Potato Products
အာလူးပြားကြော်လုပ်သည့်အာလူး
U.S. chipping potatoes ထုတ်လုပ်ခြင်းလုပ်ငန်းတွင် အမေရိကန်ပြည်ထောင်စုက ဦးဆောင်နေနိုင်ခြင်းမှာ အရည်အသွေးမြင့်သော U.S. chipping potatoes ကြောင့်ပင်ဖြစ်သည်။ နိုင်ငံတစ်ဝှမ်းရှိ ကုမ္ပဏီများသည် ၄င်းတို့၏လုပ်ငန်းအတွက် အရည်အသွေးမြင့် U.S. chipping potatoes ကို အသုံးပြုနိုင်သည်။ အာလူးစိုက်ပျိုးရာဒေသများ မတူညီခြင်းကြောင့် U.S. chipping potatoes များကို တစ်နှစ်ပတ်လုံးရရှိနိုင်ပြီး ၀ယ်သူများအတွက်လည်း U.S. chipping potatoes သည် ရွေးချယ်စရာအမျိုးမျိုးရှိခြင်းကြောင့် နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်သည်။ အမေရိကန်စားသုံးသူများအတွက် Potatoes USA အနေဖြင့် ရွေးချယ်စရာများနှင့် ပို့ကုန်တင်ပို့မှု အချက်အလက်များ၊ သယ်ယူပို့ဆောင်ရာတွင် လိုအပ်သောနည်းပညာအထောက်အပံ့များ၊ လက်ခံရယူခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများအပြင် U.S. chipping potatoes နမူနာအစီအစဉ်များအတွက် ကူညီဆောင်ရွက်ပေးသည်။
-
အရည်အသွေ:
အာလူးစိုက်ပျိုးရန် သင့်တော်သောရာသီဥတု၊ ကြွယ်ဝသော မြေဆီလွှာတို့တွင် အရည်အသွေးအာမခံချက်ရရှိထားသော အာလူးမျိုးဥများ ကိုစိုက်ပျိုးရာမှ ထိပ်တန်း အရည်အသွေးရှိသော အာလူးများကိုရရှိသည်။ ကောင်းမွန်သော သီးနှံရရှိစေရေးအတွက် အမေရိကန်စိုက်ပျိုးသူများသည် အကောင်းဆုံး စိုက်ပျိုးနည်း လမ်းများကိုသာ အသုံးပြုကြသည်။ U.S. chipping potatoes ပြုလုပ်ရန် အတွက်ရိတ်သိမ်းချိန်မှ စက်ရုံသို့ပို့ဆောင်ချိန်အထိ ဂရုပြု ရိတ်သိမ်းခြင်း၊ သင့်လျော်စွာ ကိုင်တွယ်ခြင်းနှင့် နောက်ဆုံးပေါ်စက်ကိရိယာအကူအညီတို့ဖြင့် အထူးသတိထား လုပ်ဆောင်ကြသည်။ U.S. chipping potatoes အမျိုးမျိုးကိုသင့်လျော်စွာ ထိန်းသိမ်းရန်မှာ အလွန်အရေးကြီးသည်။ U.S. chipping potatoes များကို သိုလှောင်ရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် ခေတ်မီနည်းပညာများနှင့် ခေတ်မီစက်ကိရိယာများကို အသုံးပြုကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အာလူးများ၏ကြာရှည်ခံနိုင်မှုကို မြှင့်တင်ပေး သည်။ အမေရိကန်ပြည်ထောင်စုတွင် စိုက်ပျိုးသည့် အာလူးများ ဖြစ်သည့်အလျောက် U.S. chipping potatoes များသည်လည်း United States Department of Agriculture (USDA) ၏ စည်းကမ်းချက်များနှင့်အညီ အရည်အသွေး စစ်ဆေးခြင်း၊ မျိုးတူခွဲခြားခြင်းနှင့် အရည်အသွေးသတ်မှတ်ခြင်းခံရသည်။
-
ရွေးချယ်ရန်အမျိုးအစားများ
အမေရိကန်စိုက်ပျိုးသူများသည် အာလူးကို ဥတုလေးပါးလုံးတွင် ရိတ်သိမ်းစိုက်ပျိုးသည်။ ဆောင်းဦးရာသီဖြစ်သော စက်တင်ဘာလမှ နိုဝင်ဘာလများတွင် အများအပြားရိတ်သိမ်းရသည်။ ဈေးကွက်သို့မတင်သွင်းရသော အာလူးများကို ချက်ချင်းသိုလှောင်ထားပြီး ကျန်အရောင်းအ၀ယ်ကာလတစ်လျှောက်လုံးစာ သိမ်းဆည်းထားသည်။ အမေရိကန်စိုက်ပျိုးသူများသည် chipping potatoes များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရိတ်သိမ်းကြသောကြောင့် တစ်နှစ်တွင် ၁၂လလုံး နိုင်ငံခြားသို့တင်ပို့ရန်အတွက် U.S. chipping potatoes ကုန်များအသင့်ရှိနေသည်။ အမေရိကန်စိုက်ပျိုးသူများထုတ်လုပ်သည့် ကွဲပြားသောအာလူးအမျိုးအစားများသည် သိုလှောင်နည်း၊ တင်ပို့နည်းနှင့် အပြားပြုလုပ်နည်းများ၏ကျယ်ပြန့်မှုကိုဖော်ပြသည်။ ထို့ကြောင့် မိမိလိုအပ်ချက်နှင့် တစ်ထပ်တည်းကျမည့် U.S. chipping potatoes များကိုရရှိနိုင်သည်။

အာလူးပြားအမျိုးအစားများ
အမျိုးအစား | Gravity | အသီးသီးချိန် | သိုလှောင်နိုင်မှု | ပုံသဏ္ဍာန် | အခွံအရောင် | အတွင်းသားအရောင် |
ALTURAS | မြင့် | ကြာမြင့် | တိုတောင်း | လေးထောင့်စပ်ပုံ | အညိုရောင် | အဖြူ |
ANDOVER | အလယ်အလတ် | ရာသီဝက် | အလယ်အလတ် | ဘဲဥပုံ | အဖြူ | အဖြူ |
ATLANTIC | မြင့် | ရာသီဝက် | အလယ်အလတ် | ဘဲဥပုံ | အ၀ါနုရောင် | အဖြူ |
CHIPETA | မြင့် | ရာသီဝက်မှ နောက်ကျချိန်ထိ | အလယ်အလတ် | ဘဲဥပုံ | အဖြူမှ အညိုဖျော့ | အဖြူ |
DAKOTA PEARL | အလယ်အလတ်မှ မြင့်ထိ | ရာသီဝက် | ရှည်လျား | အ၀ိုင်းပုံ | အဖြူ | အဖြူ |
IVORY CRISP | မြင့် | ရာသီဝက် | အလယ်အလတ် | အ၀ိုင်းပုံ | အဖြူ | အဖြူ |
KENNEBEC | အလယ်အလတ်မြင့် | ရာသီဝက် | အလယ်အလတ် | ဘဲဥပုံ | အ၀ါနုရောင် | အဖြူ |
LACHIPPER | အလယ်အလတ် | ရာသီဝက် | တိုတောင်း | ဘဲဥပုံ | အဖြူ | အဖြူ |
MARCY | အလယ်အလတ်မြင့် | ရာသီဝက် | ရှည်လျား | ဘဲဥပုံ | အဖြူ | အဖြူ |
MEGACHIP | အလယ်အလတ်မြင့် | ကြာမြင့် | ရှည်လျား | ဘဲဥပုံ | အဖြူ | အဖြူ |
NORVALLEY | အလယ်အလတ် | ရာသီဝက် | အလယ်အလတ် | အ၀ိုင်းမှဘဲဥပုံ | အဖြူ | ကရင်မ်ရောင် |
NORWIS | အလယ်အလတ် | ရာသီဝက် | တိုတောင်း | ဘဲဥပုံ | အဖြူမှ အညိုဖျော့ | အ၀ါဖျော့ |
PIKE | မြင့် | ရာသီဝက် | အလယ်အလတ် | ဘဲဥပုံ | အ၀ါနုရောင် | အဖြူ |
REBA | အလယ်အလတ် | ရာသီဝက်မှ ကြာမြင့်ချိန်ထိ | ရှည်လျား | ဘဲဥပုံ | အဖြူ | အဖြူ |
SNOWDEN | မြင့် | ကြာမြင့် | တိုတောင်း | အ၀ိုင်းပုံ | အညိုဖျော့ | အဖြူ |