U.S. Potato Industry
အစားအသောက် အန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး
U.S. အာလူးများသည် ပြိုင်ဘက်ကင်းသောအရည်အသွေး၊ ပြတ်လတ်မှုမရှိရရှိနိုင်ခြင်းနှင့် ရွေးချယ်ရန်များပြားမှုတို့ကိုပေးသည်။ အမေရိကန်အာလူးလုပ်ငန်းသည် မျိုးဥမှစ၍ ရိတ်သိမ်းချိန်ထိ အကောင်းဆုံးထုတ်လုပ်မှုလုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရန်အတွက် အတွေ့အကြံုကောင်းများနှင့် သုတေသနများပေါ်အမှီပြုအားထားသည်။ အရည်အသွေးပြည့်မီသော အာလူးမျိုးဥများကို အသုံးပြုခြင်းကြောင့် အရည်အသွေးပြည့်မီသောအာလူးသီးများရရှိပြီး၊ တောင်သူများအတွက်လည်း ဂေဟဝန်းကျင်ပျက်စီးခြင်းကိုလျော့နည်းစေသည်။ U.S. စိုက်ပျိုးသူများနှင့် အသိအမှတ်ပြုစိုက်ပျိုးရေးနည်းပညာရှင်များက မြေဆီလွှာနှင့် အသီးအနှံများ၏ လိုအပ်ချက်ကို အစဉ်အမြဲစောင့်ကြည့်လျက်ရှိသည်။ Global Positioning Systems (GPS) အစရှိသည့် နည်းပညာကိရိယာများဖြင့်လည်း ထိရှလွယ်သောအာလူးပင်များအတွက် စိုက်ပျိုးချိန်တစ်လျှောက်လုံး အကောင်းဆုံး အစိုဓာတ်၊ အာဟာရနှင့် လေတို့ကို အစဉ်မပြတ်ရရှိစေသည်။ စိုက်ပျိုးရရှိသော အာလူးများကို USDA မှစစ်ဆေးပြီး မျိုးအလိုက်အသုံးပြုနိုင်မှုအတွက် သတ်မှတ်ထားသည့်လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိစေရန် အဆင့်သတ်မှတ်ပေးသည်။

USDA
စည်းကမ်းတင်းကြပ်သော U.S. အစိုးရသည် U.S. အာလူးများကို စိုက်ပျိုးချိန်မှ စားသုံးချိန်ထိ အရည်အသွေးကောင်းစေရန်နှင့် အန္တရာယ်ကင်းစေရန်အတွက် အထူးဂရုပြုကြပ်မတ်နေသည်။ ထိုကဲ့သို့ ကြပ်မတ်နိုင်ရန်အတွက် United States Department of Agriculture (USDA) သည် Animal and Plant Health Inspection Service (APHIS)၊ Agricultural Marketing Service (AMS) နှင့် State Departments of Agriculture (SDA) တို့မှတစ်ဆင့် စံချိန်စံနှုန်းများကို သတ်မှတ်ပြဌာန်းလျက်ရှိသည်။

-
ကမ္ဘာအဆင့်မီ အာလူး မျိုးထုတ်လုပ်ခြင်းအစီအစဉ်
နိုင်ငံတကာအသိအမှတ်ပြု အာလူးထုတ်လုပ်ခြင်းအစီအစဉ်များအတွက် United States Department of Agriculture (USDA) မှ လယ်ယာစိုက်ပျိုးရေးသုတေသနအဖွဲ့သည် ထိပ်တန်း တက္ကသိုလ်များ၏ သုတေသနပြုသူများနဲ့ ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိသည်။ ၎င်းအစီအစဉ်များတွင် ရောဂါပိုးမွှားများဖြစ်ပွားမှုကို လျှော့ချရန်နှင့် အာလူး၏အရည်အသွေး၊ အာဟာရများ အမြင့်ဆုံးရရှိနိုင်ရန်အတွက် လေ့လာဆန်းစစ်ကြသည်။ အာလူးအမျိုးအစားများရောစပ်စိုက်ပျိုးခြင်းဖြင့် မျိုးစိတ်အသစ်များရရှိရန် စမ်းသပ်လျက်ရှိသည်။
-
အရည်အသွေးမြင့် အာလူးမျိုးဥ
ရောင်းချရန်ရည်ရွယ်စိုက်ပျိုးသော U.S အာလူးများကို အရည်အသွေးမြင့် အာလူးမျိုးဥများဖြင့် စိုက်ပျိုးသည်။ အရည်အသွေးမြင့် အာလူးမျိုးဥဟု သတ်မှတ်ခြင်းခံရရန်အတွက် USDA မှသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စစ်ဆေးခံရပြီး အရည်အသွေးကိုက်ညီမှု ရှိမှသာလျှင် သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။ မျိုးဥထုတ်လုပ်သူများသည် အောက်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီရန် လုပ်ဆောင်ရသည်။
-
အဆင့်ဆင့်စီမံပြုလုပ်ထားသော U.S. အာလူးထုတ်ကုန် အဆင့်အတန်း
အဆင့်ဆင့်စီမံပြုလုပ်ရန် ရည်ရွယ်၍စိုက်ပျိုးထားသော အာလူးများသည်လည်း USDA သတ်မှတ်ချက်များအရ အာလူး အရည်အသွေး ခွဲခြားခြင်းနှင့် အရည်အသွေးသတ်မှတ်ခြင်းခံရ သည်။ စိတ်ချစွာစားသုံးနိုင်သော ထုတ်ကုန်များဖြစ်စေရန်အတွက် ကြာရှည်ခံထုတ်ကုန် ထုတ်လုပ် သူများသည် USDA နှင့် U.S. Food and Drug Administration တို့မှချမှတ်ထားသော Hazard Analysis & Critical Control Points ( HACCP )များအရ အနီးကပ် စောင့်ကြည့် စစ်ဆေးခံရသည်။ အချို့အေးခဲအာလူးများနှင့် စည်သွပ်အာလူးထုတ်ကုန် ကုမ္ဗဏီများသည် အစိုးရမှ အသေးစိတ်ချမှတ်ထားသော မူဝါဒများကိုလည်း လိုက်နာရသည်။ အေးခဲအာလူးများ၏အရည်အသွေးနှင့် အရှည်အတိုင်းအတာ အတွက် စည်းမျဉ်းစည်းကမ်းများပြဒါန်းထားသော နိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံ တစ်ခုတည်းတွင်သာ ရှိခြင်းဖြစ်သည်။