About Potatoes USA
လုပ်ဆောင်ချက်များ
Potatoes USA သည် အမေရိကန်ပြည်ထောင်စုရှိ စီးပွားဖြစ်အာလူးစိုက်ပျိုးသူဦးရေ ၂၅၀၀အတွက် ဖွဲ့စည်းထားသော ဈေးကွက်ရှာဖွေပေးသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် အာလူးနှင့် ပတ်သက်သော ထုတ်ကုန် (၅)မျိုးကို အရောင်းမြှင့်တင်ပေးလျက်ရှိပါသည်။ ၎င်းတို့မှာ လတ်ဆတ်သောအာလူး၊ လတ်ဆတ်သော အာလူးပြားကြော်ပြုလုပ်သည့် အာလူး၊ အာလူးမျိုးဥ၊ အေးခဲအာလူးထုတ်ကုန်များနှင့် ရေဓါတ်ထုတ်ထားသောအာလူး ထုတ်ကုန်များဖြစ်ပါသည်။
ကျွနု်ပ်တို့သည် အာလူးနှင့် အာလူးထုတ်ကုန်များကို တိုက်ရိုက်ရောင်းချခြင်းမပြုလုပ်ပါ။ ကမ္ဘာတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ဖောက်သည်များအတွက် အာလူးထုတ်ကုန်ဝယ်လိုအား တိုးလာစေရန်အတွက်အထောက်အကူပြုသော ၀န်ဆောင်မှုများပေးခြင်းဖြစ်ပါသည်။ Potatoes USA သည် ဈေးကွက်ဖြန့်ချိရေးနဲ့ ကုန်စည်စီမံမှုသုတေသနများတွင် များပြားစွာရင်းနှီးမြှုပ်နှံထားပြီး သင့်လုပ်ငန်း တိုးပွားစေရန်အတွက် လိုအပ်သော သတင်းအချက်အလက်များကို ပေးစွမ်းနေပါသည်။ .

အာလူးထုတ်ကုန်များနှင့် သက်ဆိုင်သော အကြံဉာဏ်များ၊ သတင်းအချက်အလက်များ၊ အကူအညီအထောက်အပံ့များရှာဖွေနေပါက (သို့) လေ့လာလိုပါက Potatoes USA အနေဖြင့် အရောင်းမြင့်တင် ခြင်းများအတွက် သင့်အားအောက်ပါ အထောက်အပံ့များပေးနိုင်ပါသည်။
- အသိပညာပေးသင်တန်းများနှင့် သင်ထောက်ကူပစ္စည်းများ
- နည်းပညာဆိုင်ရာသင်တန်းများ
- Point-of-Sale ပစ္စည်းများ
- သီးသန့်ပြင်ဆင်ထားသော ဟောပြောပွဲများ
- အရောင်းမြှင့်တင်ရေးအထောက်အပံ့များ
- ချက်ပြုတ်နည်းနှင့် ဖော်မြူလာတိုးတက်စေရေးအတွက်အကူအညီများ
- ထုတ်ကုန်နမူနာများ
ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သင့်နိုင်ငံရှိ Potatoes USA ကိုယ်စားလှယ်ရုံးသို့ဆက်သွယ်နိုင်ပါသည်။ သင့်ကို U.S. အာလူးနှင့် အာလူးထုတ်ကုန် တင်ပို့သူများနှင့် ချိတ်ဆက်ပေးရန် အမြဲအသင့်ရှိနေပါသည်။