U.S. Potato Industry

ရေရှည်တည်တံ့နိုင်စွမ်း

အမေရိကန်အာလူးစိုက်ပျိုးသူများသည် ၄င်းတို့နောင်မျိုးဆက်တိုင်းတွင် ကောင်းမွန်သောသီးနှံများ စိုက်ပျိုးရရှိနိုင်ရန်အတွက် ရေရှည်တည်တံ့နိုင်မည့်စိုက်ပျိုးနည်းလမ်းများကိုသာအသုံးပြုကြသည်။ မြေဆီလွှာအား တစ်နှစ်ပတ်လုံး ထိန်းသိမ်းပြုပြင်ရန်လိုပြီး ထိုသို့ပြုပြင်ရာတွင် မြေဆီလွှာအတွက် လိုအပ်သောဓာတ်များထည့်ပေးခြင်း၊ အလှည့်ကျစိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းနည်းလမ်း များကိုအသုံးပြုသည်။ ထိုနည်းလမ်းများသည် မြေဆီလွှာပျက်စီးမှုကိုလျော့ကျစေပြီး မြေဆီလွှာ အတွက်လိုအပ်သော အာဟာရများကို သဘာဝအတိုင်းရရှိစေသည်။ ရေဓာတ်ရရှိစေရန်နှင့် ရေငွေ့ပျံခြင်းကိုလျော့ကျစေရန်အတွက် ရေပေးဝေမှုစနစ်ကိုလည်း အထူးဂရုပြုရန်လိုသည်။ Global Positioning Systems (GPS) စနစ်ကိုအသုံးပြုခြင်းသည် လယ်မြေ၏ စွမ်းအင်၊ရေ စသည့် အရာများအသုံးပြုရမှုကို လျော့ချပေးသည်။ အမေရိကန်ရှိအာလူးစိုက်ပျိုးသူများသည် ၄င်းတို့၏ အာလူးအရည်အသွေးကိုရှေးရှုကာ ဓာတုပိုးသတ်ဆေးများနှင့် ဓာတ်မြေသြဇာများကို အနည်းငယ်မျှသာ ဂရုပြုသုံးစွဲကြသည်။

Sustainability Farmer

အမေရိကန်အာလူးစိုက်ပျိုးသူများသည် အရည်အသွေးကောင်းအာလူးများကိုစိုက်ပျိုးနေချိန် တစ်ပြိုင်နက်တည်းမှာပင် ၄င်းတို့လယ်မြေ၏ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကာကွယ်ရန် အထူး သတိပြုကြသည်။ အမေရိကန်အာလူးစိုက်ပျိုးသူများ လတ်တလောအသုံးပြုနေသည့် ၀န်းကျင် ထိန်းသိမ်းရေးအလေ့အကျင့်များမှာ

  • Biotic စိုက်ပျိုးခြင်းနည်းလမ်း
  • မျိုးတူသီးနှံများစိုက်ပျိုးခြင်း
  • သဘာဝနည်းများဖြင့် ပိုးမွှားကာကွယ်ခြင်း
  • ပိုးမွှားကာကွယ်ခြင်း စီမံခန့်ခွဲမှုနည်းလမ်းများ
  • မထွန်ယက်ပဲ စိုက်ပျိုးခြင်း
  • သဘာဝမြေသြဇာအသုံးပြုခြင်း
  • အာဟာရလည်ပတ်စေခြင်း
  • သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူများဖြင့် စစ်ဆေးခြင်း

ရေရှည်တည်တံ့နိုင်စွမ်းရှိသည့် စိုက်ပျိုးရေးနည်းလမ်းများကိုသိရှိလိုပါက သင့်နိုင်ငံရှိ Potatoes USA ကိုယ်စားလှယ်ရုံးကို ဆက်သွယ်ပါ။