ့တာက စတာပါပဲ။ နောက်ထပ်ဆက်ခံသူကတော့ ယာခင်းကို ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ခဲ့တဲ့ အဘိုးဖြစ်သူ ဂျက် ဟယ်ဗာဆန်ပဲဖြစ်ပါတယ်။ ပြီးနောက် အဲရစ်အဖေ ဂရတ် ဟယ်ဗာဆန်၊ လက်ရှိ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်က လုပ်ငန်းတွေကို မြောက်ဒါကိုတာ ကိုကျော်ကာ တိုးချဲ့ခဲ့ပြီး အရေးပါတဲ့ ကြီးထွားတိုးတက်မှုတွေကို ဆောင်ကျဉ်းပေးခဲ့ပါတယ်။
ယနေ့ မြောက်ဒါကိုတာအပြင် တက်ဆက်စ်၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ အာကန်ဆော၊ မစ်ဆူရီ၊ မြောက်ကာရိုလိုင်းနား၊ မယ်ရီလန်း၊ အင်ဒီယားနား၊ မီရှီဂန်နဲ့ လူဝီစီယားနားတို့မှာပါ မိသားစုပိုင်စိုက်ခင်းတွေ ရှိနေပါတယ်။ Chipstock* ဟာ သူတို့အတွက် အကြီးမားဆုံး အာလူးမျိုးဖြစ်ပေမယ့် အစေ့အာလူးတွေအပြင် အာလူးအနီ၊ အာလူးအဖြူ၊ fingerling* နဲ့ အာလူးအဝါစတဲ့ လတ်ဆတ်စျေးကွက်ဝင် အမျိုးအစားတွေကိုလည်း ထုတ်လုပ်ပါတယ်။
ဒီအသက်ဒီအရွယ်မှာ အဲရစ်အတွက် အဓိကဦးစားပေးအရာနှစ်ခု ရှိပါတယ်။ ပထမက သူ့မိသားစုဖြစ်တဲ့ ဇနီးဖြစ်သူ အီးဗတ်၊ သမီးငယ်သုံးယောက် လူစီ၊ စတယ်လာနဲ့ ရူဘီတို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မိသားစုရိုးရာဖြစ်တဲ့ အာလူးထုတ်လုပ်ခြင်းလုပ်ငန်း ဖြစ်ပါတယ်။ “နေ့ရက်တိုင်း နိုးထပြီး အာလူးလုပ်ငန်းမှာ လုပ်ခွင့်ရတာကို ကျေးဇူးတင်ပါတယ်။ အာလူးဟာ စွယ်စုံရစားစရာဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော့်မှာ စိတ်လှုပ်ရှားရပြီး လူတိုင်းမှာ သူတို့ကြိုက်တဲ့ အာလူးထုတ်ကုန် တစ်ခုမဟုတ်တစ်ခုတော့ ရှိနေတာပါပဲ။”

Arnold Mack
ဖလော်ရီဒါပြည်နယ် လိတ်ခ်ဝေးစ်မှာ နေထိုင်တဲ့ အာနိုးမက်ခ်ဟာ သူ့ရဲ့ စိုက်ပျိုးရေးအလုပ်လုပ်ကိုင်ခြင်းကို ငယ်ငယ်ရွယ်ရွယ်ကပဲ စတင်ခဲ့ပါတယ်။ သူ့မိသားစုက အလာဘားမားမှာ စိုက်ခင်းအသေးလေးပိုင်ခဲ့ပြီး မိသားစုပိုင်စတိုးဆိုင်နဲ့ သူတို့အတွက် စားစရာတွေကို ကိုယ်တိုင်စိုက်ပျိုးခဲ့ပါတယ်။ ဒီအဖြစ်က သူ့ကို ၁၉၆၇ မှာ ဖရဲသီးတွေစစိုက်ဖို့ ဖြစ်ထွန်းစေခဲ့ပါတယ်။ ၁၉၈၉ မှာတော့ ဧက ၃၀၀ ပေါ်မှာ အာလူးစတင်စိုက်ပျိုးခဲ့ပါတယ်။ ယနေ့ သူ့လုပ်ငန်းက ဧက ၂၁၀၀ အထိ ရှိလာခဲ့ပြီး ဆက်လက်တိုးချဲ့နေပါတယ်။ အာနိုးဟာ ဒီလုပ်ငန်းရဲ့အဆင့်တိုင်းမှာ တက်ကြွစွာပါဝင်ပြီး သူ့ဇနီး ဘရန်ဒါ၊ သားနှစ်ယောက် ချန်ဒလာနဲ့ ဂျွန်ဒေးဗစ်တို့နဲ့အတူ နေ့စဉ်နေ့တိုင်း အသစ်အသစ်တွေကို လေ့လာသင်ယူနေပါတယ်။
Mack Farms ရဲ့ ပြိုင်ဖက်ကင်းအချက်ကတော့ ကျန်တဲ့နေရာတွေရဲ့ ရာသီဥတုဟာ အေးခဲနေတုန်းမှာ သူတို့ဟာ နှစ်စဉ် တစ်နိုင်ငံလုံးမှာ အာလူးသစ်ကို ပထမဆုံး ရိတ်သိမ်းနိုင်တာပါပဲ။ အာလူးအနီ၊ အာလူးအဖြူနဲ့ အာလူးအဝါတွေကိုလည်း *စိုက်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး fingerling* အာလူးတွေကိုလည်း စိုက်ပျိုးနေပါပြီ။
အာနိုးက ယာခင်းလုပ်ငန်းရဲ့ စိန်ခေါ်မှုတွေနဲ့ ပုံသေကားကျမရှိမှုတွေကို နှစ်ခြိုက်ပါတယ်။ “အရာရာတိုင်းက ဒီအတိုင်း ခဏတော့ အဆင်ပြေနေမှာပါ” သူက ရှင်းပြပါတယ်။ “နောက်တော့ ချက်ချင်းဆိုသလိုပဲ အကောင်းဘက်ကိုပဲဖြစ်ဖြစ် အဆိုးဘက်ကိုပဲဖြစ်ဖြစ် ဦးတည်ပြောင်းလဲသွားပါတယ်”

Ken Burback
ကိုလိုရာဒိုရှိ စင်တာမြို့ငယ်လေးမှာ ကန်ဘာဘက်ခ်ဟာ သူ့မိသားစုရိုးရာ စိုက်ခင်းလုပ်ငန်းကို ဆက်ခံပြီး Bigelow Associated Farms ကို လုပ်ကိုင်နေပါတယ်။ ကန်ဟာ ဂျာမန်နွယ်ဖွား လေးဆက်မြောက် ယာသမားမျိုးဆက်ဖြစ်ပါတယ်။ သူ့အဘေးက ရုရှားမှ အမေရိကန်ပြည်ထောင်စုကို ၁၉၀၁ မှာ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ပါတယ်။ တစ်ချိန်မှာ ကန်ဟာ သူ့ဘိုးဘေးတွေနေထိုင်ခဲ့တဲ့နေရာနဲ့ သိပ်မကွာလှမ်းတဲ့ ယူကရိန်းမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်ခဲ့ပါသေးတယ်။
ကန်ဟာ ၁၉၈၀ မှာ အာလူးစစိုက်ပါတယ်။ “အာလူးစိုက်ရတာ ပျော်ဖို့ကောင်းတယ်ဗျ” လို့ သူမှတ်ချက်ပေးတယ်။ “ဒီလုပ်ငန်းက တအားစိတ်ဝင်စားဖို့ကောင်းပြီး လူကောင်းတွေလည်း အများကြီးရှိတယ်။ အာလူးလုပ်ငန်းရဲ့ တီထွင်ဖန်တီးမှုတွေနဲ့ နည်းပညာအသစ်တွေကို ကျွန်တော် နှစ်သက်ပါတယ်။ အမေရိကားတစ်ဝှမ်းမှာရှိတဲ့ အာလူးလုပ်ငန်းကလူတွေဟာ အကောင်းဆုံးပါပဲ။”
ကန်ရဲ့မိသားစုဟာ အမြဲပဲ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပါတယ်။ ဘာလို့ စိုက်ပျိုးရေးသမား ဖြစ်လာလဲ မေးကြည့်တဲ့ အခါမှာတော့ “ကျွန်တော့် အသွေးအသားထဲမှာ ရှိနေတာပါ” လို့ရှင်းပြပါတယ်။ သူက မြေကြီးကို တွယ်တာပါတယ်။ “ဘုရားသခင်က လူသားကို မြေကြီးနဲ့ ကောက်ပဲသီးနှံတွေနဲ့ နီးကပ်တွယ်တာစေချင်ပြီး ဘုရားသခင်ကို အလေးအမြတ်ထားဖို့ဆိုရင် အဲဒီနှစ်ခုလုံးကို ဂရုထားစောင့်ရှောက်ရမှာ ဖြစ်တယ်။ ယာသမားဖြစ်ရတာရယ်နဲ့ အာလူးထုတ်လုပ်သူဖြစ်ရတာရယ်ကို ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။”

Rex Calloway
အာလူးစိုက်ပျိုးခြင်းဟာ ရက်ဇ် ကယ်လိုဝေးအတွက် မိသားစုလက်ငုတ်လုပ်ငန်း အစစ်အမှန်ပဲ ဖြစ်ပါတယ်။ မျိုးဆက် သုံးဆက်မြောက် အာလူးစိုက်ပျိုးသူအနေနဲ့ သူနဲ့ သူ့ဇနီး မယ်လ်ဗာက ဝါရှင်တန်ပြည်နယ် ကွင်စီမြို့မှာ Calloway Northwest LLC ကို လုပ်ကိုင်နေပါတယ်။ ရက်ဇ်ရဲ့ အဖိုးဟာ ၁၉၅၁ မှာ အိုကလာဟိုးမားကနေ ကိုလံဘီယာချိုင့်ဝှမ်းဒေသကို မိသားစုလိုက် ပြောင်းရွှေ့ခဲ့ပါတယ်။ မိသားစုပိုင်စိုက်ခင်း ဧက ၁၆၀ က စခဲ့တာကနေ ကနေ့ဆို ဧက ၃၀၀၀ အထိ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ မြေကြီးကို ချစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ ဆန္ဒပြင်းပြမှုနဲ့ ကမ္ဘာကြီးအတွက် စားစရာ စိုက်ပျိုးဖို့ စိတ်အားထက်သန်ခြင်းတွေဟာ သားနှစ်ယောက်ဆီမှာ လက်ဆင့်ကမ်းပါလာခဲ့ပါတယ်။ ကောက်ပဲသီးနှံတစ်ပင် စတင်စိုက်ပျိုးတာကနေ ရင့်မှည့်လာတာ၊ အဆုံးစွန်အနေနဲ့ စားစရာ ပီပီပြင်ပြင်ဖြစ်လာတာကို မြင်ရတာ ရက်ဇ်အတွက် စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သဘောအကျဆုံးပါပဲ။
