About Potatoes USA
FAQ
Potatoes USA ဆိုသည်မှာ အဘယ်နည်း
Potatoes USA သည် အမေရိကန်ပြည်ထောင်စုရှိ စီးပွားဖြစ်အာလူးစိုုက်ပျိုးသူပေါင်း ၃ဝဝဝကျော်အတွက် ဖွဲ့စည်းထားသော စျေးကွက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုုဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာတွင် အသိပညာပေးအစီအစဉ်များပြုလုုပ်ရန်အတွက် ၄င်းအာလူးစိုုက်ပျိုးသူများမှ စုုပေါင်းဘဏ္ဍာငွေ ထည့်ဝင်ကြပါသည်။
Potatoes USA သည်အာလူးများကိုတိုက်ရိုက်ရောင်းချပါသလား
Potatoes USAသည်အဖွဲ့စည်းတစ်ခုအနေဖြင့် အာလူးနှင့်သက်ဆိုင်သောထုုတ်ကုန်များထုုတ်လုုပ်ခြင်း (သိုု့) ရောင်းချခြင်းများမပြုလုပ်ပါ။ နိုင်ငံတကာရှိ ဝယ်ယူသူများအတွက် အကျိုးရှိစေမည့် ဝန်ဆောင်မှုလုုပ်ငန်းများအပါအဝင် စျေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်းအစီအစဉ်များ လုပ်ဆောင်ခြင်းဖြင့် ရောင်းအားတက်စေရန် ပံ့ပိုးကူညီသည်။
အာလူးအားအဆင့်ဆင့်စီမံပြုပြင်ထုတ်လုပ်သူများသည် Potatoes USA အဖွဲ့အစည်း၏ အဖွဲ့ဝင်များဖြစ်ပါသလား?
မဖြစ်ပါ။ Potatoes USA တွင် အမေရိကန်ပြည်ထောင်စုမှ အာလူးစိုက်ပျိုးသူများသာ ပါဝင်ပါသည်။ သို.သော်လည်း စျေးကွက်ရှာဖွေခြင်းနှင့်အရောင်းမြှင့်တင်ခြင်းအစီအစဉ်များအတွက် အာလူးအား အဆင့်ဆင့်စီမံပြုပြင်ထုတ်လုပ်သူများနှင့် လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။
U.S. အာလူးကိုု အဘယ်ကြောင့်ဝယ်သင့်သနည်း
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင်အာလူးထုတ်လုပ်ခြင်းနှင့် အဆင့်ဆင့် စီမံပြုပြင်ထုတ်လုပ်ခြင်းတို့၌ ဦးဆောင်သူအဖြစ်သတ်မှတ်ထားခြင်းခံရသည်။ အမေရိကန်အာလူးများသည် အဆင့်မြင့်အရည်အသွေး၊ တစ်နှစ်ပတ်လုုံးရရှိနိုင်မှုနှင့် တသမတ်တည်းရှိခြင်းနှင့် ရွေးချယ်ရန်အမျိုးအစားများခြင်း အစရှိသည့်အရာတို့ကိုပေးစွမ်းသည်။ ၎င်းအချက်များသည် စားသုံးသူများ၏ စိတ်ကျေနပ်မှုနှင့် အမြတ်ရရှိနုုိင်မှုအတွက် အဓိကကျသော အချက်များဖြစ်သည်။ ထိုု့ပြင် Potatoes USA သည် အရောင်းမြှင့်တင်ပေးရန်အတွက် အသိပညာပေးသင်တန်းများနှင့် စျေးကွက်ရှာဖွေရေးဆိုင်ရာအထောက်အပံ့များပေးပါသည်။
U.S. အာလူးကိုု ဘယ်မှာ ဝယ်ယူရရှိနိုုင်မလဲ
U.S အာလူးထုတ်ကုုန်များကိုု သင့်စျေးကွက်ထဲရှိ တင်သွင်းသူများနှင့် ဖြန့်ချိသူများထံမှ ဝယ်ယူ ရရှိနိုုင်ပါသည်။သင့်နိုုင်ငံရှိPotatoes USA ကိုုယ်စားလှယ်ရုုံးသိုု ဆက်သွယ်ကာ တင်သွင်းသူများ နှင့် ဖြန့်ချိသူများ၏ စာရင်းကိုုတောင်းခံနိုုင်ပါသည်။ ထိုု့ပြင် မိမိဝယ်ယူလိုုသော ထုုတ်ကုုန်စုံစမ်းတောင်းခံလွှာ ကိုု အမေရိကန်နိုင်ငံ၊ Colorado မြို့နယ်ရှိ Denver ရုံးသို့ တိုက်ရိုက် ပေးပို့ဆက်သွယ်တောင်းဆိုနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စုမှ အာလူးနှင့် အာလူးထုုတ်ကုုန်များကိုု တင်သွင်းသောအခါ မည်သည့်အချက်များကို ထည့်သွင်းစဉ်းစားရမည်နည်း
အမေရိကန်ပြည်ထောင်စုမှ အဆင့်ဆင့်စီမံပြုလုုပ်ထားသော အာလူးထုုတ်ကုုန်များအား ကမ္ဘာ့နိုင်ငံများအားလုုံးသိုု့ တင်သွင်းနိုုင်သည်။ အရေအတွက်အကန့်အသတ်ဖြင့်သာတင်သွင်းနိုုင် သည့် ဖြစ်ရပ်မျိုးရှိသော်လည်း အလွန်ပင်ရှားပါသည်။ ကုုန်ပစ္စည်းအားလုုံးအတွက် ပေးဆောင်ရမည့် အခွန်အခများမှာလည်း အမျိုးမျိုးကွဲပြားလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုမှ လတ်ဆတ်သောအာလူးနဲ့ အာလူးမျိုးဥများကို အပင်မျိုးသန့်စင်ရေးစည်းမျဉ်းဥပဒေများကြောင့် အချို့နိုင်ငံများ၌ တားမြစ်ကောင်းတားမြစ်ထားနိုင်သည်။ နိုင်ငံတွင်းသို့ တင်သွင်းရာတွင် ထည့်သွင်းစဉ်းစားရန်များကို သိရှိနိုင်ရန်အတွက် မိမိနိုင်ငံရှိ Potatoes USA ကိုယ်စားလှယ်ရုံးကို ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။
အခြားနိုင်ငံများတွင် အာလူးထုတ်လုပ်ခြင်း (သိုု့) အဆင့်ဆင့်စီမံပြုလုပ်ခြင်း လုပ်ငန်းစဉ်များအတွက် Potatoes USA မှ အကူအညီပေးပါသလား?
မကူညီပါ။ Potatoes USA သည် အမေရိကန်ပြည်ထောင်စုမှ အာလူးနှင့် အာလူးထုတ်ကုန်များ အတွက် စျေးကွက်ရှာဖွေခြင်းကိုုသာ ကူညီလုုပ်ဆောင်ပေးပါသည်။ U.S. အာလူးများအသုံးပြုကာ ထုုတ်ကုုန်အသစ်တီထွင်ခြင်း၊ U.S. အာလူးမျိုးဥများစိုုက်ပျိုးခြင်းများနှင့်ပတ်သက်၍ နည်းပညာပေးခြင်းများကို လုပ်ဆောင်ပါသည်။ သိုု့သော်လည်း အခြားနိုင်ငံများရှိ အာလူးထုတ်လုပ်ခြင်း (သိုု့) အဆင့်ဆင့်စီမံပြုလုပ်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိပါ။
အစားအစာ ကူညီထောက်ပံ့ရေး အစီအစဉ် လုပ်ငန်းများတွင် U.S. အာလူးအသုုံးပြုခြင်းဖြင့် မည်သည့် အကျိုးအမြတ်များရရှိနိုင်သနည်း?
U.S. အာလူးအသုုံးပြုကာ ရေထုတ်ထားသော အာလူးမှုန့်နှင့် အာလူးအဖတ်လေးများသည် USDA Food Assistance Program များတွင်အသုုံးပြုရန် ခွင့်ပြုချက်ရပြီးဖြစ်သည်။ ၎င်းတိုု့သည် ကမ႓ာတဝှမ်းအစားအသောက်အန္တရာယ်ကင်းရှင်းအတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်သည်။ ဤထုတ်ကုန်များ သည် သယ်ယူပိုု့ဆောင်ရန်အဆင်ပြေခြင်း၊ ပြင်ဆင်ရန်လွယ်ကူခြင်း၊ အာဟာရပြည့်ဝခြင်းနှင့် အစာကြေလွယ်ခြင်းစသည့် အကျိုးကျေးဇူးများရစေသည်။ .
အာလူးမှ မည်သည့်အာဟာရဓာတ်များ ရရှိနိုင်သနည်း?
အာလူးသည် သာမန် သင့်တင့်သော ဟင်းသီးဟင်းရွက်မျှသာ မဟုတ်ပဲ သင့်အတွက် ကောင်းမွန်သည်။ ကယ်လိုရီ ၁၁၀ မျှသာပါသော အခွံမခွာရသေးသော အာလူးလတ်တစ်လုံးသည် နေ့စဉ်လိုအပ်သော ဗီတာမင်စီ၏ ၄၅ ရာနှုန်းကိုပေးစွမ်းနိုင်ပြီး ငှက်ပျောသီးတစ်လုံးထက် ပိုတက်စီယမ်ဓာတ် ပိုမိုပါရှိသည်။ ထိုု့ပြင် အမျှင်ဓာတ်၊ အခြားဗီတာမင်နှင့် သတ္တုဓာတ်များလည်း ပါရှိသည်။ အာလူးတွင်အဆီလုံးဝပါဝင်မှုမရှိပဲ၊ ဆိုုဒီယမ်၊ ဂလူတမ်နှင့် ကိုုလက်စရောတို့လည်း ကင်းစင်သည်။ အကောင်းဆုံးအချက်မှာ အဆင့်ဆင့်စီမံပြုလုုပ်ထားသော အာလူးထုတ်ကုန်အများစုသည်လည်း ကောင်းမွန်သောအာဟာရဓာတ်များကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ U.S. အာလူး၏ အာဟာရဓာတ်များအကြောင်း ပိုမိုသိလိုပါက ဤနေရာကိုနှိပ်ပါ။.